သမီးကိုပေးထားတဲ့ ကတိအတိုင်း ခရီးထွက်ဘို့ အကြောင်းပေါင်းစုံလာတော့ စင်ကာပူက လူသိများတဲ့ ခရီးသွားအေဂျင်စီ တခုမှာ သွားစုံစမ်းတဲ့ အခါ ကြိုတင်ပြီး ဘွတ်ကင်မလုပ်ထားတာရော မြန်မာပတ်စပို့ပါတာရောကြောင့် ဗီဇာလျှောက်ဘို့ အချိန်မမီတော့ဘူး ။ ဒါကြောင့် ဗီဇာလွတ်တဲ့ နိုင်ငံတွေမှာပဲ သွားလို့ရပါတယ်.... အဲဒီနိုင်ငံတွေကလဲအင်တာနက်မှာသာ မြင်ဘူးတာ တကယ်သွားမယ်ဆိုတော့ ဘယ်နိုင်ငံမှန်းမသိတော့ဘူး ...။ အေဂျင်စီက ကောင်မလေးကတော့ ပြောတယ် နင်ပြောတဲ့ နိုင်ငံတွေက ဒီပလိုမက်တွေ အတွက်ပဲ ဗီဇာ လွတ်တာ မြန်မာတိုးရစ်တွေ အတွက် ဗီဇာလွတ်တဲ့ နိုင်ငံက အင်ဒိုနီးရှားပဲ ရှိတယ်တဲ့
free and easy ရွေးမယ် ဆိုတော့လဲ ဗီဇာက မသေချာဘူး ။ အဲတာနဲ့ ရန်ကုန်ပြန်တိုင်းလေယာဉ်လက်မှတ်ဖြတ်တဲ့ ပင်နီစူလာက အမကြီးဆီကို အားကိုးတကြီးနဲ့ ချီတတ်လာခဲ့တယ် ။ သူကတော့ လိုချင်တဲ့ နိုင်ငံရဲ့ဗီဇာကို အမြန်လုပ်ပေးဘို့ တိုးရ်ကုန်မဏီတွေထက်စာရင် လွယ်တယ် ။ ဟိုဟာတွေက အဆင့်ဆင့်ကိုး ။ ဒါပေမယ့် ရတဲ့ရက်လေးကလဲ နည်းနည်းလေး ချက်ချင်းကလဲ သွားချင်တယ် ဆိုတော့ နောက်ဆုံး အဲဒီအမကြီးအကြံပေးချက်အရ ဘာလီကိုပဲ ရွေးခဲ့ရတယ် ။
အရှေ့တောင်အာရှ က မြန်မာပြည်ထက်ဘာပိုလှလို့လဲ ဆိုတဲ့ အစွဲနဲ့ မလေးထိုင်းအင်ဒို မသွားချင်ဘူးဆိုတဲ့ အစွဲကြောင့် သိပ်တော့ စိတ်မပါဘူး ။
နောက်ဆုံးတော့လဲ အားလုံးကပြောတဲ့ ဘာလီကိုပဲသွားဘို့ဖြစ်လာရတော့တာပေါ့နော် ။ စိတ်ထဲမှာတော့ အထင်နည်းနည်းမှ မကြီးဘူး :P
မလေးရှားလေယာဉ် ပျောက်ထားတာလဲ ရက်ပိုင်းပဲ ရှိသေးတယ် ပြီးခဲ့တဲ့ တပတ်က ချော်လဲ ထားလို့ မီးညှောင့်ရိုးကလဲ နာနေတယ် ။ သမီးအရမ်း သွားချင်နေလို့သာ လိုက်လာခဲ့ရတယ် လုံးဝ မပျော်ဘူး ။ လိမ်ပိန်တလိမ်နဲ့ အထုတ်ပြင်ရတော့တယ် ။
ဘာလီလေဆိပ်ကိုဆိုက်တော့ task တခု ပြီးသွားပြီ ဆိုတဲ့ စိတ်နဲ့ နည်းနည်းပေါ့သွားသေးတယ် ။ လေယာဉ်မှူးတွေ ဂေါက်နေရင် လေယာဉ်က အပျံစားဖြစ်နေလဲ သေမှာပဲလေ ။ အဟီးးး
