Posts

Showing posts from April 27, 2014

မင်္ဂလာရှိသော အချစ်ဆုံးသူရဲ့ မွေးနေ့

Image
သမီးမွေးနေ့ကို စင်ကာပူပြန်ရောက်ပြီး မူကြို နဲ့ ပထမတန်းက သူငယ်ချင်းတွေ ရော ဆရာဆရာမအရင်းတွေရော ဖိတ်ပြီး ပါတီလေး လုပ်မလို့ကြိုတင် ကြံစည်ထားပေမယ့် မလုပ်တော့ဘူး ။ တလလောက်ကြိုပြီး စီစဉ်မလို့ ကျမ တယောက်ထဲ မလုပ်တတ်တာနဲ့ နောက်ကျပြီး ဘာမှ ဘွတ်ကင်မလုပ်မိလိုက်ဘူး ။ အဲတာလဲ ကောင်းပါတယ် ။ သမီးလေးကလဲ လိမ်မာတယ် ။ သမီးကြီးမှ ပါတီ လုပ်မယ်တဲ့ ။ ခုတော့ သူ့အတွက် လက်ဆောင် ကောင်းကောင်းလေး တခုပဲ ဝယ်ပေးလိုက်တယ် ။ သူ့ဘဝ အတွက် ရှေ့ရေးမှာ သုံးလို့ရအောင်လို့လေ ။ :) ဒီမွေးနေ့လေးမှာ သမီးလေး အတွက်အဓိပ္ဗါယ်ရှိတာလေးတွေ လုပ်ဖြစ်တယ် ။ အမှတ်တရ အနေနဲ့ ဘလော့မှာ မှတ်တမ်းတင်ထားဘို့တော့ ဒိတ်ယူထားလိုက်တယ် ။ ဒါပေမယ့် အားပြီး စိတ်လိုလက်ရရှိမှ ပဲ ရေးတော့မယ် ဆိုပြီး ခဏထားလိုက်တယ် ။ ဒီနှစ်သမီးလေး သိသိသာသာ ထွားလာတယ် ။ သူ့ရဲ့ အသုံးအဆောင် ပစ္စည်းလေးတွေကလဲ လူကြီးထက်တောင် များလာပြီ ။ စာအုပ်ကလဲ ကြိုက်တတ်တော့ စာအုပ်တွေဆိုလဲ အများကြီးဖြစ်နေပြီ ။ သူ့အတွက် ဘေဘီကော်နာလေး တခုတော့ လုပ်ပေးမှ ရတော့မယ် ။ နို့မို့ရင် တအိမ်လုံးသူ့ဟာတွေချည်းဖြစ်နေပြီ ဆိုပြီး အဲအတွက်ကို ကျကျ နန စိတ်ရောက်နေတာနဲ့ ဘလော့ဘက် မလှည့်ဖြစ်ဘူး ။ စာအုပ်စဥ