Posts

Showing posts from March, 2014

ပိုလာဘာလီ ( Palau Bali ) Kuta Beach + Discovery Kartika Hotel

Image
ရေကူးကန်ထဲ ဆင်းလာတော့ သတိထားမိတာ ကန်ကိုကြွေပြားတွေနဲ့ အလှဆင်ထားတာ မဟုတ်ဘူး ။ သဘာဝ ကျောက်ပြားတွေ ခင်းထားတော့ အပြာရောင်တို့ ဘာတို့တော့ မဟုတ်ဘူး ။ စိမ်းရင့်ရောင်လေးဖြစ်နေတယ် ။ ကန်လယ်လောက်မှာ ဘားရှိတယ် ။ ဘိုတသိုက် ဖန်ခွက်လေးတွေ ကိုယ်စီနဲ့ ဟေးလားဝါးလားပဲ ။ လွပ်လပ်စွာ အာကျယ်ကျယ်နဲ့ ရီမောနေကြတယ် ။ သူတို့ အတွက် အကြိုက်ဖြစ်နေမှာပဲ ။ကောက်တေး သောက်မလားတို့ ဘာတို့ ဘာမှ လုပ်ချင်စိတ်မရှိဘူး ။ ခုထိ ပျော်စရာ တခုလို မမြင်သေးဘူး ။ ကန်ဘေးနားမှာ ကိုယ်ပတ်တဲ့ ပုဝါအကြီးတွေ ငှားတဲ့နေရာရှိတယ် ။ ဟော်တယ် ကဒ်မပါရင် ငှားလို့မရဘူး ။ လာတည်းတဲ့သူတွေ အတွက် ဂိမ်းတွေ ဆော့ပေးတဲ့ အစီစဉ်တွေ ရေးထားတဲ့ ဘုတ်ကိုတွေ့တယ် ။ ရက်ကြာနေသူတွေ အတွက်တော့ မိုက်တယ် ။ ဘာလီအက ကနည်း ။ ဘာလီစကားပြောနည်း ဖရီးသင်ပေးတာ ။ တခြားဂိမ်းတွေလဲ ရှိတယ် ။ ဘိုတယောက်က အော်လိုက်တယ် "ငါဝယ်လာတယ် Oakley ကွ ၁၀ပဲ တဲ့ ဟားဟားတဲ့ " လက်ထဲက မျက်မှန်ကိုမြှောက်ပြီးပြောနေတယ် ။ ကန်ထဲက လူတွေကလဲ လက်မတွေ လှမ်းထောင်ပြလိုက်တယ် ။ နေကာမျက်မှန်တွေ ရှော့ပင်းစင်တာထဲတွေ့လိုက်တယ် ။ တံဆိတ်အစုံပဲ ။ ပေါတာလေး တခုလောက် ဝယ်တတ်ချင်တာ ပြန်သာလာရော မဝယ်လို

ပိုလာဘာလီ Palau Bali ( Ngurah Rai Airport + Kuta )

Image
သမီးကိုပေးထားတဲ့ ကတိအတိုင်း ခရီးထွက်ဘို့ အကြောင်းပေါင်းစုံလာတော့ စင်ကာပူက လူသိများတဲ့ ခရီးသွားအေဂျင်စီ တခုမှာ သွားစုံစမ်းတဲ့ အခါ ကြိုတင်ပြီး ဘွတ်ကင်မလုပ်ထားတာရော မြန်မာပတ်စပို့ပါတာရောကြောင့် ဗီဇာလျှောက်ဘို့ အချိန်မမီတော့ဘူး ။ ဒါကြောင့် ဗီဇာလွတ်တဲ့ နိုင်ငံတွေမှာပဲ သွားလို့ရပါတယ်.... အဲဒီနိုင်ငံတွေကလဲအင်တာနက်မှာသာ မြင်ဘူးတာ တကယ်သွားမယ်ဆိုတော့ ဘယ်နိုင်ငံမှန်းမသိတော့ဘူး ...။ အေဂျင်စီက ကောင်မလေးကတော့ ပြောတယ် နင်ပြောတဲ့ နိုင်ငံတွေက ဒီပလိုမက်တွေ အတွက်ပဲ ဗီဇာ လွတ်တာ မြန်မာတိုးရစ်တွေ အတွက် ဗီဇာလွတ်တဲ့ နိုင်ငံက အင်ဒိုနီးရှားပဲ ရှိတယ်တဲ့ free and easy ရွေးမယ် ဆိုတော့လဲ ဗီဇာက မသေချာဘူး ။ အဲတာနဲ့ ရန်ကုန်ပြန်တိုင်းလေယာဉ်လက်မှတ်ဖြတ်တဲ့ ပင်နီစူလာက အမကြီးဆီကို အားကိုးတကြီးနဲ့ ချီတတ်လာခဲ့တယ် ။ သူကတော့ လိုချင်တဲ့ နိုင်ငံရဲ့ဗီဇာကို အမြန်လုပ်ပေးဘို့ တိုးရ်ကုန်မဏီတွေထက်စာရင် လွယ်တယ် ။ ဟိုဟာတွေက အဆင့်ဆင့်ကိုး ။ ဒါပေမယ့် ရတဲ့ရက်လေးကလဲ နည်းနည်းလေး ချက်ချင်းကလဲ သွားချင်တယ် ဆိုတော့ နောက်ဆုံး အဲဒီအမကြီးအကြံပေးချက်အရ ဘာလီကိုပဲ ရွေးခဲ့ရတယ် ။ အရှေ့တောင်အာရှ က မြန်