ဘာလီလေဆိပ်က အသစ် ။ လေဆိပ်ထဲမှာ ချန်ဂီလို ခန်းလုံးပြည့်ကော်ဇောတွေ ခင်းထားပေမယ့် ဖုံတွေနဲ့ အဲကွန်းကလဲ မအေးဘူး ။ လေဆိပ်ထဲက ယူနီဖောင်းဝတ်တွေက ဟိုဘက်ကိုလာ ဒီဘက်ကို လာနဲ့ ခေါ်နေတာ မြင်တော့ မင်္ဂလာဒုံလေဆိပ်ကိုတောင် သတိရလိုက်သေးတယ် ။
ရောက်တာ မနက် ၉ နာရီလောက်ဆိုပေမယ့် နေပူတာ ကျဲတောက်နေတာပဲ ။ ကိုယ်တွေ အေးဆေးထွက်လာတာတောင် ဂိုက်က မရောက်သေးဘူး ။ လေဆိပ် အပြင်မှာပြင်ဆင်နေတာတွေ့ရတော့ မန်းတလေး နန်းတော်ကြီးတောင် သတိရမိသေး :P
ဘယ်နိုင်ငံက စုလစ်မွန်းချွန်ကို ဘယ်နိုင်ငံက ခိုးချလဲတော့ မသိတော့ဘူးကွယ် ။ ကြည့်ရတာ တူသလိုလိုပဲ ။
ဂို်က်ရောက်လာတော့ ပြောဆိုမိတ်ဆက်ကြတော့ အံ့သြသွားတယ် မြန်မာပြည်က ဂိုက်တွေကတော့ ဂိုက်ပေးကြမ်းတယ် ။ တချို့တွေဆိုရင် ဘိုလိုသိပ်ပြောပြီး ဝတ်တာစားတာ ဘိုလိုပဲ ။ ဘာလီဂိုက်ကတော့ ဘယ်လိုလဲ မသိဘူး အင်္ဂလိပ်လို ဂျိုကြိုး နားရွက်ပဲ့ပဲပြောတော့ ဟိုအမကြီး ငါတို့ကို နှပ်ပြီလို့ ထင်လိုက်မိတယ် ။ ဘာတွေ ပေါက်တောက်ကရကြုံမလဲ မသိဘူးလို့တော့ ပြင်ဆင်ထားတယ် ။ ရုပ်ကလဲ တောသူကြီးရုပ် ။
အမှန်ကတော့ free and easy ဆိုပေမယ့် ကိုယ့်စိတ်ကြိုက် လေယာဉ်နဲ့ ဟော်တယ် ရွေးရတယ် ။ ဂိုက်ကတော့ ကိုယ့်ကို ဘယ်တွေကို ပို့မယ်ဆိုပြီး သူ့ပက်ကေ့ခ်ျကို ကိုယ့်ကိုပြထားတာပေါ့နော် ။
သူက ကိုယ်တို့တည်းမယ့် ဟော်တယ် ကို လိုက်ပို့ပေးတယ် ။ နာမည်က Kartika Discovery Hotel တဲ့ ။ နိုင်ငံတကာ ဟောတယ်ချိန်းတွေ မကြားဘူးပေမယ့် ဘာလီမှာတော့ အနည်းဆုံး၂ ခု ရှိတယ် ထင်တယ် ။ ပြောတာကတော့ 4stars ပဲ ။
ဟော်တယ်ကို သွားတဲ့ လမ်းတလျှောက်မှာ လေဆိပ်ကနေ မြို့လည်ခေါင်ပေါ့နော် ။ လမ်းမကျယ် မတွေ့ရဘူး ။ အထပ်မြင့် ဆောက်အဦး ခန့်ခန့် ငြားငြားဘာမှ ငေးကြည့်စရာ မတွေ့ရဘူး ။
 |
ဖက်ရှင်ဆိုင် |
