Olympians Fever
Olympus ဆိုတဲ့ တောင်ကြီးမှာ နေထိုင်ကြီးစိုးတဲ့ Olympians နတ်မင်းကြီးတွေ စုစုပေါင်း ၁၂ပါး ရှိတယ်တဲ့ ။ ဒီနတ်ဘုရားတွေ အားလုံးရော သူတို့ရဲ့ အဆက်အနွယ်တွေ အားလုံးဟာ နတ်မင်းခေါင်ကြီး ဇုဇ် Zeus နဲ့ ပတ်လည်ဆက်နွယ်ပြီး အမျိုးတော်နေကြတယ် ။ ဒီနတ်ဘုရားတွေ အပြင် ငရဲပြည်ရဲ့ အရှင်သခင် ဟေးဒီးစ် Hedes နတ်မင်းကြီးနဲ့ သူ့ရဲ့ မိဘုရား Persephone ပါ့စ်ဖီနီ ကတော့ အိုလမ်ပီယာ မိသားစုဝင်တွေ ဖြစ်ပေမယ့် ။ အိုလမ်ပီယာတောင်ကြီးမှာ မနေပါဘူး ။ သူတို့အပိုင်စားရာ ငရဲပြည်မှာပဲနေပါတယ် ။
၁ ။ Zeus ဇုဇ်
ဇုဇ် ဆိုတာ ရောမ လိုဆိုရင်တော့ ဂျူပီတာ တဲ့ ။ ကောင်းကင်ကြီး တခုလုံးနဲ့ မိုးကြိုးတွေကို ပိုင်တဲ့ နတ်ဘုရားဖြစ်ပြီး အိုလမ်ပီယာတောင်ကြီးတခုလုံးနဲ့ နတ်ဒေဝတာတွေရဲ့ အကြီးအမှူးပေါ့ ။ အမှန်ကတော့ နတ်မောင်နှမတွေ အားလုံးထဲမှာ အသက်အငယ်ဆုံးဖြစ်ပါတယ် ။ သူနဲ့ ဆက်စပ်နေတဲ့ သင်္ကေတတွေကတော့ Thander bolt လို့ သိကြတဲ့ မြန်မာလို ဝရဇိန်လက်နက် မိုးကြိုး ၊ စွန်ရဲငှက် ၊ ဝက်သစ်ချပင် ၊ အကြီးအမှူးတွေ ကိုင်လေ့ရှိတဲ့ ကျိုင်းတံ နဲ့ သမာဓိ ချိန်ခွင်ရှာတို့ဖြစ်ကြပါတယ် ။ နှမအရင်းဖြစ်တဲ့ ဟေရာ Hera ရဲ့ ခင်ပွန်းလဲဖြစ်တယ် ။ အကိုနှစ်ယောက် ဖြစ်တဲ့ ပိုဆိုက်ဒွန် Poseidon (ရေနတ်မင်း ) နဲ့ ဟေးဒီးစ် Hedes (မြေအောက်ငရဲမင်း ) တို့နဲ့ ပေါင်းလိုက်ရင် Big three brothers လို့ခေါ်ပါတယ် ။
၂ ။ Hera ဟေရာ
နတ်မောင်နှမတွေထဲမှာ အငယ်ဆုံးညီမပါ ။ သူက နတ်မင်းခေါင်ကြီး ဇုဇ်ရဲ့ မိဘုရား ( မောင်နှမခြင်း ပြန်ညားနေတာပေါ့ ) လက်ထပ်ထိမ်းမြားခြင်းနဲ့ မိသားစု ဆိုင်ရာ နတ်ဘုရင်မကြီး ။ သူမရဲ့ သင်္ကေတတွေကတော့ ဥဒေါင်းငှက် ၊ သလဲသီး ( ကလေးအများကြီးလိုချင်ရင်စားကြတယ်ထင်တယ် :D ) ၊သရဖူ ၊ ဥသြငှက် ၊ ခြင်္သေ့ နဲ့ နွားတို့ ဖြစ်ပါတယ် ။ သူက ဇုဇ်နဲ့ ညားနေတဲ့ တခြားမိန်းမတွေ နဲ့ သားသမီးတွေကို အမြဲ လက်စားချေတတ်တယ်တဲ့ :P ။ဟေရာကို Juno လို့ ရောမ လိုခေါ်ပါတယ် ။
