Posts

Showing posts from October 31, 2013

၄၃

Image
ဒီနေ့ မွေးနေ့ ။ အသက်ကြီးလာတာနဲ့ အမျှ ကျမရဲ့ အယူအဆလေးတွေ နည်းနည်းခြင်းပြောင်းလဲလာခဲ့ပါတယ် ။ ဟိုအရင်တုန်းကတော့ မွေးနေ့ကို အမှတ်တရနေ့တခု ဖြစ်စေချင်ခဲ့ပေမယ့် ဒီတနှစ်မှာတော့ တနေ့တခြား ဗာရီဟတွေ များလာတဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို တကူးတက အလုပ်မရှူပ်စေချင်ဘူး ။ တာဝန်ကြီး တရပ်လိုလဲ မဖြစ်စေချင်တဲ့ စိတ်တွေနဲ့ ခပ်ရှိုရှိုပဲနေခဲ့ပါတယ် ။ အသက်ကြီးလာတာကို မေ့ထားချင်တာလဲ ပါပါတယ် :D ။ ဒါကြောင့် အလွန့်အလွန် ညီအမလိုရှိတဲ့ မိတ်ဆွေ တယောက် နှစ်ယောက်ကလွဲလို့ ကျမဝေါကို ပိတ်ထားခဲ့တယ် ။ မချစ်လို့တော့ မဟုတ်ဘူး ။ သူငယ်ချင်းတွေ အယောက်တိုင်းကို ရတနာတွေလို တန်ဘိုးထားပါတယ် ။ ဝေါကြီး ဖွင့်ပြီးတော့ လဲ Make sense လဲ မလုပ်ချင်ဘူး.... နာမည်ရင်းကြီးနဲ့ ဖွင့်ထားတဲ့ အကောင့်ရင်းကြီးမှာ မရင်းနှီးသူတွေကလဲ အများကြီး ကိုယ့်ကိုခင်တဲ့သူရော မခင်တဲ့သူရော ရောနှောနေတာဆိုတော့ ဘယ်သူ့ကိုမှ အနှောင့် အယှက် မဖြစ်စေချင်တော့ဘူး ။ နောက်တခုက တဖြည်းဖြည်းနဲ့ ကျမရဲ့ နယ်ပယ်လေးကို ကျဉ်းလာစေချင်တယ် ။ အဓိကကတော့ အရင်လို အေးချမ်းတဲ့ အိမ်တွင်းပုန်းဘဝလေးကို ပြန်လိုချင်လာလို့ပါ ။ ဒါပေမယ့် ကျမကို တကယ် အလေးထားတဲ့ မိတ်ဆွေ တချို့ရဲ့