Posts

Showing posts from February 11, 2014

ကျမအကြိုက် appsများ

Image
မြန်မာပြည်ကို တလလောက်သွားလိုက်တာ ရေးချင်နေတာတွေ အများကြီးရလာခဲ့တယ် ။ ဒါပေမယ့် ရှုပ်လွန်းတဲ့ အလုပ်တွေများလွန်းတဲ့ ကိစ္စတွေကြောင့် မေ့ချင်ချင်ဖြစ်ကုန်ပြီ ။ နောက်မှပဲ မမ်မိုရီကို ဘက်ကက်လုပ်ပြီး ပြန်ရေးရမယ် ။ :D ကီးဘုတ်နဲ့ရော စကရင်နဲ့ပါ ဝေးနေတဲ့ အချိန်ရယ် တခုခုကိုစောင့်နေရတဲ့ အချိန်တွေမှာ အကျိုးရှိတာ တခုခု လုပ်မယ်ကြံလိုက်တော့ မလုပ်ဖြစ်တာ ကြာပြီ ဖြစ်တဲ့ ကိုယ့်စိတ်ကို ပြန်ဖမ်းတဲ့ အလုပ်လေးလုပ်ဘို့ ကြိုးစားကြည့်မိတယ် ။ ငယ်ငယ်တုန်းက လိပ်ပြာပိုလှလို့လား မသိဘူး ကိုယ့်စိတ်ကို ပြန်ဖမ်းတာ အဲလောက် မခက်ခဲ့ဘူးနော် ။ ခုတော့ကိုယ့်စိတ်ကိုယ်ပြန်ဖမ်းတဲ့ အလုပ်လုပ်တာ အတော် ချာလည်လည်နေတာ တွေ့ရတယ် ။ ဒီအတိုင်းဆိုရင်တော့ ငါရုတ်တရက် တခုခု ဖြစ်သွားရင် ကောင်းမှာ မဟုတ်ဘူးလို့ သက်ပြင်းချမိတယ် ။ စိတ်ငြိမ်အောင်ကြိုးစားရင်း အာရုံကိုဖမ်းဆုတ်မိပြန်တော့ ပေါ်လာတာတွေက မကောင်းတဲ့ အာရုံတွေ မကြည်လင်တဲ့ ဖြစ်ရပ်တွေ မလှပတဲ့ ပုံရိပ်တွေကိုကြောက်မက်ဖွယ် စွဲနေတာကို ကိုယ့်ကိုယ်ကို သိလိုက်ရတယ် ။ နေ့စဉ် တွေ့နေကြားနေရတာတွေက မကောင်းတဲ့ သတင်းတွေ မလှပတဲ့ အနိဌာရုံတွေ များလွန်းတာကိုး ။ သွေးတွေနဲ့