၃ ။ Poseidon ပွေစိုက်ဒွန်
ရောမအမည် Naptune အမည်ရတဲ့ ပွေစိုက်ဒွန် နတ်မင်းကြီးက Big Three brothers စာရင်းဝင်ဖြစ်ပြီး ရေသမုဒ္ဒရာ ၊ မြေငလျင် နဲ့ ဒီရေတို့ ကို ပိုင်စိုးပါတယ် ။ သူရဲ့ သင်္ကေတတွေကတော့ မြင်း ၊ နွားရိုင်း ၊လင်းပိုင်ငါး နဲ့ သုံးမြှောင့်လှံတံ တို့ဖြစ်ပါတယ် ။ မောင်နှမတွေ ထဲမှာ ဒုတိယ အကိုပါ ။ ချစ်သူတွေ အများကြီးရှိပါတယ် ။
၎ ။ Demeter ဒေမီတာ
ရောမနာမည် Ceres။ မျိုးပွားအောင်မြင်ခြင်း ၊ ကောက်ပဲသီးနှံ ၊ သဘာဝ တရားနဲ့ ရာသီဥတုတွေကို ပိုင်စိုးပါတယ် ။ သူ့ရဲ့ သင်္ကေတတွေကတော့ ဘိန်း ၊ ဂျုံ ၊ မီးတုတ် နဲ့ ဝက်တို့ဖြစ်ပါတယ် ။ သမီး အလတ်ဖြစ်ပြီး သူနာမည် Ceres ကနေ Cereal ဆိုတာ ဆင်းသက်လာတာပါ ။ မြန်မာလိုဆို ကွေကာအုတ်လို့ အလွယ်ခေါ်နေကြတဲ့ ကောက်နှံတွေ ဖြစ်ပါတယ်
၅ ။ Athena အသီနာ
ရောမအမည် Mineva ။ ပညာရပ်ဆိုင်ရာ ၊ လက်မှု အတတ်ဆိုင်ရာ ၊ ကာကွယ်ခုခံခြင်းဆိုင်ရာ ၊ စစ်ဘက်ဆိုင်ရာမဟာဗျူဟာတို့နဲ့ ဆိုင်သော နတ်ဘုရားဖြစ်ပါတယ် ။ သူမ၏ သင်္ကေတကတော့ ဇီးကွက် နဲ့ သံလွင်ပင်ဖြစ်ပါတယ် ။ ဇုဇ်နတ်မင်းကြီး၏ ဦးခေါင်းတော်မှ မွေးဖွားလာပါတယ် ။ မွေးဖွားလာတဲ့ အချိန်မှာပဲ တန်း အရွယ်ရောက်ပြီး စစ်လက်နက်ချပ်ဝတ်တန်ဆာတို့ အလိုလျောက်ဆင်ယင်ပြီးဖြစ်ပါတယ် ။ ဇုဇ်နတ်မင်းကြီးဟာ သူမရဲ့ မိခင်ကို မြိုချလိုက်ပြီးချိန်မှာ မွေးဖွားလာတာ ဖြစ်ပါတယ် ။
၆ ။ Hestia ဟေးစ်တီးယား
မောင်နှမ ၆ယောက်မှာ အမကြီး အပျိုကြီးဖြစ်ပါတယ် ။ အပျိုစင်နတ်ဘုရားဖြစ်ပြီး မီးလင်းဖို ၊ ဗိသုကာ ၊အိမ်တွင်း စီမံ ခန့်ခွဲမှု ၊ မိသားစုနဲ့ နိုင်ငံတော် တို့ကို ကိုယ်စားပြုပါတယ် ။ မိသားစု အရေးတွေနဲ့ ပတ်သတ်လာရင် ဦးစွာ အနစ်နာခံရတဲ့ သူတယောက်ပါ ။ သူမရဲ့ အဆောင်အယောင်တွေလဲ အမြဲ ရိုးရှင်းပါတယ် ။ သူမဟာ သစ်သားပလ္လင်ပေါ်မှာ အဖြူရောင် မှီအုံးနဲ့ ပဲ နေထိုင်ပါတယ် ။ လိုအင်ဆန္ဒအတွက် ဘယ်သူ့ကိုမှ မငြိုငြင်ပါဘူးတဲ့ ။ သူမဟာ အမြဲတမ်းတော့ တာဝန်မထမ်းဆောင်ပါဘူး ။ သူမနေရာမှာ တူတော်သူ ဝိုင်အရက် ပျော်ပွဲရွှင်ပွဲ နဲ့ ဇာတ်ခုံ တို့ကို အပိုင်စားသူ Dionysus ကို အစားထိုးပါတယ် ။ ( သူကတော့ ဇုဇ်နတ်မင်းကြီးနဲ့ လူမိန်းမ တဦးတို့ ရဲ့ သားတော် ဖြစ်ပါတယ် ။)
၇ ။ Apollo အပိုလို
အလင်းနတ်သား ကတော့ အပိုလိုဖြစ်ပါတယ် ။ အသိဥာဏ်ပညာ ၊ ကုသခြင်း ၊ ကူးစက်ရောဂါနဲ့ အမှောင် ၊အနုပညာ ၊ ဂီတ ၊ ကဗျာ ၊ လေးမြှား ၊ နေမင်း ၊ ပုရိသ ၊ ငယ်ရွယ်ခြင်း နှင့် အလှတရား တို့၏ နတ်ဘုရားဖြစ်သည် ။ ဇုဇ် နတ်မင်းကြီး၏ သားတော် တပါးဖြစ်သည် ။ နံပါတ် ၈ယောက်မြောက် Artemis အာရ်ထီးမီးစ် နတ်သမီး နှင့် အမြွာဖြစ်သည် ။
၈ ။ Artemis အာရ်ထီးမီးစ်
အမဲလိုက်ခြင်း ၊ အပျိုစင် ၊ လူပျိုစင် ၊ မွေးဖွားခြင်း ၊ လမင်းနှင့် တိရစ္ဆာန်အားလုံးကို ကိုယ်စားပြုသော နတ်သမီးဖြစ်သည် ။ သူ၏ ရောမနာမည်မှာ Diana ဖြစ်သည် ။ အပိုလိုနဲ့ အာထရီးမစ်စ် က အမြွာမောင်နှမ ဇုဇ်နတ်မင်းကြီး၏ သားနှင့် သမီး ။
၉ ။ Ares အေားရာ့စ်
ရောမနာမည် Mars လို့ အမည်ရပါတယ် ။မြန်မာလိုဆိုရင် အင်္ဂါသားပေါ့ ။ စစ်ပွဲ ၊ အကြမ်းဖက်ခြင်း ၊ သွေးထွက်သံယို တို့ကို ကိုယ်စားပြုပါတယ် ။ ဇုဇ် နဲ့ ဟေရာ တို့ မောင်နှမ လင်မယားကမွေးဖွားလာတာပါ ။ အလှနတ်သမီး အပရိုဒိုက်တီ ( Aphrodite ) ကလွဲပြီး သူကို နတ်ဘုံနတ်နန်း တခုလုံး အထင်မြင်သေးကြပါတယ် ။
၁၀ ။ Aphrodite အဖရိုဒိုက်တီး
အပရိုဒိုက်တီ ဆိုသော အလှနတ်သမီးရဲ့ ရောမ နာမည်က Venus ဗီးနပ်စ် ဖြစ်ပါတယ် ။ ချစ်ခြစ်မေတ္တာ ၊ အလှအပ နဲ့ ဆန္ဒ တို့ရဲ့ နတ်သမီး ဖြစ်ပါတယ် ။ သူမရဲ့ သင်္ကေတတွေက ခိုငှက် ၊ ပန်းသီး ၊ ပျားပိတုန်း ၊ငန်း နှင့် နှင်းဆီပန်းတို့ ဖြစ်ပါတယ် ။ ဇုဇ် နတ်မင်းကြီး နဲ့ သမုဒ္ဒရာ နတ်သမီး Dione တို့က မွေးဖွားလာတယ်လို့ လဲပြောကြတယ် နောက်တမျိုးက