Posts

Showing posts from September 10, 2013

Lesson Notes for Myself (1)

Image
အင်္ဂလိပ်လို responce ဆိုတဲ့ တုန့်ပြန်မှု ဆိုတာ သက်ရောက်မှု တခုအတွက် တန်ပြန်သက်ရောက်မှု တခု ပြန်ပေးလိုက်ခြင်းလို့ သတ်မှတ်လို့ ရပါသည် ။ တုန့်ပြန်မှု ဆိုတာ လက်တုန့်ပြန်ခြင်း ၊ နှုတ်မှ ဖြေကြားခြင်း ၊ ကိုယ်အမူအယာဖြင့် ဖြေကြားခြင်း ၊ မျက်လုံးအကြည့်ဖြင့် နားလည်ကြောင်း ပြဆိုခြင်းတို့အပြင် ဆိတ်ဆိတ်နေခြင်းတို့လည်း ပါဝင်သည် ။ တဘက်သားရဲ့ တည်ရှိမှုကို အလေးဂရုပြုခြင်း အား ခပ်ကြမ်းကြမ်းပြောရမယ် ဆိုရင် အဖက်လုပ်ခြင်းဖြစ်သည် ။ တိုင်မှတ်လို့ နှပ်ချေးတောင် မသုတ်ဘူး ဟု ပြောတတ်သောသူအများအား ကျမအမြင်မှာတော့ အလွန် Ruthless ဖြစ်သော meatured စိတ်မရှိသော လူတို့၏အပြုအမူဖြစ်ပါသည် ။ မိမိကိုယ်တိုင်ရဲ့ တည်ရှိဖြစ်တည်မှု သည် အလွန်အရေးကြီးသည်ဟု ယူဆသင့်ပါက တဘက်သား၏ တည်ရှိမှုသည်လည်း အရေးပါသင့်ပါသည် ။ မိမိမှာ ပြောဆိုခွင့် ရှိသင့်လျင် သူသည်လည်း ရှိရပေမည် ။ မိမိမှာ ဆာလောင်ခွင့်ရှိလျင် သူသည်လဲ ရှိရပေမည် ။ မိမိမှာ နားနေခွင့်ရှိလျင် သူသည်လဲ ထို့အတူဖြစ်ရပေမည် ။ ဆင်လဲ ဆင် အလျောက် ပရွက်ဆိတ်လဲ ပရွက်ဆိတ်အလျောက်ဖြစ်တည်မှု ၊ ရှင်သန်မှု အတွက် ရုန်းကန်မှုတို့ ရှိပါသည် ။ ဆင်ကိုလဲ လေးစားသလို ပရွက်ဆိတ်ကိုလ