Percy Jackson and the Sea of Monster ( 2 )
![]() |
Mist ဖြန်းဆေးဘူး |
ကမ့်ပ် အပြင်ဘက်တောကြီးထဲရောက်တော့ Mist ဖျန်းဆေးကိုသုံးပြီး တိုင်ဆန့်မျက်စေ့ကိုဖျန်းပေးလိုက်တာ တိုင်ဆန်မျက်လုံး ၂လုံးဖြစ်သွားပါတယ် ။ အန်နာဘသ်က မာဒူးဆာဆီက ယူလာတဲ့ လက်ကျန် အကြွေစေ့တွေကို မြေပြင်ပေါ်ကို ပေါက်ချလိုက်ပြီး လက်ခေါက်မှုတ်လိုက်တဲ့ အခါမှာ the Gray sisters မောင်းတဲ့ တမလွန်တက္ကစီ ဟာမီးခိုးငွေ့တန်းကြီးသဏ္ဍာန်နဲ့ ရောက်ရှိလာပါတယ် ။
![]() |
တမလွန်တက္ကစီ |
The Gray Sisters ဆိုတာ Graeae, Graiae, Graiai, Graii တို့ဖြစ်ပါတယ် ။ သူတို့ကို Anger ဒေါသ ၊ Tempest မိုးသက်မုန်တိုင်း နဲ့ Wasp နကျယ်ကောင်လို့လဲ ခေါ်ကြပါသေးတယ် ။ အမှန်က သူတို့အားလုံးဟာ Fate လို့ခေါ်တဲ့ ကံတရားတွေပါ ။
သူတို့ ၃ယောက်ပေါင်းမှ မျက်လုံးတလုံးနဲ့ သွားတချောင်းပဲ ပိုင်ဆိုင်ကြပါတယ် ။ နယူယောက်ခ် မြို့နဲ့ နာနာဘာဝ မြို့ကို ပို့ဆောင်နေတဲ့ ယာဉ်ကို မောင်းပါတယ် ။
သူတို့ဟာ ပထမတော့ ဆိုက်ကလော့စ် ဖြစ်တဲ့ တိုင်ဆန်ကို လက်မခံလိုကြပါဘူး ။ နောက်တော့ အန်နာဘသ်က ခရီးဆုံးရင် ပိုက်ဆံပိုပေးမယ်လို့ ပြောလိုက်တော့မှ လက်ခံကြပါတယ် ။ ကားပေါ်ရောက်တဲ့ အချိန်မှာ ပါဆီရဲ့ ခေါင်းကို နောက်မှီနဲ့ ဆောင့်တွန်းလိုက်ပြီး Gas ထွက်လာအောင်လုပ်ပါတယ် ။ နကျယ်ကောင်က ကားမောင်းသူပါ ။အလယ်မှာ ထိုင်တဲ့ မိုးသက်မုန်တိုင်းက "တိုက်တော့မှာပဲ" လို့အော်ပါတယ် ။ ဒေါသ က " ငါ့ကို သွားပေးစမ်း " လို့ အော်ပါတယ် အကြွေစေ့ စစ်မစစ် ကိုက်ကြည့်မလို့ဖြစ်ပါတယ် ။ သူတို့၃ယောက်ဟာ တချိန်လုံးအော်ကြီးဟစ်ကျယ်နဲ့ ရန်ဖြစ်လာကြတယ် ။ ကားမောင်းတာလဲ အရမ်းကို မြန်ပြီး ရောက်ချင်ရာရောက် မောင်းနေကြတယ် ။ သစ်ပင်ကိုလဲ ဝင်တိုက်တဲ့ အခါမှာ ကားကအလိုလျောက် ၂ခြမ်းကွဲသွားတယ် ။ ပါဆီ အလွန်စိုးရိမ်လာတယ် ။
အန်နာဘသ်က ရှင်းပြတော့မှ သူတို့ မျက်စေ့မပါပဲ မောင်းနေတာ ကို သိတော့တယ် ။ အန်နာဘသ်က သူတို့ကို ပညာရှိတွေလို့ ခေါ်ဘို့မမေ့နဲ့ အဲဒီလိုခေါ်မှ ကြိုက်တယ်လို့ သတိပေးပါတယ် ။ သူတို့ကို ပညာရှိတွေလို့ ခေါ်လိုက်တာနဲ့ သူတို့ သိသမျှတွေ ပြောပြကြတော့တာပဲ ။ နယူးယောက်ခ်မှာ ရှိတဲ့ လမ်းနာမည်တွေ ၊ နီပေါနိုင်ငံရဲ့ မြို့တော်တွေ ၊ ပါဆီသွားချင်တဲ့ နေရာတွေ ။ အမှန်က ပါဆီကိုယ်တိုင်တောင် ဘယ်ကို သွားချင်မှန်း မသိသေးတာပါ ။