သားအငယ်ဆုံး Cronus ( Zues's father ,first generation ) က သူ့ရဲ့ အဖေ Uranus ( Zues's grand father ) ကို သင်းကွပ်ပြီး ၊ အဖေရဲ့ ဖွားဘက်တော်ကို ပင်လယ်ထဲ ပစ်ချတဲ့ အခါမှာ သူရဲ့ သုတ်သွေးကနေ ဖြစ်ပေါ်လာတဲ့ အမြှုတ် ကနေ အလှနတ်သမီး အပရိုက်ဒိုက်တီး ကို မွေးဖွားလာတယ် လို့ အဆိုရှိပါတယ် ။ သူမ လက်ထပ်ခဲ့သူကတော့ Hephaestus ဖြစ်ပါတယ် ။ ဒါပေမယ့် သူမရဲ့ ချစ်ဇာတ်လမ်းတွေကတော့ အများကြီးပါတဲ့ ။ အထင်ရှားဆုံးကတော့ ဒေါသကြီးတဲ့ အကြမ်းဖက်သမားကြီး အင်္ဂါသား Ares ဖြစ်ပါတယ် ။
၁၁ ။ Hephaestus ဟေဖေးစ်တပ်စ်
နတ်ဘုရားတွေ အားလုံးအတွက် လက်နက်တွေ ပြုလုပ်ပေးတဲ့ ပန်းပဲ ဆရာကြီး ဖြစ်ပါတယ် ။ မီးနဲ့ ပန်းပဲ သတ္တု ကျောက်သား တို့ရဲ့ နတ်ပါ ။ မီးတောင် နဲ့လဲ ဆိုင်ပါသေးတယ် ။ ဇုဇ်နဲ့ ဟေရာတို့ရဲ့ သားလည်းဖြစ်ပါတယ် ။ အပရိုဒိုက်တီက သူ့ညီအကို နဲ့ ကြိုက်ပြီး သူနဲ့ ညားတာပါ ။
၁၂ ။ Hermes ဟားမီးစ်
ဟားမေးစ်ကတော့ သတင်းတွေ ပို့ပေးရသူ နတ်သားဖြစ်ပါတယ် ။ ကုန်သွယ်ရေး ၊ ခိုးခြင်းနဲ့ ကစားပွဲ တို့ ရဲ့ နတ်မင်းဖြစ်ပါတယ် ။ ကုန်သွယ်ရေး အမှတ်တံဆိတ် ဖြစ်တဲ့ မြွေ နှစ်ကောင် ခွေနေတဲ့ ကျိုင်းတံရယ် ၊ အတောင်ပံပါသော ဖိနပ်လေးများရယ် ၊ အခွံ ဦးထုပ်တလုံးရယ် ၊ ငှက်ကြီး ဝန်ပိုနဲ့ လိပ် တို့က သူရဲ့ အမှတ်အသားများဖြစ်ပါတယ် ။ ဇုဇ်နတ်မင်းကြီးနဲ့ ကြယ်စင်ခွန်နှစ်ဖော် နတ်သမီး ၇ယောက်ထဲမှ အကြီးဆုံးနတ်သမီးနဲ့ ရတာပါ ။ ( ဟားမေးစ် တံဆိတ် လက်ကိုင်အိပ်ကတော့ ဒေါ်လာ သောင်းဂဏန်းပတ်ဝန်းကျင်ရှိပါတယ် :D )
ဒီပုံလေးတွေကို ကြည့်ရင်တော့ အနည်းငယ် နားလည်မယ် ထင်ပါရဲ့ :P
အိုလမ်ပီယာတောင်ကြီးမှာ နေထိုင်ကြီးစိုးနေကြသော နတ်တွေကတော့ များသောအားဖြင့် ဇုဇ်နတ်မင်းကြီး ၊ သူရဲ့ အစ်ကို အစ်မများ ဖြစ်ကြတဲ့ ပွေစိုက်ဒွန်၊ ဟေးစ်တီယာ ၊ဒေမီတာ နဲ့ ဟေရာ မောင်နှမ ငါးယောက် အပြင် ဇုဇ်ရဲ့ သားသမီးတချို့ စုစုပေါင်း ၁၂ ယောက်နေထိုင်ကြတယ် လို့ ပြောရင် ရပါတယ် ။
