အက်ဒမန် ကျွန်းသို့ ရောက်ခဲ့စဉ်က

သမီး နဲနဲ ကြီးလာတော့ ကျမတို့ရဲ့ ရည်ရွယ်ချက်က သမီးနဲ့ကမ္ဘာကို တူတူလည်ကြည့်ချင်တယ် ။ ဒီနှစ်က စပြီး မြန်မာပြည်ကိုသွားနေတာတွေ ရပ်ပြီး တခြားနိုင်ငံတွေဘက်ကို စူးစမ်း မေးမြန်းရှာဖွေမှုတွေ လုပ်ရင်း တချိန်က မြန်မာပြည် အနှံ့ လျှောက်လည်ဘူးတာကို သတိရမိတယ် ။

 မြန်မာပြည်က ရှုခင်းရေမြေတောတောင်တွေ ၊ နယ်ဘက် သဘာဝလေးတွေဟာ တခြားနိုင်ငံထက်မနိမ့်ဘူး လို့ စဉ်းစားနေမိတယ် ။ ငယ်ငယ်တုန်းက ရိုးရိုးကင်မရာ နဲ့ ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေ အရမ်းများခဲ့ပြီး ဘယ်ထားမှန်း မသိတော့ဘူး ။ ဓာတ်ပုံလေးတွေ ဘယ်လောက် လှလှ မျက်စေ့ နဲ့ မြင်ရတာ ကိုယ်တိုင်သွားခဲ့ရတဲ့ အရသာကို မမီဘူး ။ 

တချို့နေရာလေးတွေရဲ့ အလှအပတွေ ခုထိလှနေတုန်းပဲလား ပျက်စီးကုန်ပြီလားမသိတော့ဘူး ။ ရောက်ဘူးသမျှ နေရာတွေထဲမှာ မနေ့ကသွားထားသလို စွဲထင်ကျန်ခဲ့တဲ့ ဒေသလေးတွေ ရှိတယ် ။ ခုထိလဲ ပြန်သွားချင်သေးတယ် ။ တချိန်တုန်းကများဆို အညိုရောင်နယ်မြေတောင် မချန် ရအောင် လည်ပတ်ခဲ့ကြတာ ။ 

ခရီးလမ်းပန်း မတွင်တာတွေ တည်းခိုစရာ အဆင်မပြေတာတွေ လုံခြုံရေး မကောင်းတာတွေ အားလုံး အဆင်ပြေသွားရင် မြန်မာပြည်သားတွေကို အရင် ပြည်တွင်းခရီးသွားဘို့ တိုက်တွန်းချင်ပါတယ် ။ မြန်မာပြည်ဟာ အလွန်လှပတဲ့ နေရာ တခုပါ ။ 

စာကြည့်တိုက်တွေရောက်ရင်လဲ မြန်မာ ဆိုတဲ့ စာအုပ်တွေ ရှိတဲ့ ဘက်ကို သည်းသည်းမည်းမည်းရှာ ကြည့်မိတယ် ။ ဘယ်သူမှ မသိတဲ့ ကျမရဲ့ အစွဲပေါ့ ။ 

၁၉၉၆ ခုနှစ် ၉၇ ခုနှစ် တွေဟာ ခရီးတွေ တောက်လျှောက်ထွက်ခဲ့တာ မြန်မာပြည်တောင်ဘက်စွန်း good hope အငူကနေ မြောက်ဘက် အင်းတော်ကြီး အိုင်အထိ ပါပဲ ။ ချင်း ရခိုင် ကယား ပြည်နယ်တွေတော့ မပါဘူး ။ ကားတစီးနဲ့ သူငယ်ချင်းတွေ နဲ့ တူတူ သွားခဲ့ကြတာ ဒီတပတ် ပြန်ရောက် နောက်တပတ် ပြန်ထွက်တဲ့ အထိ ခရီးသွားခြင်းမှာ စွဲလမ်းခဲ့ကြတယ် ။ 

