Posts

Showing posts from July, 2020

ဖာဘယ်ဂျေး ရဲ့ ကမ္ဘာကျော် ရတနာစီခြယ် အီစတာဥ များ -၁-2-3

Image
ဖာဘယ်ဂျေး ရဲ့ ကမ္ဘာကျော် ရတနာစီခြယ် အီစတာဥ များ -၁ အဟောင်းတန်း တခုမှာ တွေ့တဲ့ ဖာဘယ်ဂျေးဥ Faberge egg တလုံး ဒေါ်လာ တသောင်းလေးထောင်နဲ့ ရောင်းနေတာ တွေ့ပေမယ့် တကယ့်ပေါက်ဈေးက ဒေါ်လာ ၃၃ သန်းတန် ဖြစ်နေနိုင်တယ် ။ ဘာလို့ဆို ရောင်းတဲ့ ဆိုင်ရှင်က ရာစုနှစ်နဲ့ ချီပြီး တန်ဘိုးရှိတာ မသိလို့ ဖြစ်နိုင်ပါတယ် လို့ ဗြိတိသျှ အနုပညာလက်ရာနဲ့ ရှေးဟောင်းပစ္စည်းရောင်းဝယ်သူကပြောပါတယ် ။ Faberge eggs ဆိုတာ ရှေးခေတ်ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့က House of Faberge' ရတနာဆိုင်ပိုင်ရှင် ပီတာ ကာလ် ဖာဘယ်ဂျေး Peter Carl Faberge ရဲ့ ရတနာဖန်တီးမှု လက်ရာများဖြစ်ပြီး ၁၈၈၅ မှ ၁၉၁၇ အတွင်းပြုလုပ်ခဲ့ပြီး ရုရှားဇာဘုရင် အလက်ဇန်ဒြား III နဲ့ နီကိုလပ်စ် II တို့က သူတို့ရဲ့ မိဘုရားနှင့် သမီးတော်တွေကို အီစတာပွဲတော်အမှတိတရ ပေးခဲ့ရာက စတင် ဖန်တီးခဲ့တာပါ ။ တော်ဝင်ဥ စုစုပေါင်း အလုံး ၅၀ မှာ ပြန်လည်ရှာဖွေတွေ့ရှိတာ ၄၃ လုံးကျနိရှိပါတယ် ကျန်တဲ့ ဒိတ်ဒိတ်ကြဲသူဌေးကြီးတွေအတွက်ပြုလုပ်ခဲ့တာပါနဲ့ဆို ဖာဘယ်ဂျေးဥ အစစ် စုစုပေါင်း ၆၉ လုံးရှိနိုင်ပြီး ပြန်လည်ရှာဖွေတွေ့ရှိပြီး လူသိရှင်ကြား စာရင်းဝင် ၅၇ လုံးရှိပါတယ် ဒီအပိုင်းကို ဆရာမ Spring Flower ဆီမှ ကူးသည်