Hedes ဟေးဒီးစ်
ခုပြောမှာကျန်နေသေးတဲ့ ဇုဇ်ရဲ့ အကို နောက်တယောက် ( အားလုံး ညီကိုမောင်နှမ ၆ယောက် ရှိတယ်နော် ) ငရဲမင်းကြီး ဟေးဒီးစ် Hedes ဖြစ်ပါတယ် ။ သူကတော့ ငရဲပြည်မှာပဲနေတယ် အိုလမ်ပီယာတောင်ကို လုံးဝ မလာပါဘူး ။ သူက မြေအောက်ကမ္ဘာရဲ့ အရှင်သခင် ။ သူသေနဲ့ သူချမ်းသာတို့ရဲ့ ဘုရင် ( သူသေနဲ့ သူချမ်းသာ တွဲထားပုံက ကြောက်စရာကြီးနော် ) သူက အိုလမ်ပီယာ သခင်ကြီး ပထမ မျိုးဆက် ခရိုနိုစ် ( Cronos ) နဲ့ ရီးယ ( Riea ) တို့က မွေးတဲ့ မောင်နှမ ခြောက်ယောက်မှာ အကြီးဆုံးသားကြီး ဖြစ်ပါတယ် ( ပုံမှာကြည့်ပါ ) ။ သူရဲ့ ရောမနာမည်က ပလုတို ( Pluto ) ပါ ။ ပလူတို ဆိုတာ ချမ်းသာခြင်းလို့ အဓိပ္ဗါယ်ရပါတယ် ။ Hestia ရဲ့ မောင် Zeus, Poseidon, Hera နဲ့ Demeter တို့ အားလုံးရဲ့ အကိုကြီးဖြစ်ပါတယ် ။ နာမည်ကျော် အိုလမ်ပီယားသား ၁၂ ဦးထဲမှာ မပါပေမယ့် Big Three Brothers ထဲမှ တယောက်ပေါ့နော် ။ သူရဲ့ လက်နက်ကတော့ Helm လို့ခေါ်တဲ့ ကိုယ်ပျောက် ဦးဆောင်းဖြစ်ပါတယ် ။
Persephone ပါ့စ်ဖီးနီး
နောက်တယောက်က ငရဲမင်းကြီး Hedes ဟေးဒီးစ် အပိုင်စီးပြီး ငရဲပြည်ကို ခိုးပြေးသွားတဲ့ Persephone ပါ့စ်ဖီးနီး ဖြစ်ပါတယ် ။ သူမက ဇုဇ်နတ်မင်းကြီးနဲ့ ညီမတော် ဒေမီတာ Demeter တို့ ရဲ့ သမီးဖြစ်ပါတယ် ။ ( တူမအရင်းကို ပြန်ခိုးပြေးလာတာပါ ) မြေအောက် ငရဲကမ္ဘာရဲ့ အရှင်သခင်မ နွေဦးရာသီရဲ့ နတ်ဘုရားမ ဖြစ်ပါတယ် ။ သူမကို ဟေးဒီစ် ခိုးပြေးတုန်းက သူမရဲ့ အမေ ဒေမီတာ နတ်သမီးက လိုက်ရှာ ပြီး ပုန်းနေကြသောကြောင့် ထိုနှစ်မှာကမ္ဘာမြေပေါ်မှာ ကောက်ပဲသီးနှံများ လုံးဝ မသီးကြပါဘူးလို့ ယူဆကြပါတယ် ။ ဇုဇ်က တခါတရံ သူ့သမီးကို သူ့အမေနဲ့ ပေးတွေ့ဘို့ ဟေးဒီးစ်ကို အမိန့်ထုတ်ထားပါတယ် ။ ဟေးဒီးစ်ကလဲ လိုက်နာပါတယ် ။ ဒါပေမယ့် ဟေးဒီးစ်က ပါ့စ်ဖီးနီး ကို ခိုးပြေးတဲ့ အချိန်မှာ သလဲသီး ခြောက်စေ့ကို ကျွေးထားသောကြောင့် ပါ့စ်ဖီးနီးဟာ နှစ်တစ်နှစ်ရဲ့ ၆လ တာကို ငရဲပြည်ကို ပြန်လာရပါတယ် ။ ဒါကြောင့် လူ့ပြည်မှာ ခြောက်လမှာ ပန်းပွင့် သစ်သီးများ ဖူးပွင့် ပေမယ့် ကျန်တဲ့ ခြောက်လမှာ ရင့်မည့်ကြွေကျရပါတယ် ။