ဟော်တယ် ကြီးကတော့ အကျယ်ကြီးပဲ ။ ကိုယ်တို့ရောက်တာ ဘာလီနှစ်သစ်ကူးချိန် ဖြစ်နေတယ် ။ silence day တဲ့ ။ သူတို့ အထိမ်း အမှတ်ကတော့ ဘီလူးလိုလို အကောင်ကြီးတွေပဲ ။ ဟော်တယ် ပါလာထဲမှာ ဘီလူးရုပ်ကြီးတွေ ဖိုက်တင်ချနေတဲ့ ရုပ်တွေ ပြင်ဆင်ထားတယ် ။ ယာယီမှန်း သိသာတယ် ။ အရုပ်ကြီးတွေက အမြဲထားတဲ့ အရုပ်ကြီးတွေ မဟုတ်ဘူး ။ ဘီလူးဆိုတာ ဒါပါလားလို့ သိသွားတဲ့ အထိ လက်ရာတော့ မြောက်တယ် ။
ဟော်တယ် လောဘီကြီးက အကျယ်ကြီး နေပူလေပူတွေ အထဲထိရောက်အောင် အဲကွန်းခန်းကြီးနဲ့ မလုပ်ထားဘူး ။ တလဟောကြီး ။ ဟော်တယ်မှာ ချက်ကင် လုပ်လို့မရသေးပေမယ့် ပစ္စည်းတွေ အပ်ထားလို့ရတယ် ။ ဟိုကြည့်သည်ကြည့်လျှောက်ကြည့်ရင်း မြန်မာပြည်က အဆောက်အဦးတွေနဲ့ ယှဉ်ကြည့်မိနေတယ် ။ သစ်တွေ သုံးထားတာတွေ ဗိသုကာ finishing အပိုင်းတွေက မြန်မာ ပြည်ထက်သာတာ အမှန်ပဲ ။
 |
ဆူနာမီလာရင် တက်ပြေးဘို့ လမ်းညွှန် |
 |
surf board |
 |
hotel ဝင်းထဲမှာ တကယ်ကစားလို့ရတယ် |
|
|
ဟိုနောက်ဘက်ကမ်းနား အရိပ်ထဲမှာ ကျစ်ဆံမြီး မျိုးစုံကျစ်ပေးနေတဲ့ မိန်းမတွေ ရှိတယ် ။ ကျစ်ပီး ဂေါ်ကျတာပေါ့နော် ။ ဇိမ်ယူလို့ရတယ် ဟီး ။
 |
မာဆတ် လုပ်တဲ့ နေရာလေးတွေ |
 |
ကြမ်းခင်းကျောက်ပြားတွေထွက်တဲ့ နေရာလား မသိဘူး ပေါခြင်းသောခြင်း နေရာတိုင်းမှာ ကျောက်ပြားလှလှလေးတွေ ရှိတယ် |
 |
ဟော်တယ် လော်ဘီ ပူနွေးနွေးကနေ လှမ်းမျှော်ကြည့်လိုက်ရင် Kuta Beach ကို လှမ်းတွေ့နေရတယ် ။ |
 |
ရီဆက်ပရှင်က လူခေါ်တဲ့ မောင်း |
 |
သစ်သား အထူကြီးတွေ ပြောင်လက်နေတာ သဘောကျလို့ |
 |
ပူလောင်တဲ့ တိုင်းပြည်မှာ နေသူတွေ ဆိုတာ မျက်နှာကျက်ကို ပိုင်နိုင်နေရမယ် |
 |
သူတို့ရဲ့ လာဘ်ခေါ် ဖားရုပ်လေးတွေ |
 |
အိမ်သာထဲမှာ အဲကွန်းရှိလို့ သွားနှပ်နေတာ အဟီး selfie လေ |
ဟော်တယ်က ပိုင်တဲ့ ရှော့ပင်စင်တာကြီးက ဘေးကပ်ရပ်မှာ ရှိတယ် နေ့လည်စာလဲ သွားရှာစားရင်းနဲ့ လျှောက်ပတ်မယ် ဆိုပြီး နေပူကြီးထဲ ဟော်တယ်ထဲက ထွက်လာခဲ့တယ် ။
