Posts

Showing posts from April, 2014

မင်္ဂလာရှိသော အချစ်ဆုံးသူရဲ့ မွေးနေ့

Image
သမီးမွေးနေ့ကို စင်ကာပူပြန်ရောက်ပြီး မူကြို နဲ့ ပထမတန်းက သူငယ်ချင်းတွေ ရော ဆရာဆရာမအရင်းတွေရော ဖိတ်ပြီး ပါတီလေး လုပ်မလို့ကြိုတင် ကြံစည်ထားပေမယ့် မလုပ်တော့ဘူး ။ တလလောက်ကြိုပြီး စီစဉ်မလို့ ကျမ တယောက်ထဲ မလုပ်တတ်တာနဲ့ နောက်ကျပြီး ဘာမှ ဘွတ်ကင်မလုပ်မိလိုက်ဘူး ။ အဲတာလဲ ကောင်းပါတယ် ။ သမီးလေးကလဲ လိမ်မာတယ် ။ သမီးကြီးမှ ပါတီ လုပ်မယ်တဲ့ ။ ခုတော့ သူ့အတွက် လက်ဆောင် ကောင်းကောင်းလေး တခုပဲ ဝယ်ပေးလိုက်တယ် ။ သူ့ဘဝ အတွက် ရှေ့ရေးမှာ သုံးလို့ရအောင်လို့လေ ။ :) ဒီမွေးနေ့လေးမှာ သမီးလေး အတွက်အဓိပ္ဗါယ်ရှိတာလေးတွေ လုပ်ဖြစ်တယ် ။ အမှတ်တရ အနေနဲ့ ဘလော့မှာ မှတ်တမ်းတင်ထားဘို့တော့ ဒိတ်ယူထားလိုက်တယ် ။ ဒါပေမယ့် အားပြီး စိတ်လိုလက်ရရှိမှ ပဲ ရေးတော့မယ် ဆိုပြီး ခဏထားလိုက်တယ် ။ ဒီနှစ်သမီးလေး သိသိသာသာ ထွားလာတယ် ။ သူ့ရဲ့ အသုံးအဆောင် ပစ္စည်းလေးတွေကလဲ လူကြီးထက်တောင် များလာပြီ ။ စာအုပ်ကလဲ ကြိုက်တတ်တော့ စာအုပ်တွေဆိုလဲ အများကြီးဖြစ်နေပြီ ။ သူ့အတွက် ဘေဘီကော်နာလေး တခုတော့ လုပ်ပေးမှ ရတော့မယ် ။ နို့မို့ရင် တအိမ်လုံးသူ့ဟာတွေချည်းဖြစ်နေပြီ ဆိုပြီး အဲအတွက်ကို ကျကျ နန စိတ်ရောက်နေတာနဲ့ ဘလော့ဘက် မလှည့်ဖြစ်ဘူး ။ စာအုပ်စဥ