၉၇ ခုနှစ် ဆိုတော့ ပြန်တွက်ကြည့်ရင် နှစ်နှစ်ဆယ် ပြည့်ဘို့ ၃နှစ်ပဲ လိုတော့တာပေါ့ ။ ငယ်တုန်းကတော့ အလုပ်အားတာနဲ့ ခရီးထွက်ဘို့ပဲ သိတယ် ။ ပင်ပန်းတယ်ဆိုတာလဲ နားမလည်ဘူး ။ ကြောက်လဲ မကြောက်တတ်ဘူး ။ ကားထဲမှာ ဆီမကျန်တော့ရင် ဘယ်လိုနေရာမှာ ဖြည့်ရမယ် ဆိုတာလဲ သိတယ် ။ မြို့နှစ်မြို့ ကြားက လမ်းလည်ခေါင်မှာ ကားပျက်ရင် နီးစပ်ရာ နေရာက ဝပ်ရှော့ကိုလဲ လိုက်ရှာတတ်တယ် ။ တွေ့တဲ့ ဆိုင်ကယ်နောက်က လိုက်ပြီး ဝပ်ရှော့ ဆရာလဲ လိုက်ရှာဘူးတယ် ။ အဲတုန်းက ခေတ်က ကောင်းသေးတယ် ။ ခုလို ဆိုရင်တော့ မသွားရဲတော့ဘူး ။

အိမ်ကလူနဲ့ ကျမနဲ့ လက်မထပ်ခင် သူ့အလုပ်ရှိတဲ့ မြိတ်ကို သွားရင်း တနင်္သာရီတိုင်း ကော့သောင်းမြို့ကနေ မော်တော်ဘုတ်နဲ့ သွားခဲ့ရတဲ့ အက်ဒမန် ကျွန်းလေးဆီသွားခဲ့ဘူးတယ် ။ 

အဲဒီအချိန်တုန်းက ကုန်တင်ကုန်ချ မှောင်ခိုတွေ အလုပ်အရမ်းဖြစ်တဲ့ ဘိတ်(မြိတ်) သင်္ဘောဆိပ်
ရန်ကုန်ကနေ လေယာဉ်ပျံနဲ့ မြိတ်အထိ သွားရပါတယ် ။ မြိတ်မှာ အလုပ်ကိစ္စတွေ ပြီးမြောက်တော့ ။ ချက်ချင်းပဲ အတူပါလာတဲ့ တပည့်လေးကဇက်ဆိပ်ကို လိုက်ပို့ပြီး မော်တော်ဘုတ်လက်မှတ်ဝယ်ပြီး တင်္နသာရီတိုင်း မြိတ်ကျွန်းစုကို ဖြတ်လို့ ကော့သောင်းမြို့ ကို ထွက်လာခဲ့ကြပါတယ် ။ မြိတ်ကနေကော့သောင်းကို သွားဘို့ ပင်လယ်ကြီးကို ဖြတ်ရမယ်ဆိုတော့ အရမ်းကြောက်မိတယ် ။ ဘာဖြစ်လို့ ကားနဲ့ မသွားတာလဲ ဆိုတော့ ကားက အချိန်တိုင်း မရှိဘူး ။ ကြာလဲ ကြာတယ် ။ အဲဒီတုန်းက မော်တော်ဘုတ်စီးရမှာကြောက်ပေမယ့် တကယ် မမေ့နိုင်တဲ့ ရှုခင်းတွေကတော့ မော်တော်ဘုတ်ပေါ်ကနေ မြင်ခဲ့ရတဲ့ မြိတ်ကျွန်းစုရဲ့ အလှပါပဲ ။ 

စိမ်းပြာရောင်တောက်နေတဲ့ ပင်လယ်ထဲမှာ ရှိနေတဲ့ ကျွန်းလုံးတုံးလေးတွေ စုစုပေါင်း ၈၀၀ ကျော်တယ် ။ မော်တော်ဘုတ်ဘေးကနေလိုက်လာတဲ့ ကျွန်းလေးတွေ တခုပြီး တခု ။ လှလွန်းလို့ ချာချာလည်အောင် လိုက်ကြည့်ရင်း မကြည့်နိုင်တော့တဲ့ အထိမူးလာတယ် ။ တချို့ ကျွန်းတွေကလဲ ကျောက်ဆောင်တွေ ရှိသလို တချို့ကျွန်းတွေကျတော့ သဲဖြူဖြူလေးတွေက ဘောင်ခတ်ထားတယ် ။ 

 မော်တော်ဘုတ်လေး အခုလုံးမှာလဲ နိုင်ငံခြားသားတွေ အများကြီးပဲ ။ ဘာဖြစ်လို့များ လှပတဲ့ နေရာ တခုဆိုရင် ပြည်တွင်းကလူတွေ မသိသေးမရောက်သေးပဲ သူတို့က ရောက်နေရတာလဲ လို့တောင် စောကြောမိသေးတယ် ။