ရှော့ပင်စင်တာကြီးကလဲ အကျယ်ကြီးပဲ နေပူတော်က ရှော့ပင်စင်တာကြီးလိုပဲ ဒါပေမယ့် လူလဲ မရှိဘူး ။ နိုင်ငံတကာ ဘရန်းလဲ အလည်လတ်တန်းစားလေး တခု နှစ်ခုတော့ ရှိတယ် ။ တောင်ပံတခြမ်းလုံးကြီးနေရာယူထားတဲ့ ခရစ်ပါတိတ် Kris Batik ဆိုင်ကြီးတော့ရှိတယ် ။ ပါတိတ် နဲ့ ပတ်သတ်တာ အကုန်ရှိတယ် ။ လှလဲ လှတယ် စုံလဲ စုံတယ် ။ ဆော်ဗီနား အမှတ်တရ ပစ္စည်းတွေလဲ စုံတယ် ။ လက်ရာတွေ အရမ်းကောင်းတယ် ။ ဈေးကတော့ စလုံးနဲ့ သိပ်မကွာဘူး ။ ဒါကြောင့် မဝယ်သေးပဲ အောင့်ထားလိုက်တယ် ။ နောက်နေ့ ဂိုက်က လိုက်ပို့မယ် ပြောထားတယ် ။ ဈေးနှုန်းလေးတွေ မှတ်ထားလိုက်တယ် ။
ကျန်တဲ့ ဆိုင်တွေကတော့ ရန်ကုန်မှာ ခေတ်စားနေတဲ့ LV Prada Gucci ဘရန်းတွေ ရဲ့ အတုတွေ အများကြီးတွေ့ရတယ် ။ ဈေးတွေက ဆိုလိုက်တာ မြောက်နေရောပဲ ။ ဖေ့စဘွတ်မှာ တင် ရောင်းနေကြတာ ဈေးတွေပါ သိနေတာ မို့ ယောင်လို့တောင် ကိုင်မကြည့်နေတော့ဘူး ။
ဘာလီသားတွေ ဈေးတင်ချက်က လောဘ ကြီးလွန်းတယ် ။ အတော်သတိထားနေလို့တော်တော့တယ် ။
ရှော့ပင်းစင်တာထဲမှာ ဘိုက်ဆာလို့စားလိုက်မိတဲ့ ခေါက်ဆွဲဆိုင်ကလဲ ရွံစရာကြီး မကောင်းဘူး ။ သွားမစားကြနဲ့နော် ။ ကလေးပစ္စည်းရောင်တဲ့ ဆိုင်ကို သွားကြည့်တော့လဲ ဘာဘီရုပ်တွေက စင်ကာပူထက် ၂ဆလောက်ဈေးကြီးတယ် ။ စိတ်ထဲမှာ tourist spot လေ လို့ အကြိမ်ကြိမ်ရေရွတ်ပလိုက်တယ် ဟီးးး ။
အဲတာနဲ့ ဟော်တယ် ဘက်ကို ပြန်လာပြီး ဟော်တယ်ခန်းထဲ ချက်ကင်ဝင်ကြပြီး အထုပ်ချပြီးတော့ စိတ်ပူလူမောနဲ့ အိပ်ပျော်သွားတယ် ။
ပြန်နို်းလာတော့ ရေကူးဝတ်စုံလေးတွေ လဲပြီး ရေဆင်းကူးမယ် ဆိုပြီး ကမ်းခြေဘက်ကို ဆင်းလာခဲ့ကြတယ် ။ ဟော်တယ်က ဆင်းလိုက်တာနဲ့ ကျောက်တုံးကြီးတွေတန်းစီပြီး ကာတန်းထားတဲ့ တာကြီး တခု ကိုတွေ့ရတယ် ။ ဆူနာမီ လွယ်လွယ် မရောက်နိုင်အောင်လို့နေမယ် ။ ရေထဲရောက်ဘို့ အတော်လျှောက်ရမှာ ။ ရေက တိမ်ပါတယ် ။ ဒါပေမယ့် သဲက မီးခိုးရောင်ကြီးတွေ ဖြစ်နေတယ် ။ ချောင်းသာက သဲဖြူကျွန်းလေး