Posts

Showing posts from January 27, 2015

သံဘယ်လိုချမလဲ

Image
နည်းလမ်း ၁- ဆေးသောက်ခြင်း   ( ၁ ) albendazole ဒြပ်ပေါင်းပါသောဆေး   အယ်လ်ဘင်ဒါဇိုးလ် ဒြပ်ပေါင်းပါသောဆေးသည် ခန္ဓာကိုယ်တွင်းမှာ ရှိသော သံကောင် တုတ်ကောင်များ ကြီးထွားခြင်း ပွားများလာခြင်း တို့ကို ထိန်းချုပ်သည်သာမက ရှိပြီးသားအကောင်များကိုပါသေစေနိုင်သည် ။ များသောအားဖြင့် ဆရာဝန်က လုံးဝကင်းစင်စေရန် နှင့် ပြန်မကူးစက်စေရန် ထိုဆေးအားတနှစ်ခန့် ပေးတတ်သည် ။ အစာနှင့် တွဲဘက်စားသင့်သည် ။ ကိုယ်ဝန်ဆောင်နှင့် နာတာရှည်ရောဂါသယ်များ သွေးအားနည်းသူများ မသောက်သင့်ပါ ။ ဆရာဝန်၏ညွှန်ကြားချက်အတိုင်းသောက်ပါ ။ ( ၂ ) pyrantel pamoate. တုတ်ကောင်များနှင့် သံချိတ်ကောင်များအတွက်အဓိကထားသုံးသည် ။တုတ်ကောင် သံချိတ်ကောင်တို့၏ အာရုံစနစ်ကို တိုက်ခိုက်ပြီး သေဆုံးစေသည် ။သေဆုံးသွားပါက မစင်မှ တဆင့် အခက်ခဲမရှိကျဆင်းသွားနိုင်သည် ။ တလုံးထဲသာသောက်ရသောဆေးမျိုးဖြစ်သည် ။ ကိုယ်ဝန်ဆောင်သည်နဲ့ အသည်းမကောင်းသူများ မသောက်သင့်ပါ ။ ဆရာဝန်ညွှန်ကြားချက်အတိုင်းသာသောက်သင့်သည် ။ ( ၃ )  mebendazole . မီဘင်ဒါဇိုးလ်သည် သံကောင်အကြီး သံချိတ်ကောင် တုတ်ကောင်နှင့် သံပြားကောင် တို့အတွက် သောက်သုံးသ