Posts

Showing posts from September 2, 2013

Olympians Fever

Image
Olympus ဆိုတဲ့ တောင်ကြီးမှာ နေထိုင်ကြီးစိုးတဲ့ Olympians နတ်မင်းကြီးတွေ စုစုပေါင်း ၁၂ပါး ရှိတယ်တဲ့ ။ ဒီနတ်ဘုရားတွေ အားလုံးရော သူတို့ရဲ့ အဆက်အနွယ်တွေ အားလုံးဟာ နတ်မင်းခေါင်ကြီး ဇုဇ် Zeus နဲ့ ပတ်လည်ဆက်နွယ်ပြီး အမျိုးတော်နေကြတယ် ။ ဒီနတ်ဘုရားတွေ အပြင် ငရဲပြည်ရဲ့ အရှင်သခင် ဟေးဒီးစ် Hedes နတ်မင်းကြီးနဲ့ သူ့ရဲ့ မိဘုရား Persephone ပါ့စ်ဖီနီ ကတော့ အိုလမ်ပီယာ မိသားစုဝင်တွေ ဖြစ်ပေမယ့် ။ အိုလမ်ပီယာတောင်ကြီးမှာ မနေပါဘူး ။ သူတို့အပိုင်စားရာ ငရဲပြည်မှာပဲနေပါတယ် ။ ၁ ။   Zeus   ဇုဇ်  ဇုဇ် ဆိုတာ ရောမ လိုဆိုရင်တော့ ဂျူပီတာ တဲ့ ။ ကောင်းကင်ကြီး တခုလုံးနဲ့ မိုးကြိုးတွေကို ပိုင်တဲ့ နတ်ဘုရားဖြစ်ပြီး အိုလမ်ပီယာတောင်ကြီးတခုလုံးနဲ့ နတ်ဒေဝတာတွေရဲ့ အကြီးအမှူးပေါ့ ။ အမှန်ကတော့ နတ်မောင်နှမတွေ အားလုံးထဲမှာ အသက်အငယ်ဆုံးဖြစ်ပါတယ် ။ သူနဲ့ ဆက်စပ်နေတဲ့ သင်္ကေတတွေကတော့ Thander bolt လို့ သိကြတဲ့ မြန်မာလို ဝရဇိန်လက်နက် မိုးကြိုး ၊ စွန်ရဲငှက် ၊ ဝက်သစ်ချပင် ၊ အကြီးအမှူးတွေ ကိုင်လေ့ရှိတဲ့ ကျိုင်းတံ နဲ့ သမာဓိ ချိန်ခွင်ရှာတို့ဖြစ်ကြပါတယ် ။ နှမအရင်းဖြစ်တဲ့ ဟေရာ Hera ရဲ့ ခင်ပွန်းလဲဖြစ်တယ် ။ အကို