Lesson Notes for Myself (1)



အင်္ဂလိပ်လို responce ဆိုတဲ့ တုန့်ပြန်မှု ဆိုတာ သက်ရောက်မှု တခုအတွက် တန်ပြန်သက်ရောက်မှု တခု ပြန်ပေးလိုက်ခြင်းလို့ သတ်မှတ်လို့ ရပါသည် ။

တုန့်ပြန်မှု ဆိုတာ လက်တုန့်ပြန်ခြင်း ၊ နှုတ်မှ ဖြေကြားခြင်း ၊ ကိုယ်အမူအယာဖြင့် ဖြေကြားခြင်း ၊ မျက်လုံးအကြည့်ဖြင့် နားလည်ကြောင်း ပြဆိုခြင်းတို့အပြင် ဆိတ်ဆိတ်နေခြင်းတို့လည်း ပါဝင်သည် ။

တဘက်သားရဲ့ တည်ရှိမှုကို အလေးဂရုပြုခြင်း အား ခပ်ကြမ်းကြမ်းပြောရမယ် ဆိုရင် အဖက်လုပ်ခြင်းဖြစ်သည် ။

တိုင်မှတ်လို့ နှပ်ချေးတောင် မသုတ်ဘူး ဟု ပြောတတ်သောသူအများအား ကျမအမြင်မှာတော့ အလွန် Ruthless ဖြစ်သော meatured စိတ်မရှိသော လူတို့၏အပြုအမူဖြစ်ပါသည် ။ မိမိကိုယ်တိုင်ရဲ့ တည်ရှိဖြစ်တည်မှု သည် အလွန်အရေးကြီးသည်ဟု ယူဆသင့်ပါက တဘက်သား၏ တည်ရှိမှုသည်လည်း အရေးပါသင့်ပါသည် ။

မိမိမှာ ပြောဆိုခွင့် ရှိသင့်လျင် သူသည်လည်း ရှိရပေမည် ။ မိမိမှာ ဆာလောင်ခွင့်ရှိလျင် သူသည်လဲ ရှိရပေမည် ။ မိမိမှာ နားနေခွင့်ရှိလျင် သူသည်လဲ ထို့အတူဖြစ်ရပေမည် ။

ဆင်လဲ ဆင် အလျောက် ပရွက်ဆိတ်လဲ ပရွက်ဆိတ်အလျောက်ဖြစ်တည်မှု ၊ ရှင်သန်မှု အတွက် ရုန်းကန်မှုတို့ ရှိပါသည် ။ ဆင်ကိုလဲ လေးစားသလို ပရွက်ဆိတ်ကိုလည်းလေးစားသင့်ပေသည် ။

အဆူအကြုံ အနိမ့်အမြင့် အရောင်အရွယ် ကိုးကွယ်မှု ရိုးရာ ဘယ်အရာ ကိုမှ မခွဲခြား မဆက်ဆံသင့်ပေ ။ မိမိကစ လေးစားမှုကို ပြသင့်ပေသည် ။ မိမိကစ၍လေးစားမှုကို ပြတတ်သော သူများသည် လူသားစိတ်အပြည့်ရှိသူများ ဖြစ်သည် ။

Discrimination ဆိုတာ suburban ဖြစ်သည် ။ Generous သည် urban ဖြစ်သည် ။ ခွဲခြားတတ်သူများသည် ခေတ်မမီသောသူများဖြစ်သည် ။ အမုန်းတရားသည် Discrimination မှ အစပြုသည် ။ Discrimination သည် luck of sympathy ကိုယ်ချင်းစာတရား ချို့တဲ့ ပျက်ကွက်ခြင်းမှ စတင်သည် ။ Luck of Sympathy ကိုယ်ချင်းစာတရား ချို့တဲ့ပျက်ကွက်ခြင်းသည် ။ Narrow minded အမြင် အယူအဆ ကျဉ်းမြောင်းခြင်းမှ စတင်သည် ။

အမြင်ကျဉ်းသော သူသည် အယူအစွဲသန်သည် ။

ဘုရားဟောသော မေတ္တသုတ်တော်တွင်

ကရဏီယ မတ္ထကုသလေန
ယန္တ သန္တံ အဘိ သမေစ္စ
သက္ကော ဥဇူစ သုဟူဇူစ
သုဝစော စဿ မုဒု အနတိမာနီ ။