ကျန်တဲ့ မိသားစုဝင်တွေကတော့
၁ ။ Asclepius - ဆေးဝါးနဲ့ ကုသခြင်းဆိုင်ရာ နတ်သား Apolo အပိုလိုရဲ့သား
၂ ။ Eros - လို့ခေါ်တဲ့ Cupid ကျူးပစ်နတ်သား ၊ လိင် ၊ အချစ် နဲ့ လှပမှု နတ်သားဖြစ်ပါတယ် အောင်သွယ်တော် အလုပ်နဲ့ သန္ဒေအောင်ခြင်းများကို ဆုတောင်းနိုင်ပါတယ် ။ လေးနဲ့ မြားကို အစဉ်လွယ်ထားပါတယ် ။ ခုခေတ် ကင်မရာမန်းတွေလိုပေါ့ :D Eros ဆိုတဲ့ အမျိုးသမီး အတွင်းခံ ဘရာစီယာ တံဆိပ် ရှိပါတယ် ။
၃ ။ Pan - ဆိုတဲ့ နတ်သားကတော့ သဘာဝတောရိုင်း နတ်သားဖြစ်ပါတယ် ။ သစ်တော တေးဂီတ ဆိုင်ရာ နတ်သားရိုးရိုးပါ ။ picnic ပစ်ကနစ် ဆိုတဲ့ စကားလုံးက သူက ဆင်းသက်လာတာပါ ။
မိုင်နာဖြစ်တဲ့ နတ်အများကတော့ ဒီလစ်စ်ထဲမှာ ပဲ လေ့လာ ကြည့်နိုင်ပါတယ် ။ တချို့တွေက ကုန်ပစ္စည်းနာမည်တွေ အဖြစ်နဲ့ ယူသုံးထားတဲ့ အတွက် ဘာကုန်ပစ္စည်းက ဘာအဓိပ္ဗါယ်လဲ ဆိုတာ သိရတဲ့ အတွက် ကျမ အတွက် စိတ်ဝင်စားစရာကြီးပါ ။
Minor residents of Mount Olympus
The following gods, goddesses, and demigods were not usually counted as Olympians, although they had close ties to them.
- Aeolus - King of the winds, keeper of the Anemoi, master of the seasonal winds.
- Amphitrite - Queen of the Sea, mother of Triton and wife of Poseidon.
- Anemoi – The personifications of the four wind directions (North, South, East and West).
- Aura - Goddess of cool breezes and fresh air.
- Bia – Personification of force.
- Circe - minor goddess of magic, not to be confused with Hecate.