စိမ်းလဲ့တောက်ပနေတဲ့ ရေရဲ့ အရောင်ရယ် ကျွန်းတွေရဲ့ အစိမ်းရောင်ရယ်က မတူဘူး ။ အရမ်းလှတယ် ။ ထိုင်းနိုင်ငံ ဖူးခက် လှသလို လှတာထင်ပါတယ် ။ ရေမြေခြင်းနီးစပ်တော့ ပထဝီသဘာဝခြင်းလဲဆင်တူတယ် ထင်တယ် ။ မြိတ်ကျွန်းစုက တပန်းသာတာက တိုးရစ်စပေါ့ တခု မဟုတ်သေးတဲ့ အတွက် သဘာဝ အလှတွေ အများကြီး ကျန်သေးတယ် ။
 ကျမ ရိုက်ခဲ့တဲ့ ပုံတွေ ရှာမတွေ့တော့ဘူး ရန်ကုန်မှာရှိမယ်ထင်တယ် ။ ရှိလဲ ပျက်ကုန်ရောပေါ့ hard copy တွေ ဆိုတော့ ။ ဒီမှာပါလာတဲ့ ထဲက နဲနဲ ဂူးဂဲလ်က နဲနဲ ရှာဖွေပြီး တင်လိုက်ပါတယ် ။

တိုးရစ်တွေ မဖျက်စီးသေးတဲ့ အတွက် နဂိုအလှကို အပြည့်အဝ ခံစားရတယ် ။ အဲဒီနယ်က နယ်သူနယ်သားတွေလဲ စိတ်ဓာတ်က တိုးရစ်ဇန် စိတ်ဓာတ်မရှိသေးဘူး ။ ဆလုံလူမျိုးတွေရဲ့ နဂိုအလှကိုလဲ လေ့လာမယ်ဆို လေ့လာစရာတွေ အများကြီးပဲ ။


ဆလုံတွေ



တခြားနိုင်ငံက လူတွေ မမြင်အောင်ဖွက်ထားပြီး ကိုယ်နိုင်ငံက လူတွေကို သွားစေချင်တယ် ။ အရမ်းလှတဲ့ ဖုံးကွယ်နေတဲ့ မြန်မာ နိုင်ငံရဲ့ အလှတရားကို မြင်ပြီး စီးပွားရှာစားနေသူတွေက ထိုင်းတွေပါ ။ ကျမတို့ ကယန်းလူမျိုးတွေကိုလဲ သူတို့လူမျိုး ဆိုပြီးလုပ်ထားတယ် ။စိတ်ပျက်စရာကောင်းလောက်အောင် တကိုယ်ကောင်းဆန် သိုက်တူးတတ်တဲ့ အစိုးရလူကြီးတွေကို ပေါင်းပြီး  သူဌေးကျွန်းလို့ ခေါ်တဲ့ အက်ဒမန်ကျွန်းလေးကို နှစ် ၃၀ စာချုပ်နဲ့ ထိုင်းတွေက ငှားထားတယ် ။ ထိုင်းတွေက စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ အက်ဒမန်ကလပ်ဟော်တယ် လို့ခေါ်တဲ့ ကာစီနိုရှိတဲ့ ကြယ်ငါးပွင့် ဟော်တယ် တခုဆောက်ပြီး စီးပွားရှာခဲ့တယ် ။ ကျမတို့သွားမှာ အဲဒီဟော်တယ် ကိုပါ ။

ကာစီနိုရှိတဲ့ အတွက်နိုင်ငံတကာလှည့်ပြီး လောင်းကစားနေတဲ့ လောင်းကစားသမားတွေ ရောက်တတ်တဲ့ အတွက် တခါတလေ စည်ကားတတ်ပါတယ် ။ သူတို့က လာရင် အုပ်စုလိုက်ချိန်းပြီးလာတယ်လို့ ကြားဘူးတယ် ။ ဟော်တယ်မှာ အောက်ဒိုးရေကူးကန် တခုလဲရှိတယ် ။ တိတ်ဆိတ်ငြိမ်သက်မှု  အရှိဆုံးကာစီနိုလို့ တင်စားကြပါတယ် ။ ၁၈ကျင်း ဂေါ့ဖ်ကော့စ်လေးတခုလဲ ရှိပါတယ် ။ ဂေါ့ဖ်ရိုက်ချင်သူတွေလဲ လာကြမှာပေါ့နော် ။