နနွင်း + နွားနို့ ဖျော်ရည် အကောင်းဆုံးအိပ်ယာဝင် relaxant

Image
အိန္ဒိယလူမျိုးတွေ မှာ အနောက်တိုင်း အရှေ့တိုင်း နိုင်ငံပေါင်းစုံနဲ့ မတူတဲ့ ဆေးဘက်ဆိုင်ရာ အယူဝါဒတွေ ကြွယ်ဝတယ် ။ သူတို့ဆီက ဆေးနည်းများစွာမှာ ထိပ်ဆုံးမှာ နံပါတ်တစ်နေရာ မှာ ရှိနေတဲ့ ဆေးတပါးကတော့ နို့နနွင်းပါပဲ ။  နနွင်းဟာ ခန္ဒာကိုယ်နာကျင် ပင်ပန်းခြင်း ၊ဖျားနာကိုက်ခဲခြင်း ၊ အလုပ်ပင်ပန်းခြင်းတို့ အတွက် အထူးကောင်းမွန်တဲ့ ဓာတ်စာ ဖြစ်ပါတယ် ။ အဆစ်မြစ်ယောင်နေတာတွေရှိရင် ဆေးသောက်စရာ မလိုပဲ ပျောက်သွားမှာပါ ။ အစာအိမ်အချဉ်ပေါက်နေတာတွေ အစာမကြေဖြစ်နေတာတွေ အတွက်လဲ အလွန်ကောင်းတဲ့ ဆေးတပါးပါ ။ ဘိုက်ပြည့်ဘိုက်ကယ်နေတာတွေ အတွက်တော့ နတ်ဆေးတပါးပါပဲ ။  တခါတလေ ဘိုက်ပြည့်ဘိုက်ကယ်တာ နေရထိုင်ရခက်တဲ့ အပြင် လေးလံ ထိုင်မှိုင်းပြီး မပျော်တဲ့ ရောဂါ ကို ခံစားရပါတယ် ။ လူကြည့်လိုက်ရင်လဲ ဖြတ်လတ်မှုမရှိပဲ ဘိုက်ကြီးပူပြီး အပင်ပန်းမခံနိုင်ဘူး ။ ဒါဆိုရင် နို့နနွင်းသောက်ပါ ။ အစာအိမ်တွင်းမှာ ရှိတဲ့ အပူနာတွေကိုလဲ သက်သာပျောက်ကင်းစေပါတယ် ။ မေ့လျော့ခြင်းများ ကိုလဲ သက်သာလာစေပါတယ် ။ သဘာဝ အယောင်ကျဆေး ၊ သဘာဝ အင်တီဘိုင်အိုးတစ် ၊ သဘာဝအနာကျက်ဆေး ၊ သွေးသန့်ဆေး ၊ အသားအရေအတွက်အားဖြည့်ဆေး လဲဖြစ်ပါတယ် ။ ချောင်းဆိုးခြင်း

အော်ဂဲနစ် ရောဂါ

Image
မွေးရပ်မြေ အဖြစ် ငယ်ဘဝထဲ က ၇တန်း အထိနေခဲ့တဲ့ စစ်တောင်းမြစ်ဘေးက မဒေါက် ဆိုတဲ့ မြို့လေးမှာနေတုန်းက သဘာဝရဲ့ အရသာကို ပြည့်ပြည့်ဝဝ ခံစားခဲ့ဘူးတယ် ။ ကြာခဲ့ပြီဆိုပေမယ့် လတ်ဆတ်တဲ့ အစား အသောက်ဆိုတာ မစားရလေ ပိုစားချင်လေ ။ မစားဘူးတဲ့သူတွေ အတွက် အထူးအဆန်း မဟုတ်ပေမယ့်  လတ်ဆတ်တဲ့ အရသာကိုစားဘူးတဲ့ သူတွေ အတွက် တမ်းတချက် ဘယ်လောက် နက်ရှိုင်းတယ် ဆိုတာ အဟဲ...... များသွားပြီ ထင်တယ် ....။ ငါကွ ဘလော့ဂါ....။ ညနေစောင်းပြီ ဆိုရင် တံငါသည် ဘကြီးတွေ ထမ်းလာတဲ့ ငါးဘတ်ကြီးတွေ ဆိုတာ သူတို့ အရပ်နဲ့ အညီ အကောင်ကြီးကြီးတွေ ။ ငါးဘတ်ပုတ်မွှေလို့ အမေခေါ်တဲ့ ဟင်းက မပုတ်ပဲ ချိုအိ လတ်ဆတ်နေတာပဲ ။ငါးလင်ပန်းဆိုတာကြီးတွေကျတော့ ဗန်းထဲထည့်ခွေလာရင် တဗန်းအပြည့်ပဲ ။ဝါးနှီးကြိုးတွေနဲ့ ထိုးဖောက်ချုပ်ပြီး အခွေလိုက် ထင်းမီးဖို ခေါင်မိုးမှာရှိတဲ့ ဝါးဆိုင်းစင်လေးပေါ်မှာ သုံးလေးရက်လောက် ကျပ်ကင်ပြီး နောက် ကြက်သွန်နီ အကွင်းလိုက်နဲ့ ငရုတ်ခွဲခြမ်းနဲ့ ကြော်ပေးရင် ငရုတ်သီးကလဲ ချိုတယ် ။  ကြက်သွန်ကလဲ ချိုတယ် ။ ငါးလင်ပန်းကြပ်တိုက်ကလဲ ချိုပြီးမွှေးတယ် ။ ထမင်းဖြူလေးနဲ့ဆို တခြားဘာမှ မပါပဲကို အရမ်းစားကောင်းတယ် ။ မဒေါက်ကို အလည်ရောက်