- Deimos - God of terror, son of Ares and brother of Phobos.
- Dione – Oceanid; Mother of Aphrodite by Zeus in Homer's version.
- Eileithyia – Goddess of childbirth; daughter of Hera and Zeus.
- Enyo - A goddess of warfare, companion of Ares. She was also the sister of Ares in some cases. In those cases, her parents are Zeus and Hera.
- Eos – Personification of dawn.
- Eris – Goddess of discord and strife.
- Ganymede – Cupbearer of the gods' palace at Olympus.
- Graces - Goddesses of beauty and attendants of Aphrodite and Hera.
- Harmonia - Goddess of concord and harmony, opposite of Eris, daughter of Aphrodite.
- Hecate - Goddess associated with magic, witches and crossroads.
- Helios - Titan; personification of the sun.
- Horae – Wardens of Olympus.
- Hypnos - God of sleep, father of Morpheus and son of Nyx.
- Iris – Personification of the Rainbow, also the messenger of Olympus along with Hermes.
- Kratos – Personification of power.
- Leto – Titaness of the unseen; the mother of Apollo and Artemis.
- Moirai - The 'Fates'. Clotho (the spinner), Lachesis (the allotter) and Atropos (the unturnable).
- Momus - God of satire, mockery, satires, and poets.
- Morpheus – God of dreams.
- Muses – Nine goddesses of science and arts. Their names are Calliope, Urania, Clio, Polyhymnia, Melpomene, Terpsichore, Thalia, Euterpe, and Erato.
- Nemesis – Greek goddess of retribution and revenge, daughter of Nyx.
- Nike – Goddess of victory.
- Nyx - Goddess of night.
- Paean – Physician of the gods.
- Perseus – Son of Zeus, slayer of Medusa, the legendary founder of Mycenae and of the Perseid dynasty.
- Phobos - God of fear, son of Ares and brother of Deimos.
- Selene – Titaness; personification of the moon.
- Styx - Goddess of the River Styx, the river where gods swear oaths on.
- Thanatos - God of Death, sometimes a personification of Death.
- Theseus - Son of Poseidon, first Hero of Athens and slayer of the Minotaur.
- Triton - Messenger of the Seas, son of Poseidon and Amphitrite. He holds a twisted conch shell.
- Tyche - Goddess of Luck.
- Zelus – Personification of Emulation.
