Posts

Showing posts from September 17, 2013

အူကြောင်ကြောင် ကျမ

Image
ရေးချင်တာတွေရှိပေမယ့် စဉ်းစားရင်း ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်တဲ့အခါ ဝတ္ထုတိုရှည်တွေကို စီကာပတ်ကုံးရေးတတ်တဲ့ သူတွေကို လေးစားမိတယ် ။ အဲဒီလို အရည်အချင်း ကျမမှာ မရှိတာတော့ သေချာတယ် ။  ကျမအတွက် အင်တာနက်ဆိုတာ ဗဟုသုတ တွေ အများကြီးရနို်င်တဲ့ အရာတခုဆိုတော့ အင်တာနက်ကို share စရာ တခုလိုမြင်နေတဲ့ ခံယူချက်တခုတော့ ရှိတယ် ။  မြင်မြင်သမျှ တွေ့တွေ့သမျှတွေကို share ဘို့ သင့်မသင့်ရယ် ဖတ်တဲ့သူတွေ ကြိုက်မကြိုက်ရယ်ကတော့ တဦးခြင်းစီရဲ့ အကြိုက်မို့ ဘာမှ ပြောပိုင်ခွင့် မရှိဘူးလေ ။  အခွင့်သင့်လို့ ပြောရမယ်ဆိုရင် ဖေ့စဘွတ်လိုနေရာမျိုးမှာလဲ မိမိကိုယ်တိုင်ရေးတာကလွဲလို့ share တာတွေကို တင်တတ်တဲ့ကျမကို မနှစ်သက်တဲ့သူတချို့ကို မြင်ဘူးပါတယ် ။  ကျမအမြင်ကတော့ ကျမရေးထားတဲ့ ကိုယ်ပိုင်ပို့စ်တွေထက် ပိုကောင်းလို့ share တာဖြစ်တဲ့အတွက် ကျမရဲ့အကြိုက်နဲ့ သူ့ရဲ့အကြိုက်ကတော့ကွာ ခြားသွားတာပေါ့နော် ။  ကျမမှာရှိတတ်တဲ့ သူငယ်ချင်းတချို့က ကျမ ကြိုက်တတ်တာမျိုးကို ကြိုက်တဲ့အတွက် အကြိုက်တူတဲ့ အတွက် သူတို့အတွက် share ပေးတာပါ ။  ဒီလိုဆိုရင် ကျမရဲ့ share post တွေကို အနှောင့်အယှက်လို မြင်မိသွားကြရင် အားမနာ