ပိုလာဘာလီ ( Palau Bali ) Kuta Beach + Discovery Kartika Hotel

ရေကူးကန်ထဲ ဆင်းလာတော့ သတိထားမိတာ ကန်ကိုကြွေပြားတွေနဲ့ အလှဆင်ထားတာ မဟုတ်ဘူး ။ သဘာဝ ကျောက်ပြားတွေ ခင်းထားတော့ အပြာရောင်တို့ ဘာတို့တော့ မဟုတ်ဘူး ။ စိမ်းရင့်ရောင်လေးဖြစ်နေတယ် ။ ကန်လယ်လောက်မှာ ဘားရှိတယ် ။ ဘိုတသိုက် ဖန်ခွက်လေးတွေ ကိုယ်စီနဲ့ ဟေးလားဝါးလားပဲ ။ လွပ်လပ်စွာ အာကျယ်ကျယ်နဲ့ ရီမောနေကြတယ် ။ သူတို့ အတွက် အကြိုက်ဖြစ်နေမှာပဲ ။ကောက်တေး သောက်မလားတို့ ဘာတို့ ဘာမှ လုပ်ချင်စိတ်မရှိဘူး ။ ခုထိ ပျော်စရာ တခုလို မမြင်သေးဘူး ။ ကန်ဘေးနားမှာ ကိုယ်ပတ်တဲ့ ပုဝါအကြီးတွေ ငှားတဲ့နေရာရှိတယ် ။ ဟော်တယ် ကဒ်မပါရင် ငှားလို့မရဘူး ။ လာတည်းတဲ့သူတွေ အတွက် ဂိမ်းတွေ ဆော့ပေးတဲ့ အစီစဉ်တွေ ရေးထားတဲ့ ဘုတ်ကိုတွေ့တယ် ။ ရက်ကြာနေသူတွေ အတွက်တော့ မိုက်တယ် ။ ဘာလီအက ကနည်း ။ ဘာလီစကားပြောနည်း ဖရီးသင်ပေးတာ ။ တခြားဂိမ်းတွေလဲ ရှိတယ် ။ ဘိုတယောက်က အော်လိုက်တယ် "ငါဝယ်လာတယ် Oakley ကွ ၁၀ပဲ တဲ့ ဟားဟားတဲ့ " လက်ထဲက မျက်မှန်ကိုမြှောက်ပြီးပြောနေတယ် ။ ကန်ထဲက လူတွေကလဲ လက်မတွေ လှမ်းထောင်ပြလိုက်တယ် ။ နေကာမျက်မှန်တွေ ရှော့ပင်းစင်တာထဲတွေ့လိုက်တယ် ။ တံဆိတ်အစုံပဲ ။ ပေါတာလေး တခုလောက် ဝယ်တတ်ချင်တာ ပြန်သာလာရော မဝယ်လို...