ဒီနတ်တွေကို ကြည့်ပြီး ကျမတို့ မြန်မာ နတ်မင်းကြီးတွေ ရဲ့ အယူအဆတွေနဲ့ ဆင်တူယိုးမှား ရှိနေတာလေးတွေကို သတိရမိပါတယ် ။ နတ်ကို သူတို့လဲ ကိုယ်းကွယ်ကြတာပဲနော် ။:P
Percy Jackson and the lighting thief ကိုကြည့်ပြီး စူးစမ်းဖွေရှာ မှုလေးပါ ။ ရုပ်ရှင် အကြောင်းလဲ ရေးချင် တယ် ။ နောက်တပိုစ်ဖြစ်မယ် ထင်တယ် ။ ပြီးရင် ဒီ weekend မှာ Percy Jackson and sea of monster သွားကြည့်မယ် ။ သေချာ သိထားရင် ကြည့်ရတာ ပိုအရသာ ရှိမယ် ထင်တယ် ။
ဒီထက်ပိုပြီး စိတ်ဝင်စားဘို့ကောင်းတာက မြန်မာတွေမှာလဲ သကြားမင်း တို့ ငရဲမင်းတို့ ရှိတယ် ။ သူတို့ချင်းလဲ မတည့်ဘူး ။ သားမက်နဲ့ ယောက္ခမ မတည့်ကြဘူး ။ ဝရဇိန်လက်နက်လဲ ဂရိ နတ်ဘုရားမှာရော မြန်မာ သကြားမင်းဆီမှာ ပါရှိတယ် ။ လိုက်ရှာ ဖတ်ရင် မဆုံးနိုင်လောက်ပါဘူး ။ :D
ဒီထက်ပိုပြီး စိတ်ဝင်စားဘို့ကောင်းတာက မြန်မာတွေမှာလဲ သကြားမင်း တို့ ငရဲမင်းတို့ ရှိတယ် ။ သူတို့ချင်းလဲ မတည့်ဘူး ။ သားမက်နဲ့ ယောက္ခမ မတည့်ကြဘူး ။ ဝရဇိန်လက်နက်လဲ ဂရိ နတ်ဘုရားမှာရော မြန်မာ သကြားမင်းဆီမှာ ပါရှိတယ် ။ လိုက်ရှာ ဖတ်ရင် မဆုံးနိုင်လောက်ပါဘူး ။ :D
ပျော်ရွှင်ပါစေ
မှ
ရေးသူ
P.S
ပြောရဦးမယ် Percy Jackson ဆိုတဲ့ Perseus ပါးဆီးယပ်စ် ဆိုတာ ဒုတိယ အကိုဖြစ်တဲ့ Big Three Brothers စာရင်းဝင် Poseidon နဲ့ သာမာန်လူသားမ တယောက်ရဲ့ သားပါ ။ Half blood ( Demigod ) သွေးနှော နတ်သားတဝက် လူတဝက် ဖြစ်ပါတယ် ။ သူက လူသားတွေကြားထဲမှာ ပဲနေထိုင်ပြီး တန်ခိုးရှိပါတယ် ။
P.S
ပြောရဦးမယ် Percy Jackson ဆိုတဲ့ Perseus ပါးဆီးယပ်စ် ဆိုတာ ဒုတိယ အကိုဖြစ်တဲ့ Big Three Brothers စာရင်းဝင် Poseidon နဲ့ သာမာန်လူသားမ တယောက်ရဲ့ သားပါ ။ Half blood ( Demigod ) သွေးနှော နတ်သားတဝက် လူတဝက် ဖြစ်ပါတယ် ။ သူက လူသားတွေကြားထဲမှာ ပဲနေထိုင်ပြီး တန်ခိုးရှိပါတယ် ။
![]() |
Olympians တောင်မှ နတ်မင်းကြီးများ |
![]() |
ငရဲမင်းကြီး ဟေးဒီးစ် Hedes |
![]() |
ငရဲမင်းကြီးရဲ့ မိန်းမ ပါ့စ်ဖီးနီး |
![]() |
Mount Olympia အိုလမ်ပီယာတောင်ကြီး |
![]() |
ဇုဇ် နတ်ချုပ်ကြီး Zeus |
![]() |
Athena စစ်နတ်သမီး |
![]() |
ရေနတ်မင်းကြီး ပွေစိုက်ဒွန် Poeseidon |
![]() |
Athena အသီနာ ၊ Zeus ဇုဇ် နှင့် Poesidon ပွေစိုက်ဒွန် |
မိုက်တယ်.. သိချင်တာတွေ သိလိုက်ရပြီ... :)
ReplyDelete:D...... ဖြုတ်ချလို့မရတော့ဘူး...
ReplyDeleteWow....... ဗဟုသုတတွေတထောကြီးရလိုက်တယ်... ကိုယ့်ဟာကိုရှာဖတ်ပြီး ဘာသာပြန်ရမှာပျင်းတဲ့ကိုယ့်အတွက် အဆင်သင့်ဘာသာပြန်ပေးတာလေးဖတ်ရတာ အရသာရှိလိုက်တာ... ကျေးကျေး
ReplyDeleteဟီး... ပျင်းစရာ မကောင်းဘူးလား
ReplyDeleteမိုက်တယ်... အဲ့လို အစုလျုက်ကြီး မသိဘူးဗျ... ဟိုတစ်စ ဒီတစ်စပဲ သိတာ... သိုင်းကျူး ဆိုးမက်.. :D
ReplyDeleteဝဲလခမ်းဝဲလခမ်း
ReplyDelete