Posts

Showing posts with the label life style

ဘလော့ဂါမလေးတယောက်အကြောင်း

Image
စလုံးမှာ အရမ်းနာမည်ကြီးလာတဲ့ ဘလော့ဂါ တယောက်ရှိတယ် .... Xiaxue လို့ခေါ်တဲ့ ကောင်မလေးတယောက်ရဲ့ ဘလော့ ..... သူက တနေ့ကို ဘလော့ဂင်းကနေ ပိုက်ဆံရတာ ဘယ်လောက် ရှိပြီ ဆိုလဲ သေချာတော့ မမှတ်မိတော့ဘူး :D >.<...  အရုပ်မလေး တရုပ်လို ပြင်ထားတာတွေ့တော့ ပထမတော့ နှာခေါင်းရှုံ့လိုက်မိသေးတယ် ဟီး ။ ဘလော့ဂင်းပြီး ပိုက်ဆံရှာတယ် ဆိုတော့ ကြည့်လိုက်မိတယ် ။ သူ့ဘလော့ကို တနေ့ ဝင်ကြည့်တဲ့ သူပေါင်းကလဲ ဘယ်လောက်တောင်ဆိုလဲ သေချာ မသိဘူး :P .......... အများကြီးပဲ တကယ်ပြောတာ .. သူက အမှန်က ကော်လမ်မစ်စ် တယောက်ပါ ။ တီဗီရှိုးတွေဘာတွေတောင် လုပ်နေရပြီ ။ သူ့ဘလော့ အားလုံး ၁၀ ခုတောင်ရှိတယ်တဲ့ ။   သူ့ဘဝလေးကို စိတ်ကြိုက် အလှဆင်နိုင်တာလေးကတော့ အားကျစရာလေး ... သူငယ်ငယ်တုန်းကတော့ သိပ်ချောပုံ မပေါ်ဘူး ..... ဒီမှာ သူ့ပုံ သူဘာကြောင့် အဲလောက် နာမည်ကြီးလဲ ဆိုတာ သေချာ လေ့လာဦးမယ် ... လောလောဆယ်တော့ သူရေထားတာလေး တခု အရမ်းသဘောကျနေတယ် ။ သူ့သတင်းက အတော်ကြီးနေတယ် .... ဒါကြောင့် သိမိတာပေါ့ ။ ဘာအကြောင်းလဲဆိုတော့ Permanent Hair Removal  အကြောင်းလေ ..... အရမ်းကောင်းတယ် ဆိုပဲ ပြန်မထွက်တော့ဘူးတဲ့ ။ ခြေသလုံးေ...

နနွင်း + နွားနို့ ဖျော်ရည် အကောင်းဆုံးအိပ်ယာဝင် relaxant

Image
အိန္ဒိယလူမျိုးတွေ မှာ အနောက်တိုင်း အရှေ့တိုင်း နိုင်ငံပေါင်းစုံနဲ့ မတူတဲ့ ဆေးဘက်ဆိုင်ရာ အယူဝါဒတွေ ကြွယ်ဝတယ် ။ သူတို့ဆီက ဆေးနည်းများစွာမှာ ထိပ်ဆုံးမှာ နံပါတ်တစ်နေရာ မှာ ရှိနေတဲ့ ဆေးတပါးကတော့ နို့နနွင်းပါပဲ ။  နနွင်းဟာ ခန္ဒာကိုယ်နာကျင် ပင်ပန်းခြင်း ၊ဖျားနာကိုက်ခဲခြင်း ၊ အလုပ်ပင်ပန်းခြင်းတို့ အတွက် အထူးကောင်းမွန်တဲ့ ဓာတ်စာ ဖြစ်ပါတယ် ။ အဆစ်မြစ်ယောင်နေတာတွေရှိရင် ဆေးသောက်စရာ မလိုပဲ ပျောက်သွားမှာပါ ။ အစာအိမ်အချဉ်ပေါက်နေတာတွေ အစာမကြေဖြစ်နေတာတွေ အတွက်လဲ အလွန်ကောင်းတဲ့ ဆေးတပါးပါ ။ ဘိုက်ပြည့်ဘိုက်ကယ်နေတာတွေ အတွက်တော့ နတ်ဆေးတပါးပါပဲ ။  တခါတလေ ဘိုက်ပြည့်ဘိုက်ကယ်တာ နေရထိုင်ရခက်တဲ့ အပြင် လေးလံ ထိုင်မှိုင်းပြီး မပျော်တဲ့ ရောဂါ ကို ခံစားရပါတယ် ။ လူကြည့်လိုက်ရင်လဲ ဖြတ်လတ်မှုမရှိပဲ ဘိုက်ကြီးပူပြီး အပင်ပန်းမခံနိုင်ဘူး ။ ဒါဆိုရင် နို့နနွင်းသောက်ပါ ။ အစာအိမ်တွင်းမှာ ရှိတဲ့ အပူနာတွေကိုလဲ သက်သာပျောက်ကင်းစေပါတယ် ။ မေ့လျော့ခြင်းများ ကိုလဲ သက်သာလာစေပါတယ် ။ သဘာဝ အယောင်ကျဆေး ၊ သဘာဝ အင်တီဘိုင်အိုးတစ် ၊ သဘာဝအနာကျက်ဆေး ၊ သွေးသန့်ဆေး ၊ အသားအရေအတွက်အားဖြည့်ဆေး လဲဖြစ်ပါတယ် ။ ချောင်းဆ...