ကော့သောင်းကိုရောက်တော့ မြို့မ ဇက်ဆိပ်ကနေ သူဌေးကျွန်းကို ထပ်ပြီးမော်တော်ဘုတ်စီးရဦးမှာ ။ နောက်ဆုံး ထွက်မယ့် မော်တော်ဘုတ်က ၁၂ နာရီ မထိုးခင်တဲ့ ။ မမီရင်ညအိပ်ရမှာ စိုးတော့ ကျမတို့ ၂ယောက်ပဲ တစီးလုံး၁သောင်းခွဲနဲ့ ငှားလိုက်ရတယ် ။ အဲတုန်းက ယူအက်စ်တဒေါ်လာကို ၈၀၀ လောက်ပဲရှိဦးမယ် ။ ကျန်တဲ့သူတွေက အရင်အဖွဲ့လိုက်တွေ သွားကုန်ကြပြီ ။ သူတို့က အဖွဲ့လိုက်လာတယ် ထင်ပါရဲ့ ။

ကော့သောင်းဇက်ဆိပ်မှာ နောက်က မြင်ရတဲ့ ဘုတ်ကလေးနဲ့ သွားရမှာ

ဘုတ်ပေါ်မှာ ကိုယ်ချည်းပဲ မောင်းတဲ့သူမလာခင်

သူဌေးကျွန်းကိုကပ်တော့ ကမ်းခြေကနေ ကားလေးနဲ့ တောင်ကုန်လေးပေါ်မှာ ရှိတဲ့ ဟော်တယ်ကို သွားရတယ် ။ အလွန်သာယာတဲ့ နေရာလေးပါပဲ ။

ဟော်တယ်က ကျမတို့ရောက်တဲ့ အချိန်မှာ စည်ကားနေတယ် ။ လူကြီးလမ်းကြောင်းရှိတယ် ။ ကာစီနိုသမားတွေလဲ အများကြီးရောက်နေတယ် ။ ကာစီနိုထဲ ဝင်ရင် တီရှပ် ဖိနပ်ပါး မဝတ်ရဘူးဆိုတဲ့ ကာစီနိုစည်းမျဉ်းကို အဲမှာ စကြားဘူးတာ ။:D တခါတလေ ရေကုးကြတယ် ။ Gym ထဲ ဝင်ပြီးဆော့ကြတယ် ။ တခါတလေ ဂျက်ပေါ့သွားဆွဲတယ် ။ သူ့ဟာလေးနဲ့သူ အေးချမ်းမှုလေးတော့ ရှိတယ် ။ တခါတလေလဲ လော်ဘီထဲမှာ ထိုင်းလူမျိုးတီးနေတဲ့ စန္ဒယားသံကို သွားနားထောင်ရင်း သွားဆိုဘို့ လာခေါ်တာကြောင့် ဆိုဖြစ်ခဲ့သေးတယ် ။ Sealed with a kiss ဆိုတဲ့ သီချင်းလေးနဲ့ oh carol သီချင်းလေး ဆိုခဲ့ဘူးတယ် ။



ညကျရင်တော့ ဖျော်ဖြေမှု အက အလှတွေ ကို သွားကြည့်ကြတယ် ။ သြစတေးလျက အကအဖွဲ့က ကတဲ့သူလေးတွေက အရုပ်မလေးတွေနဲ့တူတယ် ။ ပြီးတော့ သူတို့နဲ့ ဝိုင်းကြီး ပတ်ပတ် ကကြတယ် ။


ဟော်တယ်မှာ မြန်မာ ဝန်ထမ်းလေးတွေလဲ ရှိတယ် ။







ခုရော ဘယ်သူတွေ က စီမံခန့်ခွဲနေလဲ မသိတော့ဘူး ။ ပြည်မဘက်ကလဲ အဲဒီဟော်တယ် သတင်းမကြားရတဲ့ အပြင် ရှိမှန်းတောင် တချိုကမသိကြဘူး ။ ကြယ်ငါးပွင့် အဆင့်ရှိတယ် ဆိုလို့ လာတည်းကြတဲ့ သူတွေက တချို့က စိတ်ပျက်ကြပေမယ့် ။ နှစ်ပေါင်း ၁၇နှစ်အတွင်းမှာ အကြိမ်ပေါင်းရာကျော်လာတဲ့ နိုင်ငံခြားသားတွေလဲ ကြားဘူးတယ် ။ တချိုကကြတော့လဲ ဆားဗစ်ညံ့တယ်တဲ့ ။ တချို့ကကြတော့လဲ အကောင်းဆုံး လူလောကရဲ့ စိတ်ရှုပ်ထွေးမှုကနေ လွတ်မြောက်နိုင်တဲ့နေရာတခုတဲ့ ။



