Posts

Showing posts with the label Hobby

အော်ဂဲနစ် ရောဂါ

Image
မွေးရပ်မြေ အဖြစ် ငယ်ဘဝထဲ က ၇တန်း အထိနေခဲ့တဲ့ စစ်တောင်းမြစ်ဘေးက မဒေါက် ဆိုတဲ့ မြို့လေးမှာနေတုန်းက သဘာဝရဲ့ အရသာကို ပြည့်ပြည့်ဝဝ ခံစားခဲ့ဘူးတယ် ။ ကြာခဲ့ပြီဆိုပေမယ့် လတ်ဆတ်တဲ့ အစား အသောက်ဆိုတာ မစားရလေ ပိုစားချင်လေ ။ မစားဘူးတဲ့သူတွေ အတွက် အထူးအဆန်း မဟုတ်ပေမယ့်  လတ်ဆတ်တဲ့ အရသာကိုစားဘူးတဲ့ သူတွေ အတွက် တမ်းတချက် ဘယ်လောက် နက်ရှိုင်းတယ် ဆိုတာ အဟဲ...... များသွားပြီ ထင်တယ် ....။ ငါကွ ဘလော့ဂါ....။ ညနေစောင်းပြီ ဆိုရင် တံငါသည် ဘကြီးတွေ ထမ်းလာတဲ့ ငါးဘတ်ကြီးတွေ ဆိုတာ သူတို့ အရပ်နဲ့ အညီ အကောင်ကြီးကြီးတွေ ။ ငါးဘတ်ပုတ်မွှေလို့ အမေခေါ်တဲ့ ဟင်းက မပုတ်ပဲ ချိုအိ လတ်ဆတ်နေတာပဲ ။ငါးလင်ပန်းဆိုတာကြီးတွေကျတော့ ဗန်းထဲထည့်ခွေလာရင် တဗန်းအပြည့်ပဲ ။ဝါးနှီးကြိုးတွေနဲ့ ထိုးဖောက်ချုပ်ပြီး အခွေလိုက် ထင်းမီးဖို ခေါင်မိုးမှာရှိတဲ့ ဝါးဆိုင်းစင်လေးပေါ်မှာ သုံးလေးရက်လောက် ကျပ်ကင်ပြီး နောက် ကြက်သွန်နီ အကွင်းလိုက်နဲ့ ငရုတ်ခွဲခြမ်းနဲ့ ကြော်ပေးရင် ငရုတ်သီးကလဲ ချိုတယ် ။  ကြက်သွန်ကလဲ ချိုတယ် ။ ငါးလင်ပန်းကြပ်တိုက်ကလဲ ချိုပြီးမွှေးတယ် ။ ထမင်းဖြူလေးနဲ့ဆို တခြားဘာမှ မပါပဲကို အရမ်းစားကောင်းတယ် ။ မဒေါက်ကို ...

home made

Image
စားစရာတွေ ဘက်ခြေဦးလှည့်လိုက်ပါဦးမယ်နော် ။ စိတ်လိုလက်ရရှိတုန်း ချက်စားမိတာလေးတွေပါ ။ ခုလေးပဲ supper စားချင်တယ် ဆိုလို့ ပလာတာ နဲ့ ကြက်ဥနဲ့ ကြော်စားတာ ဒါလေးကတော့ သမီးစားချင်တဲ့ Baked Pasta ဆိုင်မှာ စားရင် သမီးက တပန်ကန်လုံးကုန်အောင်စားတာ ။ ချက်ကြည့်တော့လဲ လွယ်လွယ်လေးပဲ ပစ္စည်းစုံတော့ ရှိနေရတာပေါ့လေ ။ ပါစတာကို အရင်ပြုတ် သိပ်အကြာကြီးတော့ မပြုတ်နဲ့ ။ နပ်လောက်ရင်တော်ပြီ ။  ပြီးရင် သမီးက အသီးအရွက် ခရမ်းချဉ်သီးနှစ်တွေ မထည့်စေချင်တော့ ကြက်ဥ တလုံး ၊ နွားနို့ ၊ ကြက်သွန်နီ ဥသေးတခြမ်း နဲ့ အဖြူ ဥတလုံးလေး တမွှာကို ဓားပြားရိုက် ၊ နုတ်နုတ်စင်းပြီး ထည့် ... အပေါ်က ချိစ်ကို ခြစ်ထည့်ပြီး အာဗန်ထဲမှာ ၅မိနစ်ဆိုကျက်ပြီ ။ အသား အနေနဲ့ Ham တို့ Bacon တို့ ပုဇွန်တို့ Scallop တို့ ထည့်ဖုတ်လို့ ရတယ် ..... ။ ကျမကတော့ ဘေကန်လေး ၂ပြားကို ရေဆေး ကပ်ကျေးနဲ့ ညှပ်ပြီး အရင် အာဗန်ထဲ ထည့်ကင်လိုက်တယ် ။ နဲနဲ ကြွပ်လာရင် ထည့်ဖုတ်လို်က်တယ် ... ။  ခုတလော လွယ်လို့ ခဏခဏ လုပ်ဖြစ်တယ် ကိုယ်တော့ မစားဘူး ဝလွယ်လို့ :D ။    ကိုယ်ချားဒါ ဒီမှာ ။ ချားချင်လို့ မဟုတ်ပေမယ့် ချားလဲ ပြီးရော ကြိ...

