Posts

Showing posts from September 4, 2013

Percy Jackson and the lighting thief ( 1 )

Image
ဂိုးလ်ဒင်းဂိတ် တံတားကြီးအနီးမှာ ရှိတဲ့ ဆိပ်ခံတံတားလေး ဘေးက ရေပြင်ကြီးထဲကနေပြီး  ဘွားကနဲ ကြီးမားတဲ့ လူကြီးတယောက် ပေါ်လာတယ် ။  အံ့သြမင်သက် သွားတဲ့ ငါးဖမ်းသမားကြီးကို တချက်ကြည့်လိုက်ပြီး ကြီးမားတဲ့ လူကြီးဟာ တံတားပေါ်ကို ခြေထောက် တဘက်နဲ့ အသာလေးလှမ်းတက်လာတယ် ။ သူရဲ့ ဝတ်စားဆင်ယင်ပုံက ရှေးခေတ် ဂရိ လူမျိုးတွေလိုပဲ ။ တံတားပေါ်ရောက်တဲ့ အချိန်မှာ တဖြေးဖြေးနဲ့ လူသာမာန် အရွယ်အစားနဲ့  ခေတ်ပေါ် အဝတ်အစားတွေ ဝတ်ဆင်လျက် အလိုအလျောက် သာမာန်လူ ပုံစံကို ပြောင်းလဲသွားတယ် ။ နောက်တော့ ဒီလူဟာ အင်ပါယာစတိတ် အဆောက်အဦကြီးရဲ့ အပေါ်ဆုံးထပ် 102 ထပ် ရှိတဲ့ ဆီကို ရောက်လာပါတယ် ။ အဲဒီမှာ စောင့်နေတဲ့ သူကလဲ ယနေ့ခေတ် ဝတ်စားပုံမျိုးနဲ့ ပဲ ။ သူက Zeus ဆိုတဲ့ နတ်မင်းကြီး ။ ဇုဇ်ကမေးလိုက်တယ် "ပါဆီ ခိုးသွားတဲ့ ငါပိုင်တဲ့ ဝရဇိန်လက်နက် thander bolt ကို အမြန် ပြန်ပေးခိုင်းပါ ။ မပေးရင် သူ့ကို သတ်ပစ်မယ် "တဲ့ ။ အဲဒီအခါမှာ ပါဆီရဲ့  အဖေဖြစ်တဲ့  ရေထဲက တတ်လာတဲ့ ရေနတ်မင်းက လူယောင်ဆောင်လာတဲ့ Poseidon ပွေစိုက်ဒွန် ဆိုတဲ့သူ ။  သူကပြန်ပြောလိုက်တယ်..... " ပါဆီကို မထိနဲ့ ငါသူ့ကို ဖြောင့်ဖျမယ် " လို့ ပြောလို