Chilling in my own way

ခန်းဆီးတွေချုပ်ပြီးပြီ ဇာအကျီ်လေးလဲ ချုပ်ပြီးပြီ အခု သမီးဝတ်ဘို့ဂါဝန်လေးတွေချုပ်နေတာ စိတ်ချမ်းသာလိုက်တာ ... ငယ်ငယ်တုန်းကဆို အဲလိုလေးနေခဲ့တာ .... တချက်မှ မအားဘူး .... တခုမဟုတ် တခု လုပ်နေရမှ စိတ်ငြိမ်တာ .... ကိုယ့်စိတ်ကူးလေးနဲ့ ကိုယ်ဆိုတော့ ပတ်ဝန်းကျင်ကို သိပ်ဂရုမမူမိတဲ့အတွက် အလုပ်ပြီးတယ် .... ပညာလဲတိုးတယ် .... မှတ်မိသေးတယ် အလုပ်နဲ့ လက်နဲ့ မပြတ် နေခဲ့တဲ့ အရင်တုန်းက အခုထက်လဲ စိတ်အများကြီးချမ်းသာတယ်.... တိုလီမုတ်စ ပေါင်းစုံထည့်ထားတဲ့ ဘူးလေးတွေနဲ့ ကိုယ့်ရဲ့ ဘုံလေး ခန်းဆီးချုပ်ရတာ မပင်ပန်းပဲ အရမ်းပျင်းတယ် ပြီးကာနီးဝတ်ကြည့်တာ မပြီးသေးဘူး ဇာအကျီလေးက ရန်ကုန်က ညီမငယ်တယောက်ပို့ပေးတဲ့အစ ဆိုတော့ သူနဲ့ လိုက်တဲ့ လုံချည်စ မရှိသေးဘူး... ပိုးနက်ပြာပြောင်လေးဝယ်မယ် စိတ်ကူးထားတယ် ။ ဒီနေ့ ဝယ်လာတာလေးတွေ ဒီဘရန်းက အညွှန်းကောင်းတဲ့သူရှိလို့ ကြိုက်နေပြန်ပြီ သမီးလေးအကျီ ၂ထည်ပဲပြီးတယ် နေ့လည်က ထွက်ပြီး လမ်းသလားလိုက်သေးလို့ သမီးက မေမေ မြန်မာအကျီင်္ ဝတ်ချင်တယ် ဆိုလို့ ချုပ်ပေးရဦးမယ်... <3 <3 <3