home made
စားစရာတွေ ဘက်ခြေဦးလှည့်လိုက်ပါဦးမယ်နော် ။ စိတ်လိုလက်ရရှိတုန်း ချက်စားမိတာလေးတွေပါ ။
ခုလေးပဲ supper စားချင်တယ် ဆိုလို့ ပလာတာ နဲ့ ကြက်ဥနဲ့ ကြော်စားတာ
ဒါလေးကတော့ သမီးစားချင်တဲ့ Baked Pasta ဆိုင်မှာ စားရင် သမီးက တပန်ကန်လုံးကုန်အောင်စားတာ ။ ချက်ကြည့်တော့လဲ လွယ်လွယ်လေးပဲ ပစ္စည်းစုံတော့ ရှိနေရတာပေါ့လေ ။
ပါစတာကို အရင်ပြုတ် သိပ်အကြာကြီးတော့ မပြုတ်နဲ့ ။ နပ်လောက်ရင်တော်ပြီ ။ ပြီးရင် သမီးက အသီးအရွက် ခရမ်းချဉ်သီးနှစ်တွေ မထည့်စေချင်တော့ ကြက်ဥ တလုံး ၊ နွားနို့ ၊ ကြက်သွန်နီ ဥသေးတခြမ်း နဲ့ အဖြူ ဥတလုံးလေး တမွှာကို ဓားပြားရိုက် ၊ နုတ်နုတ်စင်းပြီး ထည့် ... အပေါ်က ချိစ်ကို ခြစ်ထည့်ပြီး အာဗန်ထဲမှာ ၅မိနစ်ဆိုကျက်ပြီ ။
အသား အနေနဲ့ Ham တို့ Bacon တို့ ပုဇွန်တို့ Scallop တို့ ထည့်ဖုတ်လို့ ရတယ် ..... ။ ကျမကတော့ ဘေကန်လေး ၂ပြားကို ရေဆေး ကပ်ကျေးနဲ့ ညှပ်ပြီး အရင် အာဗန်ထဲ ထည့်ကင်လိုက်တယ် ။ နဲနဲ ကြွပ်လာရင် ထည့်ဖုတ်လို်က်တယ် ... ။ ခုတလော လွယ်လို့ ခဏခဏ လုပ်ဖြစ်တယ် ကိုယ်တော့ မစားဘူး ဝလွယ်လို့ :D ။
ကိုယ်ချားဒါ ဒီမှာ ။ ချားချင်လို့ မဟုတ်ပေမယ့် ချားလဲ ပြီးရော ကြိုက်တယ် ။ အထဲမှာ ငပိရေပါထည့်သုတ်လိုက်ရင် မိုက်မယ်နော် ။ ဆီစာ ဆလတ်ရည် ထက်ပိုမို်က်မယ် ....။ ငြုတ်သီးကို ဂလို မိုက်ကလိုဝေ့ထဲ ၂မိနစ်လောက် ထည့်လှ့ည်ပြီး လက်နဲ့ မွမွ ခြေပြီးထည့်တယ် ။ မွှေးနေတာပဲ ။ သံလွင်ဆီ နဲ့ဆိုရင် အသုတ်က မွှေးပြီး မိုက်နေပြီ ။ နောက်တခါ ဆီစာဆလတ်ရည် မဝယ်တော့ဘူး ။
ဂျိုးဂျိုး ဂျွတ်ဂျွတ်မည်အောင် ရန်ကုန်က ဝယ်လာတဲ့ သီဟိုလ်စေ့ကို နဲနဲ သေးအောင် ဖဲ့ပြီး မိုက်ကလိုဝေ့နဲ့ လှည့်လိုက်တော့ သူလဲမွှေးတယ်။
သမီးက အဲလို အပြင်က အစာလေးတွေ မျက်စေ့ကျလာတော့ သူလဲ ကောင်းတာလေး စားရအောင် သူကိုယ်တိုင်လည်း ဝင်ရှည်ရင်း လုပ်တတ်အောင် သားမိနှစ်ယောက် အစာပေါင်းစုံထွင်နေကြတယ် ။ NTUC ကအသီးစစ်နဲ့ ဖျော်တဲ့ အရည်တွေ ရှာဝယ်ပြီး ဂလိုလေး လုပ်ကြတယ် ။ ဒီတခေါက်တော့ strawberry milk နဲ့ coffee milk နဲ့ သရက်သီးဖျော်ရည်လေးနဲ့ လုပ်ထားတာ။