ကိုယ့်ဝါသနာ

Image
ရှာတွေ့ရင် ထပ်တင်မယ်လို့ ပြောထားတယ်နော် ဟီးဟီးးးး

စနေရှင်းတမ်း

Image
ဒီတပတ် လဲ မအားပြန်ဘူး ကတိပေးထားတာလေးတွေကို ကျေအောင် ဆပ်နေရတယ် ။ မတတ်တဲ့ သူတွေက မပင်ပန်းဘူး ။ တတ်လဲ တတ် အားလဲ နာတော့ ကိုယ့် အတွက် အချိန်အားဆိုတာ မရှိတော့ဘူး ။ Jasmine  ထိုင်းကပြားမလေးဂျက်စမင်လေး အတွက် စင်ဒရဲလား ဝတ်စုံ မယ်လစ်ဆာ ရဲ့ အမ စမီရာ  Smira အတွက် ရေသူမလေး အေရီရယ် လူယောင်ဖန်ဆင်းရင် ဝတ်တဲ့ဝတ်စုံ    ကလေးတွေပဲ သိတယ် ဘယ်မင်းသမီးက ဘာဝတ်စုံ ဝတ်သလဲ ဆိုတာကို ။ သူတို့က အရောင်နဲ့ တကွ အညွှန်းပေးတာလေ ။ ကိုယ်က ဂူးဂဲလ်မှာ ပြန်ရှာ ပြီး ကြည့်ချုပ်ရတယ် ။ မမအိမ်းကတော့ အကုန်ကြိုက်နေတယ် ။  သူ့အတွက် ဆိုဖီယာ ဝတ်စုံတဲ့ ကျန်သေးတယ် ။ Sophia the First တဲ့ ။ ဒီမင်းသမီးလေးက တို့ငယ်ငယ်က ပေါ်တဲ့ မင်းသမီးလေး မဟုတ်ဘူး ။ ခုခေတ်မှာ ပေါ်လာတာ ။   :D မောာာဒယ်........ဟယ်.......  :P

Two more

Image
ငယ်ငယ်တုန်းက ဝတ်ခဲ့ရတဲ့ ဂျူးလိယက် အကျီင်္

Chilling in my own way

Image
ခန်းဆီးတွေချုပ်ပြီးပြီ ဇာအကျီ်လေးလဲ ချုပ်ပြီးပြီ အခု သမီးဝတ်ဘို့ဂါဝန်လေးတွေချုပ်နေတာ စိတ်ချမ်းသာလိုက်တာ ... ငယ်ငယ်တုန်းကဆို အဲလိုလေးနေခဲ့တာ .... တချက်မှ မအားဘူး .... တခုမဟုတ် တခု လုပ်နေရမှ စိတ်ငြိမ်တာ .... ကိုယ့်စိတ်ကူးလေးနဲ့ ကိုယ်ဆိုတော့ ပတ်ဝန်းကျင်ကို သိပ်ဂရုမမူမိတဲ့အတွက် အလုပ်ပြီးတယ် .... ပညာလဲတိုးတယ် .... မှတ်မိသေးတယ် အလုပ်နဲ့ လက်နဲ့ မပြတ် နေခဲ့တဲ့ အရင်တုန်းက အခုထက်လဲ စိတ်အများကြီးချမ်းသာတယ်.... တိုလီမုတ်စ ပေါင်းစုံထည့်ထားတဲ့ ဘူးလေးတွေနဲ့ ကိုယ့်ရဲ့ ဘုံလေး ခန်းဆီးချုပ်ရတာ မပင်ပန်းပဲ အရမ်းပျင်းတယ် ပြီးကာနီးဝတ်ကြည့်တာ မပြီးသေးဘူး ဇာအကျီလေးက ရန်ကုန်က ညီမငယ်တယောက်ပို့ပေးတဲ့အစ ဆိုတော့ သူနဲ့ လိုက်တဲ့ လုံချည်စ မရှိသေးဘူး... ပိုးနက်ပြာပြောင်လေးဝယ်မယ် စိတ်ကူးထားတယ် ။ ဒီနေ့ ဝယ်လာတာလေးတွေ ဒီဘရန်းက အညွှန်းကောင်းတဲ့သူရှိလို့ ကြိုက်နေပြန်ပြီ သမီးလေးအကျီ ၂ထည်ပဲပြီးတယ် နေ့လည်က ထွက်ပြီး လမ်းသလားလိုက်သေးလို့ သမီးက မေမေ မြန်မာအကျီင်္ ဝတ်ချင်တယ် ဆိုလို့ ချုပ်ပေးရဦးမယ်... <3 <3 <3