အော်ဂဲနစ် ရောဂါ

Image
မွေးရပ်မြေ အဖြစ် ငယ်ဘဝထဲ က ၇တန်း အထိနေခဲ့တဲ့ စစ်တောင်းမြစ်ဘေးက မဒေါက် ဆိုတဲ့ မြို့လေးမှာနေတုန်းက သဘာဝရဲ့ အရသာကို ပြည့်ပြည့်ဝဝ ခံစားခဲ့ဘူးတယ် ။ ကြာခဲ့ပြီဆိုပေမယ့် လတ်ဆတ်တဲ့ အစား အသောက်ဆိုတာ မစားရလေ ပိုစားချင်လေ ။ မစားဘူးတဲ့သူတွေ အတွက် အထူးအဆန်း မဟုတ်ပေမယ့်  လတ်ဆတ်တဲ့ အရသာကိုစားဘူးတဲ့ သူတွေ အတွက် တမ်းတချက် ဘယ်လောက် နက်ရှိုင်းတယ် ဆိုတာ အဟဲ...... များသွားပြီ ထင်တယ် ....။ ငါကွ ဘလော့ဂါ....။ ညနေစောင်းပြီ ဆိုရင် တံငါသည် ဘကြီးတွေ ထမ်းလာတဲ့ ငါးဘတ်ကြီးတွေ ဆိုတာ သူတို့ အရပ်နဲ့ အညီ အကောင်ကြီးကြီးတွေ ။ ငါးဘတ်ပုတ်မွှေလို့ အမေခေါ်တဲ့ ဟင်းက မပုတ်ပဲ ချိုအိ လတ်ဆတ်နေတာပဲ ။ငါးလင်ပန်းဆိုတာကြီးတွေကျတော့ ဗန်းထဲထည့်ခွေလာရင် တဗန်းအပြည့်ပဲ ။ဝါးနှီးကြိုးတွေနဲ့ ထိုးဖောက်ချုပ်ပြီး အခွေလိုက် ထင်းမီးဖို ခေါင်မိုးမှာရှိတဲ့ ဝါးဆိုင်းစင်လေးပေါ်မှာ သုံးလေးရက်လောက် ကျပ်ကင်ပြီး နောက် ကြက်သွန်နီ အကွင်းလိုက်နဲ့ ငရုတ်ခွဲခြမ်းနဲ့ ကြော်ပေးရင် ငရုတ်သီးကလဲ ချိုတယ် ။  ကြက်သွန်ကလဲ ချိုတယ် ။ ငါးလင်ပန်းကြပ်တိုက်ကလဲ ချိုပြီးမွှေးတယ် ။ ထမင်းဖြူလေးနဲ့ဆို တခြားဘာမှ မပါပဲကို အရမ်းစားကောင်းတယ် ။ မဒေါက်ကို ...