အဲဒီမှာ ပါဆီက ဘာကိုဆိုလိုတာလဲ ဆိုတာ ကို မေးလိုက်တော့ သုံးယောက်လုံးဇဝေဇဝါ နဲ့ ကြောင်ကုန်ကြပါတယ် ။ နောက်တော့ မျက်လုံးဘယ်မှာလဲ ဆိုပြီး ပြန်ပြီး ငြင်းကြခုန်ကြရင်းနဲ့ ဒေါသက မောင်းလိုက်တာ အရမ်းမြန်ပြီး တိုင်ဆန်တောင်ကားမူးပြီး အန်မိပါတယ် ။ နောက်တော့ မျက်လုံးက ဟိုခုန်သည်ခုန်နဲ့ ကားကြမ်းပြင်ကို ပြုတ်ကျသွားတဲ့ အခါ ပါဆီက မျက်လုံးကို ကောက်ယူလိုက်ပြီး သွားရမယ့်နေရာ ပြောရင်ပြော မပြောရင် မျက်လုံးကို ကားပြူတင်းပေါက်ကနေ လွှင့်ပစ်မယ်လို့ ခြိမ်းခြောက်ပါတယ် ။
အဲဒီတော့မှ 30 , 31 , 75 , 12 လို့ပြောပြပါတယ် ။ ဘာပြောတာမှန်း နားမလည်တဲ့ ပါဆီက မျက်လုံးကို နကျယ်ကောင်ကို ပြန်ပေးလိုက်ပါတယ် ။ အန်နာဘသ်က ပိုက်ဆံ မလောက်ဘူးထင်တယ်လို့ ပါဆီကို ပြောလိုက်တာကို ကြားလိုက်တဲ့ ဒေါသက ကားကို ထိုးရပ်ပြီး သူတို့ကို ဆင်းခိုင်းလိုက်ပါတယ် ။ ပါးစပ်ကလဲ ပြောလိုက်သေးတယ် ။ အပေါစားတွေ တဲ့ ။
သူတို့ဆိုက်ရောက်လာတဲ့ နေရာက ဝါရှင်တန် ဒီစီ မြို့ရဲ့ တမလွန်လူသားတွေ နေထိုင်ရာ အရပ်ဖြစ်ပါတယ် ။ တိုင်ဆန်က သမ္မတ အိမ်ဖြူတော် white house ကို ဇုဇ်ရဲ့ နတ်နန်းမှတ်ပြီး အော်ကြီးဟစ်ကျယ်နဲ့ နှုတ်ဆက်နေပါသေးတယ် ။ ကော်ဖီသောက်ချင်လို့ လိုက်ရှာနေရင်း ကော်ဖီဆိုင်မှာ ဖျော်နေတဲ့ ကောင်လေးဟာ ခေါင်းတွေ လက်တွေ အများကြီးနဲ့ Hekatonkheires လို့ခေါ်တဲ့ ဘီလူးမျိုးနွယ်ဝင်လေးဖြစ်နေတာ တွေ့ရတယ် ။ တမလွန်ဆိုတာလဲ လူနေအရပ်နဲ့ အတူတူ ပဲမို့လို့ သူတို့ကို ဘေးလူကကြည့်ရင် သာမာန်ပဲမြင်ရပါတယ် ။
![]() |
Nector of God ကော်ဖီတခွက်နဲ့ ကျေနပ်နေတဲ့ တိုင်ဆန် |
ကော်ဖီဆိုင်ကပြန်ထွက်လာကြတော့ ဂလိုဘာကို လုခ် ရဲ့ အပေါင်းအပါတွေက ပြန်ပေးဆွဲခေါ်သွားကြတယ် ။ လိုက်ရှာတာ မတွေ့တော့ဘူး ။
![]() |
လုခ်က ဂလိုဘာကို လိုနေပြီ |
![]() |
သာမာန်လူသားတွေ အတွက် UPS store ဒယ်မီဂေါ့တွေ အတွက် OPS store Olympian Parcel Service |
အန်နာဘသ်က ပါဆီတို့ကို UPS စတိုးဆိုင်ကို ခေါ်သွားတယ် ။ အမှန်က အဲဒီနေရာဟာ အိုလမ်ပတ်စ် ပါဆယ်ပို့တဲ့ နေရာဖြစ်ပါတယ် ။ အဲဒီနေရာကို အုပ်ချုပ်နေတဲ့ သူကတော့ Massenger God Hermes ဟားမီးစ် ဖြစ်ပါတယ် ။ လုခ်ရဲ့အဖေပါ ။
![]() |
God of Messenger Hermes သံတော်ဆင့် ဟားမီးစ် |
![]() |
