Posts

Showing posts from January 26, 2015

သံကောင် တုတ်ကောင် လျှော့မတွက်စေလို

ခန္ဓာကိုယ်ထဲမှာရှိနေတတ်တဲ့ တုတ်ကောင်သန်ကောင်တွေ နဲ့ပတ်သတ်သမျှဟာ အမေရိကန်မှာတော့ ကူးစက်ရောဂါအဆင့်အထိ သတ်မှတ်ထားပါတယ် ။ အမေရိကန်လူမျိုး ၈၅% ရဲ့ ဝမ်းထဲမှာ တုတ်ကောင်သန်ကောင် ပိုးများကူးစက်ခံနေရပါတယ် ။ ဒါကြောင့်မို့ ဆေးပညာရှင်တွေက ခြောက်လတစ်ခါ သံချဘို့ ၊ စားသောက်ဆိုင်ရွေးစားဘို့ နဲ့ အိမ်မွေးတိရစ္ဆာန်လေးများကို ကိုင်တွယ်ပြီးတဲ့အခါတိုင်း သေချာဆေးကြောဘို့ အကြံပေးထားပါတယ် ။ ဖြစ်ချင်တော့ ခန္ဓာကိုယ်ထဲက ကပ်ပါးပိုးကောင်တွေနဲ့ပတ်သတ်လို့ ဆရာဝန်တော်တော်များများ သေသေချာချာ မလေ့လာထားကြပါဘူး ။ အလွန်အရေးကြီးတဲ့ အဆင့်ရောက်ပြီး ကပ်ပါးကောင် သန်ကောင်တွေကို မျက်စေ့နဲ့ တတ်အပ် မြင်ရလောက်တဲ့အခြေနေကျမှသာ သိကြရတာပါ ။ လူတိုင်းဟာ နေ့စဉ်ဘဝ လူနေမှု မှာကပ်ပါးကောင်များ ခန္ဓာကိုယ်တွင်းဝင်ရောက်ကူးစက်နိုင်ခွင့်နဲ့ အမြဲကြုံတွေ့နေကြရပါတယ် ။ ဒါပေမယ့် လူတော်တော်များများကတော့ ပုံမှန်ပဲလို့ မှတ်ယူတတ်ကြပါတယ် ။ ကပ်ပါးကောင် သံကောင် တွေကြောင့် မအီမသာဖြစ်တာတွေကိုလဲ နေ့စဉ်ဘဝမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သာမာန် နေမကောင်းတာတွေလို့ပဲ မှတ်ယူခဲ့ကြပါတယ် ။ ကပ်ပါးကောင်သံကောင်တွေကြောင့် ကိုယ်တွင်းအခြေအနေပျက်စီးခြင်းက အတိုင်း