Posts

Showing posts from November 17, 2018

ဖာဘယ်ဂျေးရဲ့ရတနာစီခြယ် အီစတာဥများ -၎

Image
သားနီကိုလပ်စ်က ဖခင်နတ်ရွာစံပြီးနောက်မှာ ဘုရင်ဖြစ်လာခဲ့တယ် ။ သူ့ချစ်သူအဲလက်စ်ကို ပထမဆုံး လက်ဆောင်ပေးတဲ့ တော်ဝင် ကြက်ဥလေးကို Rose Bud နှင်းဆီဖူးလေးလို့ခေါ်တယ် ။   ဖိပိတ်ရတဲ့ အဖုံးလေးကို ဖွင့်လိုက်ရင် အဝါရောင် ကြွေဆေးသုတ်ထားတဲ့ နှင်းဆီဖူးလေးထွက်လာတယ် ။ နှင်းဆီဖူးအဝါလေးကိုဖွင့်လိုက်ရင် အထူးအဆန်းလေး နှစ်ခုကျလာတယ် ။ ဘာတွေလဲ ဆိုတော့ တစ်ခုက စိန်တွေ ပတ္တမြားသေးသေးလေးတွေနဲ့ စီခြယ်ထားတဲ့ ပေါင်းမိုးခုံးပုံစံ သရဖူလေးရယ် ပြီးတော့လုံးချောသွေးထားတဲ့ပတ္တမြား လော့ကတ်သီးလေးတစ်ခုပဲဖြစ်တယ်။ နှင်းဆီဖူးလေးက ဘုရင်သစ်နစ်ကိုးလပ်စ်ရဲ့ လက်ထက်မှာ ပွင့်လန်းတိုးတက်လာမယ့်ရုရှားပြည်ကြီးရယ်၊ သူတို့နှစ်ယောက်ရဲ့ အချစ်ရယ်ကို ရည်ရွှန်းပြီး သရဖူကတော့ နစ်ကိုးလပ်စ် နန်းတက်တာကို ရည်ရွှန်းတယ်လို့ဆိုတယ်။ ဒါပေမယ့်ပေါ့--- သမိုင်းမှာ ရုပ်ဆိုးခဲ့တဲ့ နန်းတက်ပွဲကြီး နီကိုလပ်စ်နဲ့ အဲလစ်စ်တို့ မင်္ဂလာဆောင်ပြီးနှစ်နှစ်အကြာမှာ နန်းတက်ပွဲကို ၁၈၉၆ မှာအကြိးအကျယ် ကျင်းပတယ်။ ဘုရင် အလက်ဇန်းဒရား သေဆုံးပြီး နောက်ထပ်ဘုရင်အသစ်တတ်တဲ့ သမိုင်ဝင်ပွဲကြီးကို ကရင်မလင်နန်းတော်ဝင်းကြီးထဲက ဘုရားကျောင်းကြီးထဲက Kodynka ကွင်းကြီးထဲ