Posts

Showing posts from September, 2013

Connected Disconnected

Image
မီးပွိုင့်မကူးခင် ဒီဘက်ခြမ်းမှာထဲက ကားလမ်းဟိုဘက်ခြမ်းက ကိုယ်စီးမယ့်ဘတ်စကားကိုတွေ့နေရတယ် ။  ဘုရား... ဒီကားလွတ်သွားရင်နောက်ထပ် ၁၀မိနစ်ထက်စောင့်ရတော့မှာပဲ ။ အချိန်မမီတော့ဘူးထင်တယ်လို့တွေးရင်း မီးစိမ်းသွားတော့ အပြေးကလေး အမှီကူးလိုက်တယ် ။ ပြေးမယ့်သာ ပြေးရတာ လူတွေ ကားပေါ်ရောက်ကုန်ကြပြီ ။  အယ်..... ဘာပဲဖြစ်ဖြစ် ကြိုးစားကြည့်မယ် ။  အလောသုံးဆယ် ပြေးရင်းလွှားရင်း လက်ကတော့ ပြထားဦးမှ ။ ဒရိုင်ဘာမြင်လိုမြင်ငြားပေါ့နော် ။ ထင်တော့ မထင်ပါဘူး ။  ကိုယ်လဲ ကားနောက်နားလောက်ရောက်ရော ကားတံခါးပိတ်သွားရော...... ဟူးးးး ပြေးနေတဲ့ ခြေထောက်ကို ရပ်လိုက်မယ် ပြင်လိုက်စဉ်မှာ ကားတခါး ပြန်ပွင့်လာတာတွေ့လိုက်မိတယ် ။ ကမန်းကတန်း ကားပေါ်ပြေးတတ်ရင်း ကိုယ့် ကို စောင့်ပေးတဲ့ ဒရိုင်ဘာကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ပြောလိုက်ပြီး လက်မှတ်ကိုကပ်ကာ နောက်ဘက်သို့ ရွှေ့လာခဲ့လိုက်တယ် ။  ဒရိုင်ဘာက ကိုယ်နေရာမှာ သေချာရပ်လိုက်ပြီ ဆိုမှ ကားကို မောင်းထွက်ပေးလိုက်တဲ့ အချိန်မှာ တော့ သူ့ဘက်ကို မကြည့်မိတော့ပေမယ့် ။ ကိုယ့်ရဲ့ နောက်ကျောမှာ စိတ်ကလေးတခု ဖြတ် ဆို ကပ်လာခဲ့တာကို ခံစားလိုက်ရတယ် ။   ဓာတ်လှေခါးထဲ ဝင

Baking blueberry muffins

Image
အာဗန်ကို ၁၆၀ ဒီဂရီနဲ့ ၁၅မိနစ် အပူပေးပြီး စက္ကူခွက်လေးတွေ ဗန်းထဲထည့်ထားလိုက်တယ် Baking soda က ဝယ်ထားတာ တလကျော်ပြီ မို့လို့ Self rising Flour ပဲ နှစ်ခွက် ထည့်တယ် ။ ဆား Baking soda Baking podwer 1tea spoonpစီ ခက်ရင်းလေးနဲ့ပဲ မွှေလိုက်တယ် ပိုတဲ့ ဂျုံမှုန့်ကို ဘူထဲပြောင်းထည့်ချင်လို့ တံဆိတ်ညှပ်နေတာ အဲလိုမမှတ်ထားရင် မေ့ပြီးရောကုန်ရော :D နွားနို့ မလောက်ရင် ရောဘို့ နွားနို့ တခွက်ခွဲ ထောပတ် အရည်ဖြစ်ပြီးသား ၂၀၀ ဂရမ် သကြားတခွက် ရောခလောက်ထားတယ်  အမှုန့်တွေ မွှေထားတဲ့တဲ့ အရည်တွေ ရောမယ် အရည်တွေထဲ အနံ့အဖြစ်ေ၇ာဘို့ အမှန်က သစ်ဂျဘိုးခေါက်မှုန့်လေးဆို Muffin နဲ့ လိုက်တယ် အနံ့ တဇွန်းထည့်ခေါက် ကြက်ဥနှစ်လုံးသတ်သတ်ခေါက်ပြီး အရည်အဖွဲ့ထဲ ရောမယ် အရည်နဲ့ အမှုန့်ရောပြီးတော့ ပြစ်ပြစ်လေးဖြစ်တဲ့ အချိန် ရေဆေးပြီး စစ်ထားတဲ့ ဘလူးဘယ်ရီလေးတွေပါရောမယ် ဖြေးဖြေးပဲ ဇွန်းနဲ့ မွှေလိုက်တယ် ခွက်လေးတွေထဲ မျှထည့်တယ် ချိစ် အမှုန့်ကုန်နေလို့ အချပ် ၃ချပ်ကို ဆားနည်းနည်း သကြားနည်းနည်းနဲ့ လက်နဲ့ ခြေလိုက်တယ် မုန့်ပေါ်က ဖြူးလိုက်တယ် ၁၆၀ ဒီဂရီနဲ့ ၁၆မိနစ် ဖုတ်လိုက်တယ် ရပြီ အရမ်းစားကောင်းတယ် မနက်ဖန် သမီးကျောင်းက ကလေးတွေနဲ

