Posts

Showing posts from April 3, 2014

ပိုလာဘာလီ ( Discovery Spa + Turtle Island +Bye Bye )

Image
ဒီနေ့ မနက်စောစောထပြီး ဟော်တယ်က ကျွေးတဲ့ မနက်စာ စားပြီးရင် Spa သွားလုပ်မလို့။ မနေ့က ပြန်လာတော့ လမ်းမှာ သမီးက ရှူးပေါက်ချင်တယ် ဆိုတော့ ချီလီက Spa ဆိုင်တခုကိုလိုက်ပို့တယ် ။ ဆိုင်က တော်တော် လူများတယ် နှိပ်တာတွေ ဘာတွေ ကောင်းလို့နေမှာ ပေါ့ ။ ဒါပေမယ့် ကိုယ်က အိမ်သာဘက်ကို ထွက်ခဲ့တော့ စိုစိစိနဲ့ခြောက်သွေ့မှု မရှိဘူး ။ အဲတာနဲ့ ချီလီကို Spa ပို့ခိုင်းရင် အဲဒီဆိုင်ကြီးကို ပို့ပေးမှာ ကြောက်လို့ ဟော်တယ်က Spa မှာပဲ လုပ်မလို့ ရွေးလိုက်တယ် ။ သူအတွက် ကော်မရှင် ရတာတော့ ကိုယ်လဲ သဘောကျပါတယ်  ။ ဒါပေမယ့် အရည်ချင်းမရှိတဲ့ ဆားဗစ်တွေ ထိုးထည့်လာရင် မကြိုက်ဘူးလေ ။ ရှူးပေါက်တုန်းက ဝင်တဲ့ ဆိုင် အိမ်သာ ဒါပေမယ့် သမီးကို ပင်လယ်ဘက်ကို ဆင်းပြီး လမ်းလျှောက်ခရုကောက်မယ်လို့ပြောထားတော့ မနက် ၆နာရီထပြီး ကမန်းကတန်းလိုက်ပို့ပေးသေးတယ် ။ အဲဒီက အပြန်မှ ရေချိုးပြီး မနက်စာစားကြမှာ ။ သမီးကပင်လယ်ပြင်ကျယ်ကြီး မမြင်ဘူးတော့ သူခရုလေးတွေကောက်ချင်တာကို တကောက်ကောက်လိုက်ပြီး လမ်းတော်တော် လျှောက်ဖြစ်လိုက်ကြသေးတယ် ။ ပင်လယ်က တော်တော်ဝေးဝေးရောက်တဲ့ အထိ တိမ်တိမ်လေး ။ ချောင်းသာလို ရေတိမ်လေး ။ ဘာလီရောက်ထဲက ဝ