easy cooking

Image
သမီးနဲ့ ကိုယ်နဲ့ နှစ်ယောက်စာ ချက်လို့ လွယ်တာလေးတွေပဲ ချက်တယ် ။ ဆယ်လ်မွန်ငါးက အဲအတိုင်းအလွှာလေးတွေလာတာ ဆိုတော့ ဆီပူထိုးပြီး ကျက်တယ်ဆိုယုံလေးပဲ လုပ်လိုက်ပြီး ဂျပန်ဆော့စ်ဆမ်းလိုက်တာ စုစုပေါင်းမှ ၃မိနစ်လောက်ပဲကြာတယ် ။ ကျန်တဲ့ ဆီပူလေးကို ကြက်သွန်ဖြူ ဥတလုံးကြီးကြီးလေး တလုံးကို ဓားပြားရိုက်ပြီး နွမ်းအောင်လုပ် ပြီးရင် ပန်းပွင့်စိမ်းထဲ့ပြီး ရေစပ်စပ်လေးနဲ့ ဆားလေးနဲနဲ ထည့်လိုက်ရင် ရေလဲခမ်းစပြုရော စားလို့ရရော ။ ယိုးဒယားသင်္ဘောသီးသုတ် ကလဲ ထောင်းရတာ ဆိုတော့ သင်္ဘောသီးစိမ်းကို ငှက်ပျောသီး တလုံးစာလောက် ခြစ်လိုက်ပြီး ကျန်တာ အကုန် ထောင်းထည့်တာ ( မြေပဲလှော် ပုဇွန်ခြောက် ကြက်သွန်ဖြူ ဥတလုံး တခု ၊ ခရမ်းချဉ်သီး ပဲတောင့်ရှည် တချောင်းပိုင်းပြီးသား ၊ ဆားသကြား ၊ ရှာလကာရည် (သို့ ) သံပုရာရည်တို့နဲ့ ရောထောင်းလိုက်ယုံပဲ မြန်တယ် ။ ဒါကတော့ ကော့တေးလ်လို့ခေါ်တဲ့ NTUC ဝက်အူချောင်းလေးတွေနဲ့ ရွှေပဲသီးကြော် ဒါကသူငယ်ချင်း စူးမေးထားတဲ့ silver fishes ကို နနွင်းမှုန့် ဆားလူးပြီး အကျွတ်ကြော်စားလိုက်တာ ။ အရမ်းနုတော့ တခြမ်းက ဝါလာမှအချပ်လိုက် လှန်ရဲတယ် ။ အဲဒီ ချွန်ချွန်လေးအရွက်တွေကို ဝယ်လာပြီး ဘာလ

အပျင်း

Image
ပျင်းလို့ပါ :D London Bliss တော်ဝင်စင်တာ လေးထပ်မှာ လုပ်လာတာ ဒါကတော့Market place က Beauty Language မှာ လန်ဒန်ဘလစ်စ်က ကောင်မလေးတွေ သမီးကို လုပ်ပေးလိုက်တာ ဒါလဲ လန်ဒန်ဘလစ်စ်မှာပဲ ဒါကတော့ ကွကိုယ်လုပ်ထားတာ ခြေရောလက်ရော မကုန်ကုန်အောင်လုပ်နေရတယ် :S ဒါလဲ ကွကိုယ်ပဲ အဲအရောင် မကုန်မခြင်းပေါ့လေ :S

ဆံပင်ကျွတ်ရသော အကြောင်းများနဲ့ အိမ်တွင်းဆေး

http://beautytips4her.com/11-home-remedies-for-falling-hair/

သင့်စိတ်ဝိဥာဉ် ပွင့်လန်းနိုးထ သွားခဲ့လျှင် တွေ့ကြုံရမယ့် အချက် ၈ခု

By Steven Bancarz April 10, 2014 Self Discovery, Spirituality   စိတ်ဝိဥာဉ်ပွင့်လန်းနိုးထခြင်းကို ပုံစံအမျိုးမျိုးနဲ့ တွေ့ကြုံခံစားနိုင်ပါတယ် ။ ဒါပေမယ့် ဒီအချက်တွေကတော့ သင့်ရဲ့ စိတ်ဝိဥာဉ် အမှန်အကန် ပွင့်လန်းနိုးထ လာမှသာ တွေ့ရမယ့် အရာတွေပါ ။  There are many different “awakenings” one can have, but here are 8 signs that are certainly on the right track.    1. You’re more in touch with your spiritual foundations through transformative meditation:   ၁ ။ တကယ်တိုးတတ်ပြောင်းလဲသွားစေ နိုင်သော တရားအားထုတ်ခြင်းကနေ မှ တဆင့် သင့်စိတ်ဝိဥာဉ်ဆိုင်ရာ အခြေခံအကြောင်းခြင်းရာများကို ပိုမိုသိနားလည်လာခြင်း   မိမိကိုယ်ကို ကိုယ်တိုင်သိနားလည်ခြင်းဟာ အတ္တကိုဖယ်ခွာစေတယ် လို့ အဆိုရှိထားတယ် ။ ခန္ဒာကိုယ်မှာရှိတဲ့ ငယ်ထိပ် ၊ နှဖူး ၊ လည်မြို ၊ ရင်ညွန့် ၊ အရှိုက် ၊ ဝမ်းဗိုက် နဲ့ ဆီးစပ် ဆိုတဲ့ အဓိက ချက်ကရ ၇ချက် အစိတ်အပိုင်းတွေကနေတဆင့် ရှေးမွန်မဆွခင်ကတည်းက သင်ဟာ စင်္ကြဝဠာကြီးရဲ့ အင်္ဂါရပ်တခု ဖြစ်လာနေခဲ့ပြီးဖြစ်ကြောင်းနဲ့ ၊ ထိုအခြင်းအရာအား ဆင်ခြင်တုံတရားမဲ့ နေခဲ့သော ရှေးယခင်အချိန်ထဲက သိရှိလှုံ့ဆော်မှုက

