Posts

Showing posts from October 9, 2013

Da Vinci Code ( 4 )

Image
In London lies a knight a Pope interred. His labor´s fruit a holy wrath incurred. You seek the orb that ought be on his tomb. It speaks of rosy flesh and seeded womb. ဆိုတဲ့ စာအရ  လန်ဒန်မြို့မှာ သူရဲကောင်း Knight တပါးကွယ်လွန်ခဲ့ရာ  A pope ဆိုတဲ့ ကဗျာဆရာဟာ ကဗျာကို ရွတ်ဖတ်ပေးခဲ့တာ ။ သူ့ရဲ့ အုတ်ဂူပေါ်မှာ သဲလွန်စရှာပါ ။  မနှင်းဆီရဲ့သွေးသား မျိုးစေ့ သန္ဓေ ကို ရှာတွေ့မှာ  လို့ ရေးထားခဲ့တယ် ။ Westminster Abbey ဘုရားကျောင်းထဲကိုဝင်လာပြီး ဆာအိုက်ဇက်နယူတန်ရဲ့ အုတ်ဂူကိုရှာတွေ့တဲ့အခါမှာ အုတ်ဂူပေါ်က အမှတ်အသားတွေအများကြီးထဲမှာ မိန်းမသန္ဓေနဲ့ တူတဲ့ ပုံသဏ္ဍာန်တူတာ ဘယ်အရာမှ မတွေ့ပါဘူး ။  ခောတ်အဆက်ဆက် နာမည်ကျော်ပုဂ္ဂိုလ်တို့ရဲ့ ရုပ်ကြွင်းများတည်ရှိတဲ့ Westminster Abbey ဘုရားကျောင်းမြေပုံ ကြမ်းပြင်ပေါ်ကို မျက်စေ့ရောက်သွားတဲ့ ဆိုဖီက ခြေရာတွေကို သတိထားမိလိုက်တဲ့ အခါမှ တိဘင်းတယောက်ထဲ ဒီကို ရောက်ရှိခဲ့ပြီမှန်း သိလိုက်ပါတယ် ။ ထိုအချိန်မှာ တိဘင်းပေါ်ထွက်လာပြီးြေ ပာလိုက်တာက ငါဒီနေရာကို ရောက်အောက်လာရတဲ့ အကြောင်းက ငါတသက်လုံးသုတေသနပြုလာတဲ့ ခရစ်တော်ရဲ့ ဇနီး မေရီမယ်ဒလင်း ရဲ့ ရုပ်ကြွင်းတကယ်ရှိတာ