ငြိမ်သက်အေးချမ်းသော ၊ အမှန်ကို ဖောက်ထွင်း သိမြင်၍ ပညာဖြင့်ယှဉ်သော အတွေးအခေါ်ဖြင့် နေထိုင်လိုသော ပုဂ္ဂိုလ်သည် ဖြောင့်မတ်ရမည် ၊ အလွန်ဖြောင့်မတ်ရမည် ၊ ဆိုဆုံးမလွယ်ရမည် ၊ နူးညံ့ပျော့ပြောင်းရမည် ။

ဟု ဟောခဲ့သည် ။

ခေါင်းမာသူများ မပါချေ ၊ အမြင်ကျဉ်းသော သူများကို အားမပေးချေ ။

လူတိုင်းမှာ ဆဋ္ဌမအာရုံဆိုတာ ရှိလေသည် ။ ပုဂ္ဂိုလ်စောင့်ရှောက်သောကြောင့် ရလာသော ဣထ္ထိပတ် တမျိုး မဟုတ်ပေ ။ သူတထူး၏ မျက်နှာပြင် ကြွက်သား များ ၏ လှုပ်ရှားပုံ ၊ မျက်လုံးတွင်းမှ လျှပ်ပျက်သွားသော အရောင်၏ ပြောင်းလဲပုံ၊ အာဂလောင် အတွင်းမှ ကြွက်သား အဆင့်ဆင့်ကို ဖြတ်သန်းလာသော အသံ Tone ၏ အနိမ့်အမြင့် တို့သာမက တိတ်ဆိတ်မှုများက အစ ကျက်မိနေသော သူများသည် ထက်မြက်သော ဆဋ္ဌမအာရုံ ကို ပိုင်ဆိုင်ကြလေသည် ။ ထိုဆဋ္ဌမအာရုံကို အမှုမဲ့ အမှတ်မဲ့ နေတတ်သူများမှလွဲ၍ အချို့တိရစ္ဆာန်ကလေးများကပါ ပိုင်ဆိုင်ကြလေသည် ။

ထို့ကြောင့် မကျွမ်းကျင်လျှင် ဟန်မဆောင်သင့်ပေ ။

Do not underestimate one's six sense or overestimate it.

အထင်လဲ မသေးပါနဲ့ အထင်လဲ မကြီးပါနဲ့ ။ လူတယောက်၏ ဘဝတွင် သင်မြင်ရသော အပိုင်းသည် ရေပေါ်မှာ ပေါ်နေသော ကျွန်းတခု၏ အစိတ်အပိုင်း တခုကဲ့သို့ဖြစ်သည် ။ ငါထင်တဲ့ အတိုင်းပဲ ဆိုသော စကားသည် တော်တော် ဟာသမြောက်သော စကားဖြစ်သည် ။

မြင်မြင်ခြင်းချစ်မိသူတို့ မုန်းမိသူတို့သည် ဗဟုသုတချို့တဲ့သော အရပ်မှာပဲရှိတော့သည် ။ expect the unexpected ဆိုသောစကားသည် အမြင်ကျယ်သော စကားဖြစ်သည် ။

ချစ်ခြင်းနှင့် မုန်းခြင်းတို့ကို ကျော်လွှားနိုင်သူသည် မေတ္တာ ဆိုသော စကားလုံးကိုမြင်တွေ့ခံစားမိပေမည် ။

 မေတ္တာ တရား ခေါင်းပါးသောသူများသည် အထင်ကြီးသင့်သော သူများ မဟုတ်ပေ ။ မုန်းခြင်းရော ချစ်ခြင်းပါ အဂတိဖြစ်သည် ။ အဂတိ မပါပဲ နေထိုင်ရန် အလွန်ခက်ခဲသော အရာ မဟုတ်ပါ ။ သင်၏စိတ်တွင် တရားတခုသာ ကိန်းအောင်းဘို့ လိုအပ်ပါသည် ။ အဲဒါက အမှန်တရားကို ဦးစားပေးသောစိတ် ဖြစ်ပါသည် ။

ဒါပေမယ့် အမှန်တရားသည် အမြဲမှန်သော အရာတော့ မဟုတ်ပါချေ ။

သင့်၏မိဘ ဆွေမျိုး အသိုင်းအဝိုင်း သူငယ်ချင်း အဖော်တို့ကိုသာ မေတ္တာထားရန်မဟုတ် ။ ဖြစ်တည်မှု ( existance ) အားလုံးကို ကြည်လင်စွာ လက်ခံ ရန်ဖြစ်သည် ။ အရာအားလုံးသည် သူ့သဘောသူဆောင်သည် ။