home made

Image
စားစရာတွေ ဘက်ခြေဦးလှည့်လိုက်ပါဦးမယ်နော် ။ စိတ်လိုလက်ရရှိတုန်း ချက်စားမိတာလေးတွေပါ ။ ခုလေးပဲ supper စားချင်တယ် ဆိုလို့ ပလာတာ နဲ့ ကြက်ဥနဲ့ ကြော်စားတာ ဒါလေးကတော့ သမီးစားချင်တဲ့ Baked Pasta ဆိုင်မှာ စားရင် သမီးက တပန်ကန်လုံးကုန်အောင်စားတာ ။ ချက်ကြည့်တော့လဲ လွယ်လွယ်လေးပဲ ပစ္စည်းစုံတော့ ရှိနေရတာပေါ့လေ ။ ပါစတာကို အရင်ပြုတ် သိပ်အကြာကြီးတော့ မပြုတ်နဲ့ ။ နပ်လောက်ရင်တော်ပြီ ။  ပြီးရင် သမီးက အသီးအရွက် ခရမ်းချဉ်သီးနှစ်တွေ မထည့်စေချင်တော့ ကြက်ဥ တလုံး ၊ နွားနို့ ၊ ကြက်သွန်နီ ဥသေးတခြမ်း နဲ့ အဖြူ ဥတလုံးလေး တမွှာကို ဓားပြားရိုက် ၊ နုတ်နုတ်စင်းပြီး ထည့် ... အပေါ်က ချိစ်ကို ခြစ်ထည့်ပြီး အာဗန်ထဲမှာ ၅မိနစ်ဆိုကျက်ပြီ ။ အသား အနေနဲ့ Ham တို့ Bacon တို့ ပုဇွန်တို့ Scallop တို့ ထည့်ဖုတ်လို့ ရတယ် ..... ။ ကျမကတော့ ဘေကန်လေး ၂ပြားကို ရေဆေး ကပ်ကျေးနဲ့ ညှပ်ပြီး အရင် အာဗန်ထဲ ထည့်ကင်လိုက်တယ် ။ နဲနဲ ကြွပ်လာရင် ထည့်ဖုတ်လို်က်တယ် ... ။  ခုတလော လွယ်လို့ ခဏခဏ လုပ်ဖြစ်တယ် ကိုယ်တော့ မစားဘူး ဝလွယ်လို့ :D ။    ကိုယ်ချားဒါ ဒီမှာ ။ ချားချင်လို့ မဟုတ်ပေမယ့် ချားလဲ ပြီးရော ကြိ...

အူကြောင်ကြောင် ကျမ

Image
ရေးချင်တာတွေရှိပေမယ့် စဉ်းစားရင်း ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်တဲ့အခါ ဝတ္ထုတိုရှည်တွေကို စီကာပတ်ကုံးရေးတတ်တဲ့ သူတွေကို လေးစားမိတယ် ။ အဲဒီလို အရည်အချင်း ကျမမှာ မရှိတာတော့ သေချာတယ် ။  ကျမအတွက် အင်တာနက်ဆိုတာ ဗဟုသုတ တွေ အများကြီးရနို်င်တဲ့ အရာတခုဆိုတော့ အင်တာနက်ကို share စရာ တခုလိုမြင်နေတဲ့ ခံယူချက်တခုတော့ ရှိတယ် ။  မြင်မြင်သမျှ တွေ့တွေ့သမျှတွေကို share ဘို့ သင့်မသင့်ရယ် ဖတ်တဲ့သူတွေ ကြိုက်မကြိုက်ရယ်ကတော့ တဦးခြင်းစီရဲ့ အကြိုက်မို့ ဘာမှ ပြောပိုင်ခွင့် မရှိဘူးလေ ။  အခွင့်သင့်လို့ ပြောရမယ်ဆိုရင် ဖေ့စဘွတ်လိုနေရာမျိုးမှာလဲ မိမိကိုယ်တိုင်ရေးတာကလွဲလို့ share တာတွေကို တင်တတ်တဲ့ကျမကို မနှစ်သက်တဲ့သူတချို့ကို မြင်ဘူးပါတယ် ။  ကျမအမြင်ကတော့ ကျမရေးထားတဲ့ ကိုယ်ပိုင်ပို့စ်တွေထက် ပိုကောင်းလို့ share တာဖြစ်တဲ့အတွက် ကျမရဲ့အကြိုက်နဲ့ သူ့ရဲ့အကြိုက်ကတော့ကွာ ခြားသွားတာပေါ့နော် ။  ကျမမှာရှိတတ်တဲ့ သူငယ်ချင်းတချို့က ကျမ ကြိုက်တတ်တာမျိုးကို ကြိုက်တဲ့အတွက် အကြိုက်တူတဲ့ အတွက် သူတို့အတွက် share ပေးတာပါ ။  ဒ...