အကို

Image
" ရွက်ဝါကြွေ........... နွေဦး............  လေရူး.......ပွေ.....စ..... ညနေဆည်းဆာ......... " " ဟင်းးးး... " တင်းကျပ်တဲ့ ခံစားချက်နဲ့ မျက်နှာကိုအုပ်ပြီး နားပါရောပိတ်ထားလိုက်မိသည် ။ မျက်ရည်ပူလေးတွေ မျက်လုံးထောင့်စွန်းမှာ တွဲလဲ ခိုချင်လာသည် .....။ အားတင်းပြီး စာကို အာရုံစိုက်ပြီး ကျက်လိုက်မိသည် ။ ဒီဇင်ဘာဆောင်းက ခိုက်ခိုက်တုန်အောင် ချမ်းနေပေမယ့်.... ပတ်ဝန်းကျင်ကို မေ့နေလောက်တဲ့ အထိ စိတ်တွေက မွန်းကျပ်လာသည် ။ ဝရန်တာက သံစကာ ကွက်နဲ့ မို့ ကိုယ်က အပြင်လောက အမှောင်ထုထဲကို မမြင်ရပေမယ့် ။  စိတ်ထဲမှာ ပုဆိုးရှည်ရှည်သပ်သပ် ယပ်ယပ် ဝတ်ဆင်ပြီး ..... ရှပ်လက်ရှည်အဖြူကို လက်ခေါက်ဝတ်ထားတဲ့ သူ့ အသွင်နဲ့....   မြင့်မားတဲ့ အရပ်နဲ့......... စည်းချက်ကျကျ ခပ်နှေးနှေး ဘယ်တလှမ်း ညာတလှမ်း အေးဆေးညင်သာစွာ လှမ်းနေမည်ကို ကိုယ်သိသည် ။  ကိုယ့်ဘက်ကိုလဲ မျက်နှာ မူနေမှာ မဟုတ်ဘူးဆိုတာ လဲ သိနေသေးတာပဲ....... ။ " ဥသြ... ရှင်.... နွေတေးရှင် ..ငှက်......... ပင်တိုင်းထက်မှာ...... သံ...သာ....သာ...... " တောက်.... "....... ဖေဖေ ဆင်းချသွားပြီ ။ အိမ်ကနေ လမ်းမကို ကူးတဲ့ မြောင်းကေ

Percy Jackson and Sea of the Monster ( 1 )

