Posts

Showing posts from May, 2014

ချစ်စရာ မုန်းစရာ အေဗီတာ အပိုင်း ( ၃ ) By Spring Flowers

Image
                 အကြောင်းကတော့ အစိုးရသစ်ဟာ အေဗီတာကို အာဂျင်တီးနား မြေပေါ်မှာ မထားရဲလို့ပါဘဲ ။ အေဗီတာရှိမယ့်နေရာဟာ မလွဲမသွေ လူထုစည်းဝေးရာ နေရာတစ်ခု ဖြစ်လာမယ်။ ပေရွန်းကို ထောက်ခံသူတွေရဲ့ တွေ့ဆုံရာ နေရာဖြစ်လာမယ် ။ ဒါကြောင့် အီတလီကို တိတ်တဆိတ်သယ်သွားပြီး သာမန်သင်္ချိုင်းတစ်ခုမှာ မြုပ်ထားခဲ့တာပါ ။ ဒီလိုနဲ့ အေဗီတာရဲ့ အလောင်းဟာ မီလန်မှာ ၁၆ နှစ်ကြာ လူမသိသူမသိ ရှိခဲ့တယ်။  ၁၉၅၅ ကနေ ၁၉၇၁ အတွင်းမှာ ပေရွန်း၊ အေဗီတာတို့နဲ့ ပတ်သက်တာအကုန်လုံးကို စစ်အစိုးရသစ်က တင်းတင်းကျပ်ကျပ် တားမြစ်ထားခဲ့တယ်။ ဓါတ်ပုံဆောင်ထားဖို့ မပြောနဲ့ သူတို့ နာမည်ကို တောင် မပြောရ။ ဒါပေမယ့် အေဗီတာရဲ့ လွှမ်းမိုးမှုဟာ ဆုံးခန်းမတိုင်ခဲ့ပါ။ အေဗီတာဆုံးပြီးတဲ့နောက် ရောမမြို့က ပုပ်ရဟန်းမင်းဆီကို စာတွေ တဖွဲဖွဲရောက်လာသတဲ့ ။ အေဗီတာကို သူတော်စင် Saint အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုတဲ့ စာတွေ ။  Saint အဖြစ် သတ်မှတ်ခြင်း မခံရပေမယ့် အာဂျင်တီနားတ၀ှမ်းမှာ ယနေ့အထိ အေဗီတာအတွက် ရည်စူးပြီးလုပ်တဲ့ ဆုတောင်းပွဲတွေရှိနေပါသေးတယ် ။ သူ့ပုံကို အိမ်ခေါင်းရင်ခန်းမှာ ချိတ်ပြီးကိုးကွယ်သူတွေလည်း တပုံတပင်။ အဲဒီလူတွေဟာ ပေရွန်းကို ဆက်ပြီး ထောက်ခံခဲ့ကြလို့ေ

ချစ်စရာ မုန်းစရာ အေဗီတာ ( အပိုင်း ၂ ) By Spring Flowers

Image
May 23, 2012 at 1:47pm                ပေရွန်းဟာ ဖက်ဆစ်ဝါဒရဲ့ အခြေခံတစ်ခုဖြစ်တဲ့ ပြန်မေးခွန်းထုတ်ခြင်းကို ခွင့်မပြုတဲ့ သင်ကြားရေး indoctrination ကို လုံးဝကျင့်သုံးခဲ့တယ်။ ဒါကြောင့် ကျောင်းတွေ တက္ကသိုလ်တွေမှာ ပေရွန်းဝါဒ Peronism ကို မသင်မနေရ ။ ပေရွန်းနဲ့ အေဗီတာကို ကိုးကွယ်ယုံကြည်လာအောင် ၀ါဒဖြန့်တာတွေ နင်းကန်လုပ်ခဲ့တယ်။ မီဒီယာတွေအားလုံး သူ့လက်ထဲမှာ ထားပြီး မထင်ရင်မထင်သလို ပိတ်တာ ၊ ဒုက္ခပေးတာမျိုး လုပ်တတ်တယ်။ သူ့အကြောင်းမကောင်းရေးမိတဲ့ La Prensa ဆိုတဲ့ အာဂျင်တီးနားရဲ့ စောင်ရေအများဆုံး သတင်းစာကြီးကို ပိတ်ထည့်လိုက်တာသာကြည့်တော့ ။ သတင်းစာသမားတွေ ဂျာနယ်လစ်တွေ ထောင်ထဲရောက်လိုရောက်။ အေဗီတာနဲ့ မတည့်ခဲ့တဲ့ ရုပ်ရှင်လောကသားတွေလည်း အေဗီတာ သမ္မတကတော်ဖြစ်ချိန်မှာ ထွက်ပြေးတဲ့သူပြေး၊ အပိတ်ခံရတဲ့သူ ခံရဖြစ်ကုန်တယ်။ ကျောင်းတွေမှာဝါဒဖြန့်စဉ် ကလေးစာအုပ်တွေမှာ သူတို့ကိုယ်သူတို့ ဖေဖေ၊ မေမေလို့ တင်စားပြီး ပေါ်တင်ကြီးဝါဒဖြန့်ပုံ။      ကျောင်းဝင်ခွင့်လျှောက်လွှာတံဆိပ်ခေါင်း                     သမ္မတကတော်ဖြစ်ပြီးမကြာခင် အေဗီတာဟာ ဥရောပတိုင်းပြည်တွေကို လည်ပတ်ဖို့ အခွင့်အလမ်းပေါ်လာတယ်။ အကြောင်းကတော့ စပိန်က ဖရန်