Chilling in my own way
ခန်းဆီးတွေချုပ်ပြီးပြီ ဇာအကျီ်လေးလဲ ချုပ်ပြီးပြီ အခု သမီးဝတ်ဘို့ဂါဝန်လေးတွေချုပ်နေတာ စိတ်ချမ်းသာလိုက်တာ ...
ငယ်ငယ်တုန်းကဆို အဲလိုလေးနေခဲ့တာ .... တချက်မှ မအားဘူး .... တခုမဟုတ် တခု လုပ်နေရမှ စိတ်ငြိမ်တာ .... ကိုယ့်စိတ်ကူးလေးနဲ့ ကိုယ်ဆိုတော့ ပတ်ဝန်းကျင်ကို သိပ်ဂရုမမူမိတဲ့အတွက် အလုပ်ပြီးတယ် .... ပညာလဲတိုးတယ် ....
မှတ်မိသေးတယ် အလုပ်နဲ့ လက်နဲ့ မပြတ် နေခဲ့တဲ့ အရင်တုန်းက အခုထက်လဲ စိတ်အများကြီးချမ်းသာတယ်....
![]() |
တိုလီမုတ်စ ပေါင်းစုံထည့်ထားတဲ့ ဘူးလေးတွေနဲ့ ကိုယ့်ရဲ့ ဘုံလေး |
![]() |
ခန်းဆီးချုပ်ရတာ မပင်ပန်းပဲ အရမ်းပျင်းတယ် |
![]() |
ပြီးကာနီးဝတ်ကြည့်တာ မပြီးသေးဘူး |
ဇာအကျီလေးက ရန်ကုန်က ညီမငယ်တယောက်ပို့ပေးတဲ့အစ ဆိုတော့ သူနဲ့ လိုက်တဲ့ လုံချည်စ မရှိသေးဘူး... ပိုးနက်ပြာပြောင်လေးဝယ်မယ် စိတ်ကူးထားတယ် ။
![]() |
ဒီနေ့ ဝယ်လာတာလေးတွေ ဒီဘရန်းက အညွှန်းကောင်းတဲ့သူရှိလို့ ကြိုက်နေပြန်ပြီ |
![]() |
သမီးလေးအကျီ ၂ထည်ပဲပြီးတယ် နေ့လည်က ထွက်ပြီး လမ်းသလားလိုက်သေးလို့ |
သမီးက မေမေ မြန်မာအကျီင်္ ဝတ်ချင်တယ် ဆိုလို့ ချုပ်ပေးရဦးမယ်... <3 <3 <3
ဟယ်... သူငယ်ချင်း တော်ချက်ကတော့ တို့လည်း အဲလိုစက်ခုံဘုံကလေး လိုချင်သွားပြီ.. :)
ReplyDeleteကောင်းတယ် သယ်ချင်း ဝ်သနာတူရင် စကြမယ်လေ... :D
ReplyDeleteနင့်ဘလေယ့လဲ သွားဖတ်ပြီးပြီ ကော်မန့်ရေးလို့မရလို့ ဒီမှာ ပဲရေးတော့မယ်.... နင်ရေးထားတာ ကောင်းလို်ကတာ ငါပြောချင်နေတာနဲ့ ကွက်တိကျတယ်....
ReplyDelete:P
ReplyDeleteတို့လဲ အဲ့လို တစ်ခုမဟုတ် တစ်ခု လုပ်နေရမှ စိတ်ငြိမ်တယ် .... ရုပ်ရှင်ကြည့်ချင်ကြည့် .... မကြည့်ရင် စာအုပ်ဖတ် .... စာအုပ်မဖတ်ရရင် ကွန်ပြူတာ ကလိ :P
ReplyDeleteအချုပ်အလုပ်ကတော့ ကလေးပိစိတုန်းက ဘိုမရုပ်ဝတ်ဖို့ ဂါဝန်တွေ အပ်သေးသေးလေးနဲ့ လက်ချုပ်ချုပ်ဖူးတယ် :)
အမ လုပ်တတ်တာတွေ များလိုက်တာ .... ချုပ်ထားတဲ့ အကျီလေးတွေလည်းလှတယ်။
ဇာ အပြာလေးကို အောက်က ချိတ်ထမီလေးနဲ့ဝတ်ပါလား။
Nge.
ငယ်နဲ့ အမနဲ့က တူဒယ်ယေ..... အညားကြီးပဲ အဖွားချင်းတူတာကိုး.... :D
ReplyDelete