(existence )ဖြစ်တည်မှု ရှိသော အရာအားလုံးသည် လေးစားသင့်သော အရာပင်ဖြစ်ပါသည် ။ အဖက်လုပ်ရန်ထိုက်တန်သည် ။ တဘက်သား၏ ရပ်တည်မှုကို အလေး မထားတတ်သောသူသည် ။ ရှင်ဘုရင်ပင်ဖြစ်လင့် ကစား ဆရာတဆူပင်ဖြစ်လင့်ကစား ကျွန်တော်မျိုးမ ၏ လေးစားမှု ဘယ်သောအခါမှ ရလိမ့်မည် မဟုတ်ပါချေ ။

အမှန်ကတော့ ဒီလိုလူသည် လောက တခုလုံး၏ အမှန်တရားကို မဆိုလင့် သာမာန် အမှန်တရားလေး တခုကိုတောင် ဆင်ခြင်တတ်သော စွမ်းရည် ချို့တဲ့သောကြောင့် သနားစရာ ကောင်းသူများဖြစ်သည် ။

လောကကြီးတွင် ကျင်လည်နေသော လူများသည် မစင်တွင်းကြီးထဲမှ လောက်ကောင်များဘဝကနေ လာသူများဖြစ်ပါသည် ။ လောက်ခြင်း အတူတူ သူ၏ အလျားက ပိုရှေ(ရှည်)သည် ။ ငါ၏ အလျားက ပိုရှေ(ရှည်) သည်ဟု တိုင်းတာနေပါလျင် ရှက်ဖွယ်ရာ တခုသာ ဖြစ်သည် ။

တဘက်သားကို အထင်အမြင်သေးသော အခါ အထင်သေးခံရသူသည် အထင်သေးသောသူလောက် သနားစရာ မကောင်းပါချေ ။ သင်သည် မနှစ်သက်သော အရာ တခုကို မကြားခြင် မမြင်ခြင်သောကြောင့် မျက်စေ့ကို ပိတ် နားကိုပိတ်ထားပါက ထိုအရာအပေါ်တွင် မျက်စေ့ဖွင့် နားစွင့်နေသူတို့ထက် နောက်ကောက်ကျမည်သာဖြစ်သည် ။


လောကကြီးအတွက် အယောက်တိုင်း အရာရာတိုင်း၏ အရည်အချင်း စွမ်းဆောင်ရည်များကို လိုအပ်သည့် အတွက် useless တယောက်မှ မပါချေ ။


ပျော်ရွှင်ပါစေ



ရေးသူ


P.S လူတဦးတယောက် အတွက် မဆိုလို အပစ်ပယ်ခံလူ အားလုံးအတွက် မေတ္တာဖြင့်ရေးပါသည် ။

Comments

  1. မှတ်သားစရာလေးတွေမှတ်သားသွားတယ်သူငယ်ချင်း...

    ReplyDelete
  2. လူတိုင်း သူ့နေရာနဲ့သူ အသုံးကျတာပဲ၊ လူတိုင်းမှာ သူ့ကိုလိုအပ်သူ အနည်းဆုံး တယောက်တော့ ရှိတယ်... ဆက်ရေး သူငယ်ချင်း..

    ReplyDelete
  3. ကျေးဇူးတင်ပါဒယ်.... တယ်ချင်းတို့ရေ... :D :)

    ReplyDelete
  4. expect the unexpected... (Y) I think it's a little hard for me :D :)

    ReplyDelete
  5. ငုတ်တုတ်မေ့နေတာပေါ့ ချင်းလေးက ဟိဟိ

    ReplyDelete
  6. ဖြစ်တည်မှု ရှိသော အရာအားလုံးသည် လေးစားသင့်သော အရာပင်ဖြစ်ပါသည် ။
    မှန်လိုက်တာ...

    ReplyDelete
    Replies
    1. လာလည်တာ ကျေးဇူးပါ သူငယ်ချင်း လသာည

      Delete

Post a Comment

Popular posts from this blog

သံဘယ်လိုချမလဲ

သံကောင် တုတ်ကောင် လျှော့မတွက်စေလို

စကော့ဈေးမှာ ချာလည်လည်