ဘယ်လောက်လှတယ် ဆိုတာ သမီးလေးကို ရှင်းပြနေသေးတယ် ။ ရေထဲ ဆင်းကူးဘို့ စိတ်မပါတော့ဘူး ။ ကျောက်တုံးကြီးတွေကို ပထမတော့ ကွန်ကရစ်တုံးကြီးတွေ မှတ်နေတာ သေချာကြည့်တော့မှ ပင်လယ်ထဲက ဆယ်ထားတဲ့ သန္တာကျောက်တန်းကြီးတွေမှန်းသိတော့ နှမြောလိုက်တာ ။ အဲကျောက်တုန်းကြီးတွေမှာ ကပ်နေတဲ့ ရေသတ္တဝါလေး ဘယ်လောက် များပြားသလဲ ဆိုတာ ဓာတ်ပုံရိုက်လာခဲ့တယ် ။
 |
မီးခိုးရောင် နုန်းသဲမြေ |
 |
ဟော်တယ်က အထွက် တာရိုးတလျှောက်ရှိ အခြားဟော်တယ်များ |
 |
Add caption |
 |
ဒါတတုံးပဲ ရှိသေးတယ် အားလုံးသေနေပြီ |
 |
ပင်လယ်ရေစပ်မှာ တင်ရှိနေတဲ့ သန္တာကျောက်တန်း အပျက်အစီးများ |
 |
နေရာတိုင်းမှာ ( သမီးက ခုလေးတင်ကျောင်းမှာ သန္တာကျောက်တန်းတွေအကြောင်းသင်လာလို့ နှမြောနေတယ် ) |
 |
ဂလောက်ကတော့ ချောင်းသာက ပျင်းသေးတယ်အေ |
 |
ဘာလီထွက် ဟုတ်ပုံမရဘူး တသည်ပဲ ရှိတယ် |
 |
ဟော်တယ်ရှေ့က သဲခုံ |
 |
ပင်လယ်ထဲက ကျောက်တုံးကြီးတွေနဲ့ ကာထားတာ |
 |
ကလေးရေကူးကန် |
 |
လူကြီးရေကူးကန် |
 |
ဟော်တယ်က ရေက ပုလင်းနဲ့ သောက်ကြည့်တော့ အရသာ မပေါ့ဘူး |
 |
လူကြီးရေကူးကန် |
 |
ဟော်တယ်ကနေပင်လယ်ကို ဆင်းတဲ့ မုဒ်ဦး |
 |
ညစာ ဘူဖေးစားမယ့် အီတလီ စားသောက်ဆိုင် |
ပင်လယ်ရေအရောင်နဲ့ သဲနုန်းတွေကြည့်ပြီး ဟော်တယ်က ရေကူးကန်မှာပဲ ရေပြန်ကူးကြလေသတည်း ။
ဆက်ရန်
:D >.<
ဖတ်ပြီးပြီ.. မြန်မြန်ဆက်ရေးပါ..
ReplyDeleteဘာလီဆိုရင် ရိုမဲန့်တစ်ဆန်ဆန်လေးပဲ မြင်နေတယ်
လာမယ်နော် ရိုမန်တစ်တဲ့ ကိစ္စတွေ မျှော်.... :D :D
ReplyDeleteဒီ ၂ ရက်မှာ ၂ ပို့စ်ရေးထားတာပဲ ... မြန်မာပြည်မှာတော့ ကိစ္စ၀ိစ္စတွေ များမြောင် သတင်းတွေ မကောင်းလို့ စိတ်ရှုပ်နေရတယ် အမရေ
ReplyDeleteဘာသတင်းတွေလဲ ငယ် ပြောပြဦးလေ ပို့စ်တွေလဲ ရေးပါဦး
ReplyDeleteဗီဇာမလိုတဲ့ ဗီယက်နမ်ကိုတော့ လာမလည်ဘူး...ဟွန့် 
ReplyDeleteနင်အိမ်ပြောင်းနေတော့ အားနာလို့လေ
Delete