GK

Image
photo.php I have many requests to re-post this! So here it is again! PLEASE SHARE To SAVE be sure to click photo then click SHARE so it will store on your personal page. Great information!! Cinnamon and Honey...! Drug companies won't like this one getting around. Facts on Honey and Cinnamon: It is found that a mix of honey and cinnamon cures most diseases. Honey is produced in most of the countries of the world. Scientists of today also note honey as very effective medicine for all kinds of diseases. Honey can be used without side effects which is also a plus. Today's science says that even though honey is sweet, when it is taken in the right dosage as a medicine, it does not harm even diabetic patients. Researched by western scientists: HEART DISEASES: Make a paste of honey and cinnamon powder, put it on toast instead of jelly and jam and eat it regularly for breakfast. It reduces the cholesterol and could potentially save one from heart attack. Also, even if you have already

အက်ဒမန် ကျွန်းသို့ ရောက်ခဲ့စဉ်က

Image
သမီး နဲနဲ ကြီးလာတော့ ကျမတို့ရဲ့ ရည်ရွယ်ချက်က သမီးနဲ့ကမ္ဘာကို တူတူလည်ကြည့်ချင်တယ် ။ ဒီနှစ်က စပြီး မြန်မာပြည်ကိုသွားနေတာတွေ ရပ်ပြီး တခြားနိုင်ငံတွေဘက်ကို စူးစမ်း မေးမြန်းရှာဖွေမှုတွေ လုပ်ရင်း တချိန်က မြန်မာပြည် အနှံ့ လျှောက်လည်ဘူးတာကို သတိရမိတယ် ။  မြန်မာပြည်က ရှုခင်းရေမြေတောတောင်တွေ ၊ နယ်ဘက် သဘာဝလေးတွေဟာ တခြားနိုင်ငံထက်မနိမ့်ဘူး လို့ စဉ်းစားနေမိတယ် ။ ငယ်ငယ်တုန်းက ရိုးရိုးကင်မရာ နဲ့ ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေ အရမ်းများခဲ့ပြီး ဘယ်ထားမှန်း မသိတော့ဘူး ။ ဓာတ်ပုံလေးတွေ ဘယ်လောက် လှလှ မျက်စေ့ နဲ့ မြင်ရတာ ကိုယ်တိုင်သွားခဲ့ရတဲ့ အရသာကို မမီဘူး ။  တချို့နေရာလေးတွေရဲ့ အလှအပတွေ ခုထိလှနေတုန်းပဲလား ပျက်စီးကုန်ပြီလားမသိတော့ဘူး ။ ရောက်ဘူးသမျှ နေရာတွေထဲမှာ မနေ့ကသွားထားသလို စွဲထင်ကျန်ခဲ့တဲ့ ဒေသလေးတွေ ရှိတယ် ။ ခုထိလဲ ပြန်သွားချင်သေးတယ် ။ တချိန်တုန်းကများဆို အညိုရောင်နယ်မြေတောင် မချန် ရအောင် လည်ပတ်ခဲ့ကြတာ ။  ခရီးလမ်းပန်း မတွင်တာတွေ တည်းခိုစရာ အဆင်မပြေတာတွေ လုံခြုံရေး မကောင်းတာတွေ အားလုံး အဆင်ပြေသွားရင် မြန်မာပြည်သားတွေကို အရင် ပြည်တွင်းခရီးသွားဘို့ တိုက်တွန်းချင်ပါတယ် ။ မြန်မာပြည်