Image
 တောအုပ်ကြီးရဲ့ အလယ် Camps Half Blood အနီးမှာ ထိပ်လန့်ခြင်းများစွာနဲ့ Camps ဆီအရောက် ပြေးလွှားနေကြရသူများကတော့ ဆိုက်ကလော့စ် မျက်လုံးတဘက်ဘီလူးကြီး နှစ်ကောင် လိုက်ဖမ်းနေလို့ အသက်လုပြေးနေရတဲ့ Demigod ငယ် သုံးယောက်နဲ့ စက်တယာ ဆိတ်တပိုင်းလူတပိုင်းကောင်လေးတို့ ဖြစ်ပါတယ် ။ သူတို့ကတော့ လုခ် Luke ၊ အန်နာဘသ် Annabath ၊ သာလီယာ Thalia နဲ့ ဂလိုဘာ Grover တို့ ဖြစ်ပါတယ်။ လုခ် ၊ အန်နာဘသ် နဲ့ ဂလိုဘာ " ဂလိုဘာ ပြေးပြေး..... " လို့ အော်လိုက်တဲ့သူကတော့ ငယ်ရွယ်သူ Demigod လေး တပါးဖြစ်တဲ့ သာလီယာ Thalia ဖြစ်ပါတယ် ။ ပြေးနေရင်း ဂလိုဘာ လို့ ခေါ်တဲ့ ဆိပ်ကလေးက ချော်လဲကြသွားတယ် ။ သူ့ကို ထူနေတဲ့ အချိန်မှာ ကြောက်မက်ဖွယ် အော်သံကြီးနဲ့ ဘီလူးကြီး ဆိုက်ကလောစ့်က မှီလာပြီး သူတို့ကို သစ်ပင်ကြီးတွေကို ချိုးပြီး ပစ်ပေါက်လိုက်တာ ခံလိုက်ရတယ် ။ ဘယ်လိုမှ မလွတ်မြောက်နိုင်ဘူး ဆိုတာ သိတဲ့ သာလီယာလေးဟာ ကျန်တဲ့ ၃ ဦး အတွက် သူ့အသက်ကိုစွန့်ဘို့ ဆုံးဖြတ်လိုက်တယ် ။ ကျန်တဲ့ ကလေးတွေ ကို ပြေးခိုင်းလိုက်ပြီး တဘက်ကို လှည့်ပြီး ရင်ဆိုင်လိုက်ချိန်မှာပဲ ။ ဆိုက်ကလော့စ်ကြီးက သူ့ကို ကိုင်ပေါက်လိုက်တဲ့ အ

Percy Jackson and the Sea of Monster ( 2 )

Image
Mist ဖြန်းဆေးဘူး ကမ့်ပ် အပြင်ဘက်တောကြီးထဲရောက်တော့ Mist ဖျန်းဆေးကိုသုံးပြီး တိုင်ဆန့်မျက်စေ့ကိုဖျန်းပေးလိုက်တာ တိုင်ဆန်မျက်လုံး ၂လုံးဖြစ်သွားပါတယ် ။ အန်နာဘသ်က မာဒူးဆာဆီက ယူလာတဲ့ လက်ကျန် အကြွေစေ့တွေကို မြေပြင်ပေါ်ကို ပေါက်ချလိုက်ပြီး လက်ခေါက်မှုတ်လိုက်တဲ့ အခါမှာ the Gray sisters မောင်းတဲ့ တမလွန်တက္ကစီ ဟာမီးခိုးငွေ့တန်းကြီးသဏ္ဍာန်နဲ့ ရောက်ရှိလာပါတယ် ။  တမလွန်တက္ကစီ The Gray Sisters ဆိုတာ  Graeae ,  Graiae ,  Graiai ,  Graii တို့ဖြစ်ပါတယ် ။ သူတို့ကို Anger ဒေါသ ၊ Tempest မိုးသက်မုန်တိုင်း နဲ့ Wasp နကျယ်ကောင်လို့လဲ ခေါ်ကြပါသေးတယ် ။ အမှန်က သူတို့အားလုံးဟာ Fate လို့ခေါ်တဲ့ ကံတရားတွေပါ ။ ဒေါသ မိုးသက်မုန်တိုင်းနဲ့ နကျယ်ကောင်လို့ အမည်ရတဲ့ The Gray Sisters မြန်မာလိုဆိုရင် လောဘ ဒေါသ မောဟ၃ပါးနဲ့ တူတယ်လို့ ထင်မိပါတယ် ။ ဘဝဆိုတဲ့ကားကို ဒီ၃မျိုးနဲ့မောင်းလို့ ဖြစ်ချင်ရာဖြစ် နောက်ဆုံး တမလွန်ကို ရောက်ရတယ်လို့ ယူဆပုံရပါတယ် ။ ပြီးတော့ ဒီ၃မျိုးဟာ ပညာရှိတယ်လို့ ကိုယ့်ဘာသာ ထင်ယောင်ထင်မှားလဲ ပြုတတ်ကြပါတယ် ။ သူတို့ ၃ယောက်ပေါင်းမှ မျက်လုံးတလုံးနဲ့ သွားတချောင်းပဲ ပိုင်ဆိုင်ကြ