တခါကတဘဝ

ဒီဇင်ဘာမှာ ဘယ်တော့မှ မမေ့နိုင်တဲ့ အမှတ်တရလေးတွေ ရရှိခဲ့ဘူးတယ်…. သူတကာတွေလိုတော့ အချစ်အကြောင်းလေးတွေ မဟုတ်ပါဘူး…. ခရစ်ယာန်မဟုတ်တဲ့ကျမ …. ငယ်စဉ်ထဲက ခရစ်ယာန်တွေ ရှိတဲ့ အရပ်ဌာနမှာ မနေခဲ့ဘူးတော့ ခရစ်စမတ်ဆိုတာ နားစွန်းနားဖျားပဲ ကြားဘူးခဲ့တယ်လေ…. လွန်ခဲ့တဲ့ အနှစ် ၂၀လောက် ၁၉၉၁ ဆိုတဲ့ ကာလမှာ ... ဆယ်တန်းအောင်တာ ၃နှစ် ရှိပြီး… ကျောင်းတွေ မဖွင့်သေးခင်အချိန်ပေါ့ ။ တက္ကသိုလ်ဆိုတာ ဘယ်တော့ ရောက်မယ်မှန်း မသိတဲ့ အိမ်မက်တခု ဖြစ်ပြီး ယောင်လည်လည်ဖြစ်နေချိန်… တောင်ငူဘက်မှာ တာဝန်နဲ့ ပြောင်းရွှေ့လာတဲ့ ဦးလေး အရင်းက ကိုယ့်ကို သံတောင်မြို့နယ် လိပ်သိုလ် ဆိုတဲ့ မြို့ကလေးမှာ ဆရာမ လုပ်ခိုင်းခဲ့တယ်… ဒီမြို့လေးဟာ ကရင်ပြည်နယ် သံတောင်မြို့နယ်မှာ တည်ရှိပါတယ် ။ တောင်ငူကနေ အရှေ့ဘက်ကို ကားနဲ့ တောင်တတ်လမ်းတွေ အတိုင်း ခရီးဆက်ရပါတယ်… ( ဖေ့စဘွတ်မှာ ရေးခဲ့ဘူးတဲ့ notes နှစ်ခုကို ပေါင်းထားပါသည် ) ကရင်ပြည်နယ် ဟု ဆိုလိုက်ရင် ဖားစည် ဇွဲကပင် စသည်တို့ကို ပြေးမြင်မိမှာပါ ။ ဒါပေမယ့် ကရင်ပြည်နယ်အတွင်းမှ သံတောင်မြို့လေးကတော့ ကရင်ပြည်မကြီး ဖြစ်တဲ့ ဘားအံမြို့မှ တိုက်ရိုက်သွား၍မရပ...