Posts

Showing posts from April 2, 2014

ပိုလာဘာလီ ( Bali Zoo + Picking pock + pura tirtha empul + luwak coffee + monkey village and Tanalok Beach sunset

Image
ညမိုးချုပ်မှ ဟော်တယ် ပြန်ရောက်တော့ ဘေးက ရှော့ပင်စင်တာမှာ ပါတိတ်သွားဝယ်မလို့ မဝယ်ဖြစ်ပြန်ဘူး .... ဒီမှာ ရှိနေတဲ့ မိန်းမကြီးကြီးငယ်ငယ် ပိန်ပိန်ဝဝ အားလုံးက စပန့်သားဂါဝန်တိုရှည်တွေပဲ ဝတ်ကြတော့ ပေါ့ပါးလွတ်လပ်တယ် ။ ပူကျွတ်နေတဲ့ ရာသီဥတုနဲ့ဆိုတော့  အဲတာမျိုးလေးသွားရှာချင်တယ် ။ ပြီးတော့ ဖိနပ်ပါးလေးလဲ ဝယ်ချင်တယ် ။ လမ်းလျှောက်ရတာ များရင် များမှာ ဆိုပြီး sneaker ပဲပါလာတယ် ။ ဘာလီမှာ ဝယ်ဝတ်မယ်ဆိုပြီး ။ နေရာတကာ ဖိနပ်ထူကြီးနဲ့ အဆင်မပြေဘူး ။ ဒါပေမယ့် ဝမ်းမကောင်းလာတော့ စောစော ရေချိုးပြီး အိပ်ပစ်လိုက်ရတယ် ။ ဒီနေ့ တိုးရ်ဂိုက်ရဲ့ တာဝန်က နေ့တဝက်ပဲ ဒါပေမယ့် သူက ပြောတယ် စင်ဒေါ်လာ ၅၀ ထပ်ပေးရင် တနေကုန် လိုက်ခဲ့မယ်တဲ့ ... တို့တွေလဲ သဘောတူလိုက်တယ် ... မထွက်ခင်ထဲက သေချာ စဉ်းစားထားတယ်... ဒီနေ့တော့ သူပို့တဲ့ ဆိုင်မှာ မစားဘူး မဝယ်ဘူးလို့ .... ။ ကိုယ့်ဘာသာကိုယ် လမ်းမှာ မြင်တွေ့နေတဲ့ ဆိုင်တွေ စားချင်စရာကြီးတွေ ။ ကိုယ့်ဘာသာကိုယ်ပဲရွေးမယ် ။ မနေ့က ရိုမန်တွတ်ဒင်နာ က ဆောပလော်တီးပလိုက်တာ စင်ဒေါ်လာ ၁၅၀ ကုန်ပြီးအော်အော့တွေ စားခဲ့ရလို့ စိတ်ထဲက အီးတင်းနေတာ အဟီးး ။ အမှန်က ဒီနေ့မနက်ပိုင်းစမ်းရေထွက်တဲ့ Holy