Posts

Showing posts from February, 2014

စကော့ဈေးမှာ ချာလည်လည်

Image
ရန်ကုန်မှာရောက်နေတုန်း မပါမဖြစ် ပါအောင်ဝယ်လာခဲ့ချင်တာလေးတွေ ရှိတယ် ။ ဒါကြောင့် တခေါက်လောက်တော့ ဗိုလ်ချုပ်ဈေးကိုပြေးခဲ့တယ် ။ ဗိုလ်ချုပ်ဈေးကို ပြေးဘို့ ဆိုတာ ဒီနေ့ခေတ်လို ကားကျပ်ပုံနဲ့များများဝယ်စရာ မရှိရင် သွားချင်စိတ်တောင် မရှိတော့အောင်ပါပဲ ။ မြန်မာလို ဝတ်ရတာ ငယ်ကတည်းက နှစ်သက်တဲ့ အတွက် ခုလို ဝလာတဲ့ အချိန်မှာ ဆိုတော့ မြန်မာလိုပဲ ဝတ်ချင်မိတော့တယ် ။ ဒါပေမယ့် အဝေးကနေလှမ်းကြည့်ရင် မြန်မာမှန်းတန်းပြီး ဓာတ်ပေါက်သွားစေတဲ့ အဆင် အရောင် ဒီဇိုင်းတွေ မကြိုက်ဘူး ။  မြန်မာမှန်းသိသွားတာကို ပြောတာမဟုတ်ဘူးလေ ။ဟိုအရင်တုန်းကဆို ကုလားရောင်ဆိုတာ တို့တွေ ပြောပြောခဲ့ကြတာ သိတယ် မဟုတ်လား။ ခု တို့ဆီက လူတွေ အဲလိုတွေဝတ်နေကြပြီ ပြူးကြောင်ကြောင်တွေလေ ။ တော်ကြာ မြန်မာရောင်လို့ ပြောခံထိမှာ စိုးလို့ :D ဒါမျိုး ဒါမျိုး ဒါမျိုး ဒါမျိုး ဒါမျိုးကြီးတွေ ကြိုက်ဘူးတော့ တောကျတယ် ပဲဆိုဆို အရမ်း ဇတ်ဆန်တာပဲ ဟိုးအရင်က မြန်မာတွေ ဝတ်ပုံစားပုံလေးတွေက ယဉ်တယ် ။ အရောင်က အစ ။ ခုခေတ်က မြန်မာဒီဇိုင်းတွေ အရမ်းလှလာတယ်။ဒါပေမယ့်တချိုဒီဇိုင်းတွေကတော့ ဇတ်ထဲမှာ ဝတ်တဲ့ ဒီဇိုင်းမျိုကြီးတွေ causal မဖြစ်တဲ့ ဒ

ကိုယ့်ဝါသနာ

Image
ရှာတွေ့ရင် ထပ်တင်မယ်လို့ ပြောထားတယ်နော် ဟီးဟီးးးး

စနေရှင်းတမ်း

Image
ဒီတပတ် လဲ မအားပြန်ဘူး ကတိပေးထားတာလေးတွေကို ကျေအောင် ဆပ်နေရတယ် ။ မတတ်တဲ့ သူတွေက မပင်ပန်းဘူး ။ တတ်လဲ တတ် အားလဲ နာတော့ ကိုယ့် အတွက် အချိန်အားဆိုတာ မရှိတော့ဘူး ။ Jasmine  ထိုင်းကပြားမလေးဂျက်စမင်လေး အတွက် စင်ဒရဲလား ဝတ်စုံ မယ်လစ်ဆာ ရဲ့ အမ စမီရာ  Smira အတွက် ရေသူမလေး အေရီရယ် လူယောင်ဖန်ဆင်းရင် ဝတ်တဲ့ဝတ်စုံ    ကလေးတွေပဲ သိတယ် ဘယ်မင်းသမီးက ဘာဝတ်စုံ ဝတ်သလဲ ဆိုတာကို ။ သူတို့က အရောင်နဲ့ တကွ အညွှန်းပေးတာလေ ။ ကိုယ်က ဂူးဂဲလ်မှာ ပြန်ရှာ ပြီး ကြည့်ချုပ်ရတယ် ။ မမအိမ်းကတော့ အကုန်ကြိုက်နေတယ် ။  သူ့အတွက် ဆိုဖီယာ ဝတ်စုံတဲ့ ကျန်သေးတယ် ။ Sophia the First တဲ့ ။ ဒီမင်းသမီးလေးက တို့ငယ်ငယ်က ပေါ်တဲ့ မင်းသမီးလေး မဟုတ်ဘူး ။ ခုခေတ်မှာ ပေါ်လာတာ ။   :D မောာာဒယ်........ဟယ်.......  :P

တခါကတဘဝ

Image
ဒီဇင်ဘာမှာ ဘယ်တော့မှ မမေ့နိုင်တဲ့ အမှတ်တရလေးတွေ ရရှိခဲ့ဘူးတယ်…. သူတကာတွေလိုတော့ အချစ်အကြောင်းလေးတွေ မဟုတ်ပါဘူး…. ခရစ်ယာန်မဟုတ်တဲ့ကျမ …. ငယ်စဉ်ထဲက ခရစ်ယာန်တွေ ရှိတဲ့ အရပ်ဌာနမှာ မနေခဲ့ဘူးတော့ ခရစ်စမတ်ဆိုတာ နားစွန်းနားဖျားပဲ ကြားဘူးခဲ့တယ်လေ…. လွန်ခဲ့တဲ့ အနှစ် ၂၀လောက် ၁၉၉၁ ဆိုတဲ့ ကာလမှာ ... ဆယ်တန်းအောင်တာ ၃နှစ် ရှိပြီး… ကျောင်းတွေ မဖွင့်သေးခင်အချိန်ပေါ့ ။ တက္ကသိုလ်ဆိုတာ ဘယ်တော့ ရောက်မယ်မှန်း မသိတဲ့ အိမ်မက်တခု ဖြစ်ပြီး ယောင်လည်လည်ဖြစ်နေချိန်… တောင်ငူဘက်မှာ တာဝန်နဲ့ ပြောင်းရွှေ့လာတဲ့ ဦးလေး အရင်းက ကိုယ့်ကို သံတောင်မြို့နယ် လိပ်သိုလ် ဆိုတဲ့ မြို့ကလေးမှာ ဆရာမ လုပ်ခိုင်းခဲ့တယ်…       ဒီမြို့လေးဟာ ကရင်ပြည်နယ် သံတောင်မြို့နယ်မှာ တည်ရှိပါတယ် ။ တောင်ငူကနေ အရှေ့ဘက်ကို ကားနဲ့ တောင်တတ်လမ်းတွေ အတိုင်း ခရီးဆက်ရပါတယ်…  ( ဖေ့စဘွတ်မှာ ရေးခဲ့ဘူးတဲ့ notes နှစ်ခုကို ပေါင်းထားပါသည် ) ကရင်ပြည်နယ် ဟု ဆိုလိုက်ရင် ဖားစည် ဇွဲကပင် စသည်တို့ကို ပြေးမြင်မိမှာပါ ။ ဒါပေမယ့် ကရင်ပြည်နယ်အတွင်းမှ သံတောင်မြို့လေးကတော့ ကရင်ပြည်မကြီး ဖြစ်တဲ့ ဘားအံမြို့မှ တိုက်ရိုက်သွား၍မရပဲ....  ဖားစည် ဇွဲကပင်တို့နှင