လုပ်ရင်း လုပ်ရင်း တဆင့်တတ်လာတော့ ရေခဲချောင်း ice lollypop ဒါမှ မဟုတ် ice Popsicle လေးတွေ လုပ်ချင်လာတယ် ။ Daiso ၂ကျပ် ဆိုင်မှာ အဲဒီ ခွက်ကလေးတွေ ရလာတယ် ။ သူက အရည်ပျော်ရင် စုတ်ဖို့ စုတ်တဲ့ အတံလေးပါ ပါတယ် very thoughtful :D ။ စစခြင်း မရှိရှိတဲ့ အရည်တွေ လျှောက်ထည့်တာ နွားနို့ က တခု ၊ pomegranate juice သလဲသီးဖျော်ရည် ကတခု ၊ carrot juice ဥနီဖျော်ရည်က တခု ၊ နောက်ဆုံးတခုက မိုင်လို .... လှတယ်နော် ။
တဆင့်တတ်လာပြီနော် ။ နေ့လည်က NTUC မှာ ကျောက်ကျောမည်း ရယ် အုန်းနို့ ရယ်ဝယ်လာတယ် ။
ပြီးတော့ မြေပဲလေး မိုက်ကလိုဝေ့နဲ့ လှော်လိုက်ပြီးထောင်းလိုက်တယ် ။
စားကုန်သွားတဲ့ ခွက်၃ခွက်ကို အရင် ပြန်ထည့်မလို့ ။ အရင်ဆုံး အုန်းနို့လေးတွေ ထည့်လိုက်တယ် ။ ပြီးတော့ မြေပဲ မှု့န်လေးတွေ ထည့်လိုက်တယ် ။
အပြာလေးက ကော်ဖီနို့ ၊ အဝါလေးက သရက်သီးဖျော်ရည် ၊ အစိမ်းလေးက မကုန်သေးတဲ့ ဥနီဖျော်ရည် ၊ ပန်းရောင်လေးက စထရော်ဘယ်ရီနို့ မိုက်တယ်ကွာာာာာာ.......

ပျော်ရွှင်ပါစေ
မိုက်တယ်ကွာာာာာ ... ဒါမိုးလေးတွေ များများရေးပါ။
ReplyDeleteအိမ်မှာ ရှိနေတဲ့ မိုက်ကလိုဝေ့တစ်လုံးကို ဘာလုပ်ရမှန်းမသိလို့ သားအမိနှစ်ယောက် ပုံးထဲထည့်ထားတယ်။
ကော်ဖီဖျော်တဲ့ဟာလဲ မလုပ်တတ်လို့ ဗုံးထဲမှာပဲ။ :D။ အိမ်မှာနေတဲ့အချိန်ကနည်း နယ်မှာအနေများ ပြန်လာရင် အပြင်ထွက်နဲ့ ဒါမျိုးလေးတွေ စမ်းကြည့်ဦးမှ။
ငါ့ညီမလေးကတော့ သူ့အမ ဘာတင်တင် အားပေးတယ် ကွာ.... ဘလော့လေးလဲ ရေးဦးလေ..... တွေ့ရတော့မှာ မို့ အရမ်းပျော်နေတယ်ညီမလေးငယ်ရေ
Deleteရေခဲချောင်းစားမယ်.. ကြိုက်တယ်... ငါတော့ ခေါက်ဆွဲကိုပါ ထည့်ဖုတ်လိုက်တယ် နာရီဝက် ထားလိုက်တယ်... နောက်မှ ငါလည်း အဲဒါတွေ တင်ဦးမယ် ပုံကရှိတယ် တင်ဖို့အလှည့်မကျသေးတာ :D
ReplyDeleteရေခဲမုန့်လုပ်နည်းရှိသေးတယ် သယ်ချင်းရေ ငှက်ပျောသီး တမျိုးပဲ ပါတယ်... ထောပတ်သီးဆိုလဲ အဲတမျိုးပဲ ပါတယ် မွှေပြီးခဲလိုက်တာ အသီးစစ်နဲ့ လုပ်တဲ့ ရေခဲမုန့်လုပ်လို့ရတယ်
Deleteကြိုက်ကြိုက်တွေချည်းဘဲ
ReplyDeleteပြီးရင် စားတာလဲ မဟုတ်ဘူး နော် :D
Delete