Posts

Showing posts from November 18, 2018

ဖာဘယ်ဂျေးရဲ့ရတနာစီခြယ် အီစတာဥများ - ၅

Image
ဘုရင် နီကိုလပ်စ်ဟာ နန်းတတ်ပြီး မှာ သူ့အဖေ အလက်ဇန်းဒရား III ၃နှစ်ခန့်အကြာလောက် ထဲက ဆောက်လုပ်လက်စဖြစ်တဲ့ ဆိုက်ဘေးရီယား ရထားလမ်းကြီးကို ဆက်လက်ဆောက်လုပ်ခဲ့တယ် ။ ရုရှား နိုင်ငံဟာ ကမ္ဘာမြေပုံပေါ်မှာ သူ့တနိုင်ငံထဲနဲ့တင်ဥရောပနဲ့ အာရှတိုက်ကြီး နှစ်တိုက် ပါဝင်တဲ့ အထိကြီးမားကျယ်ပြန့်တယ် ။  ကမ္ဘာ့မြောက်ဝင်ရိုးစွန်းဘက်ကျတဲ့ ဆိုင်ဘေးရီးယားဆိုတဲ့ ဒေသဟာ တနှစ်ပတ်လုံးဆီးနှင်းတွေ ထူထပ်စွာကျပြီး အလွန်ဝေးလံ ချမ်းအေးလွန်းလို့ အဲဒေသတစ်ခုထဲနဲ့တင် မြန်မာပြည် ၅ ဆလောက်ကျယ်ဝန်းပေမယ့် လူဦးရေ သန်းလေးဆယ်လာက်ပဲရှိတယ်လို့မှတ်သားခဲ့ရဘူးတယ် ။ ရုရှား အရှေ့ဘက်မြို့တော် မော်စကိုကနေ ကမ္ဘာအနောက်ဘက် မြောက်ကိုးရီးယားမြို့တော်ပြုံယမ်း အထိပေါက်တယ် ။ ကမ္ဘာမှာ အရှည်ဆုံးမီးရထားလမ်း တစ်ခုအဖြစ် ကာလကြာရှည်စွာနာမည်ကြီးခဲ့တယ် ။ အခုတော့ အဲထက်ရှည်တဲ့ တရုပ်ပြည် အရှေ့ဖျား အိဝု Yiwu မြို့ကနေ အနောက်ဘက် ဥရောပ စပိန်အထိရောက်တဲ့ရထားက နောက်ဆုံးနဲ့ အရှည်ဆုံးပါ ။ ဒုတိယ အရှည်ဆုံးကတော့ ရုရှားမော်စကိုကနေ တရုတ်ပီကင်းအထိရောက်တဲ့ လိုင်းပါ ။ ထရန်းစ် ဆိုက်ဘေးရီးယမ်း ရထားလမ်းကြီးကတော့ တတိယပဲ ချိတ်ပါတော့တယ် ။ နီကိုလပ်စ်ရဲ့