စနူကာဒိုက်ဗင်သမားတွေအတွက်ကတော့ အလှဆုံးနေရာတခုဆိုတာ သေချာတယ် ။ သူတို့က အရမ်းညွှန်းကြတယ် ။ ကျွန်းပေါ်ကုန်းမြင့်လေးမှာ ဆောက်ထားတဲ့ ဟော်တယ် အမြင့်ကနေ လှမ်းမျှော်ကြည့်ရတဲ့ ရှုခင်းကတော့ အရမ်းအရမ်းကိုလှတယ် ။ ကော့သောင်းရော ရနောင်းကိုပါမြင်နေရတဲ့ နှစ်နိုင်ငံကြားထဲက မြစ်က သောင်းရင်းမြစ်ထင်တယ် ။ သေချာတော့ မသိဘူး ။ အဲဒီမြစ်ရဲ့ ထိပ်တည့်တည့်နေရာဖြစ်မယ် ထင်တယ် ။


မြန်မာ ခရီးသွားလုပ်ငန်းတွေက သေချာ ကြေငြာတာ မကြားဘူးပေမယ့် ။ ထိုင်းကနေတဆင့် သွားချင်သူတွေ အတွက် အွန်လိုင်းကနေ ဘွတ်ကင် လွယ်လွယ်လုပ်လို့ရပါတယ် ။ ကျမသွားတုန်းက ကျမက မြန်မာ ဆိုတော့ အဲဒီကျွန်းကို တတ်ဘို့ အတွက် ပတ်စပို့ သတ်သတ် ထပ်လုပ်ရတယ် ။ ဇက်ဆိပ်မှာပဲ ။ ပတ်စပို့ဆိုပေမယ့် ၂ရွက်လောက်ပဲပါတဲ့ အဖြစ်ပေါ့ ။


ပုံတွေက မရှိရှိတာ တင်ရတာမို့ မျက်စေ့နောက်ရင် တောင်းပန်ပါတယ်နော် ။


Comments

  1. ရှုခင်းတွေလည်းလှ လူလည်းလှ .. တို့မမငယ်ငယ်က တို့တွေလန်းတယ်ဆိုတာထက် ၁၀ခါပြန်လန်းတယ်နော့။
    အခု အလုပ်မှာ တာဝန်က မြန်မာပြည် တောင်ဘက် တစ်ခြမ်းလုံး ပါတော့ အခွင့်ရတာနဲ့ မြိတ်ရုံးကို သွားလည်ဦးမယ် :) :) :)

    ReplyDelete
    Replies
    1. ဟားဟား.... ငယ်ကိုဘယ်မီလိမ့်မလဲ ငယ်ကမှ မိုက်တာ .... ဟီးး..... သွားသင့်တယ် ညီမလေး အင်းလေးထက် တောင်ပိုလှသေးတယ်

      Delete
  2. မင်းသမီးလေးကချစ်စရာလေး...

    ReplyDelete
    Replies
    1. ကျေးဇူး သူငယ်ချင်း ရေ အဲလောက် မဟုတ်ပါဘူး မှောင်မဲနေလို့ :D

      Delete

  3. ငယ်တုန်းက အဖေ့ oldies အခွေထဲမှာ အဲဒီသီချင်းလည်း ပါတယ်.. သီချင်းဆိုနေတဲ့ပုံလေးတော့ တကယ် ကြွေသွားပြီကွာ... :D တူချက်ကတော့ ငါလည်း ကြုံရင် မိုက်ခဲပဲ.. အဲဒီဘက်ပိုင်းတွေ တခါမှ မရောက်ဖူးသေးဘူး.. ရနောင်းကနေတော့ ကော့သောင်းကို လှမ်းမျှော်ကြည့်ခဲ့တယ်။ သူဌေးကျွန်းလည်း မရောက်ဖူး။ ရှိတာတော့သိတယ်။ ကြာလှပြီနော်။

    ReplyDelete
  4. ငါလဲ အဲတာ အဖေ့ ကက်ဆက်ခွေထဲက နားထောင်ပြီး ရနေတာ.... ရှိသေးတယ် I heard that bell goes ding dong ding dong..... ဟားဟား..... သူဌေးကျွန်းဘက်သွားပါလားသယ်ချင်း

    ReplyDelete
  5. ရှူခင်းတွေက အေးချမ်းပြီးလှလိုက်တာ ...... မကတော့ ပူတယ် ...... ပူ = hot ..... :P :D

    ReplyDelete
    Replies
    1. မက အမြဲ ပူတာလေ ဟိဟိ ဘိုက် ကျောတာ

      Delete

Post a Comment

Popular posts from this blog

သံဘယ်လိုချမလဲ

သံကောင် တုတ်ကောင် လျှော့မတွက်စေလို

စကော့ဈေးမှာ ချာလည်လည်