Posts

Showing posts from November, 2018

ဖာဘယ်ဂျေးရဲ့ ရတနာစီခြယ် အီစတာဥများ - ၉

Image
Alexander III Equestrian (Fabergé egg) နီကိုလပ်စ်ရဲ့ ဖခင် ဒုတိယနောက်ဆုံးဇာဘုရင် အလက်ဇန်ဒရား နံပါတ်သုံး Alexander III ရဲ့ မြင်းစီးရုပ် ဥ ဖြစ်ပါတယ် ။ ၁၉၁၀ ခုနှစ် အီစတာမှာ မယ်တော် အတွက်လက်ဆောင်ပါ ။ ဥတလုံးလုံးကိုသလင်းကျောက်ကနေသွေးယူထားတာပါ ။ သလင်းကျောက် ဥခွံပေါ်မှာ လော်ရယ်လို့ အင်္ဂလိပ်လိုခေါ်တဲ့ လေးညှင်းရွက်လေးတွေကိုမှိန်မှိန်လေး ထွင်းထားတယ်  ။ အပေါ်ပိုင်းတဝက်လောက်ကို ပလက်တီနမ်နဲ့ ရာဇမတ်ကွက်ကာအုပ်ထားပြီး အနားသီလေးတွေက တွဲရရွဲကျနေပါတယ် ။ ဘေးတဖက်တချက်စီမှာတော့ ဦးခေါင်းနှစ်လုံး စိန်သရဖူးဆောင်းလင်းယုန်ငှက်နှစ်ကောင်က ဝန်းရံထားတယ် ။ 1910 လို့အသားပေါ်မှာရေးထွင်းထားတဲ့ စိန်ကြီးတလုံးက ဥရဲ့ထိပ်မှာ တည်ရှိနေတယ် ။ စိန်လုံးကြီးရဲ့ ပတ်လည်မှာ နှင်းစီးသေးသေးလေးတွေရယ် ဂန္ဒမာပန်းအရွက်လေးတွေရယ် ပတ်ဝိုင်းစီထားတယ် ။ အထဲမှာတော့ ဆပရိုက်စ်တော့ မဟုတ်ဘူး နီကိုလပ်စ်ရဲ့ အဖေ ဇာဘုရင်အလက်ဇန်ဒရား နံပါတ်သုံးမြင်းစီးရွှေရုပ်တုကို နက်ရိုက်ကျောက်စိမ်းအပြာတောက်တောက်ခုံလေးပေါ်တင်ထားတယ် ။ အဲဒီခုံအပြာလေးကိုလဲ စိန်တန်းလေးနှစ်တန်းကွပ်ထားတယ် ။ ဖာဘယ်ဂျေးရဲ့ လက်မှတ်ကို ထွင်းထားတယ် ။  ဒေါက်အဖြစ်နဲ့ ပလက်တီ

ဖာဘယ်ဂျေးရဲ့ ရတနာစီခြယ် အီစတာဥများ - ၈

Image
Bouquet of Lilies Clock (Fabergé egg) လီလီပန်းစည်းနာရီ ဥကလဲ နီကိုလပ်စ်က အဲလက်စ်ကို ၁၈၉၉  အီစတာလက်ဆောင်အနေနဲ့ပေးတာပါ ။ ဥရဲ့ကိုယ်ထည်တစ်ခုလုံးကိုစိန်အတန်းတွေနဲ့ ၁၂ပိုင်းခြားထားပြီး ခါးနေရာကနေ စိန်စီထားတဲ့ရိုမန်ဂဏန်းများနဲ့ နာရီက အဝိုင်းပတ်လည်ပြီးအချိန်ကိုပြပါတယ် ။ စိန်စီထားတဲ့လေးတင်ထားတဲ့မြားလေးရဲ့ ထိပ်က ဘယ်နှစ်နာရီရှိလဲ ဆိုတာကို ညွှန်ပြပါတယ် ။ ရွှေအိုရောင်အောက်ခြေခုံမြင့်လေးကို ရွှေနှင်းဆီပန်းဆိုင်းများနဲ့ အလှဆင်ထားပြီး ပြုလုပ်သည့် ခုနှစ် ၁၈၉၉  ကိုတပ်ဆင်ထားတယ် ။ အဖြူရောင် မဟူရာနဲ့လုပ်ထားတဲ့လီလီပန်းကလေးများက နီကိုလပ်စ်ရဲ့ အဲလက်စ်ပေါ်ချစ်တဲ့ ချစ်ခြင်းနဲ့ ရိုးစားဖြူစင်မှုကို ညွှန်းဆိုပါတယ် ။ ရွှေသော့လေးက နာရီသံပတ်ပေးဘို့ဖြစ်ပြီး ဒီဥလေးရဲ့ ဆပရိုက်စ်ကတော့ ပျောက်ဆုံးနေဆဲပါ ။ Pansy (Fabergé egg) တောပန်းလေးဆိုတဲ့ ဥက နီကိုလပ်စ်က မားမားကြီးကိုပေးတာပါ နက်ဖရိုက်ကျောက်စိမ်းနဲ့ ဥခွံကိုပြုလုပ်ထားပြီး ငွေပင်စည်လေးကလိမ်တက်သွားတဲ့ပုံနဲ့ပတ်ထားပါတယ် ။ တောရိုင်းပင်စီပန်းကလေး ငါးပွင့်နဲ့ အဖူးလေးတွေလဲပါပါတယ် ။ diamond-set Star of Bethle