ဟားမီးစ် ရဲ့ အမှတ်အသား မြွေနှစ်ကောင် လက်ကိုင်တုတ် |
![]() |
အိုလမ်ပီယာသို့ ပါဆယ်ဆားဗစ် |
ဟားမီးစ်က လုခ်ကို မိသားစုဆီကို ပြန်လာဘို့ ပြောပေးပါလို့ ပြောပါတယ် ။ လုခ် အခု Princess Andromeda ဆိုတဲ့ ရွက်သင်္ဘော ကြီး တစင်းနဲ့ ဗာဂျီးနီးယားပြည်နယ် မေရီလန်း အနားမှာရှိသော Chesapeake ပင်လယ်အော်ဘက်ကို သွားနေတယ်လို့ ဟားမီးစ်က သူတို့ကိုပြောပြတယ် ။
![]() |
သားလုခ်ကို မှာ နေပုံ |
ဟားမီးစ်က သူတို့ လိုအပ်မယ်ထင်တဲ့ ပစ္စည်းနှစ်မျိုး ပေးလိုက်ပါတယ် ။ လေဓာတ်ဗူးနဲ့ မှော်ပလာစတာ တို့ဖြစ်ပါတယ် ။ဟာကျူလိစ် တံဆိပ် လေဓာတ်ဗူးထဲမှာ အရှေ့ အနောက် တောင် မြောက်အရပ်က လေတွေ ပါရှိပြီး အဖုံးက သံလိုက်အိမ်မြှောင်ပါရှိပါတယ် ။ အေးတဲ့ဘက်ကို လှည့်ဖွင့်ရင် မြောက်ဘက်ကို သွားပြီး ပူတဲ့ ဘက်ကိုလှည့်ဖွင့်ရင် တောင်ဘက်ကို သွားပါတယ် ။
လုခ်သွားနေတဲ့ နေရာဟာ သူတို့သွားချင်တဲ့ ရွှေသားမွေးစောင် ရှိတဲ့ နေရာ ပြီးတော့ ဇုဇ် ဖမ်းချုပ်ထားတဲ့ ရွှေခေတ်က တစ်တန်ကြီးတွေနဲ့ ဆိုက်ကလော့စ် ကြီးတွေ ရှိတဲ့ နေရာ ဖြစ်ပါတယ် ။
လုခ်ရဲ့ ရွှက်သင်္ဘောဆီကို သွားဘို့ ပင်လယ်ကမ်းစပ်ကိုရောက်တော့ ဘယ်လို့သွားရမှန်း မသိတဲ့ပါဆီက အဖေရေနတ်မင်းကို ကူညီပေးဘို့ တောင်းဆိုလိုက်ပါတယ် ။ အဖေ့ဆီက ဘာမှ ပြန်မကြားရတော့ တိုင်ဆန်ကို သူအဖေ့ကို စိတ်ပျက်တဲ့ အကြောင်းပြောပြလိုက်ပါတယ် ။ တိုင်ဆန်က တလှည့် အဖေကို တ,လိုက်တဲ့ အခါမှာ မြင်းတပိုင်း ငါးတပိုင်း သတ္တဝါကြီး ဟစ်ပိုကမ်းပတ်စ် Hippocampus က ပင်လယ်ပြင်အဝေးတနေရာကနေ ပေါ်လာပြီး သူတို့ကို လုခ်ရှိတဲ့ ရွက်သင်္ဘောဆီကို လိုက်ပို့ပေးပါတယ် ။
![]() |
မြင်းတပိုင်းငါးတပိုင်းသတ္တဝါကြီး Hippocampus |
ရွက်သင်္ဘောကြီးဆီကိုရောက်တော့ လှေပေါ်မှာပါလာတဲ့ မိစ္ဆာကြီးတွေရဲ့ ရန်ကပုန်းရှောင်ရင်း လုခ်ကသူတို့ကိုတွေ့သွားပါတယ် ။
လုခ်က ပါဆီတို့ကို သူသယ်ယူလာတဲ့ အဘိုးတစ်တန်ကြီး ခရိုနပ်စ်ရဲ့ ရွှေရောင် အုတ်ဂူကို ပြပါတယ် ။ ဒီအုပ်ဂူကြီးကို သူဟာ ငရဲမင်းကြီး အကာအရံအထပ်ထပ်နဲ့ ပိတ်လှောင်ထားတဲ့ ငရဲပြည်ရဲ့ အောက်ဆုံး အမှောင်ဆုံးငရဲတွင်းထဲက သယ်ယူလာတာလို့ဆိုပါတယ် ။ ဒီအုတ်ဂူကြီးထဲက တစ်တန်ကြီး ခရိုနပ်စ်ဟာ သူ့ကို ယုံကြည်ကိုးကွယ်သူ ဒီမီဂေါ့ တယောက်တိုးတိုင်း သူ့ရဲခန္ဓာကိုယ် အပိုင်း တပိုင်းဟာ ပေါင်းဆုံလာမှာပါ ။
လုခ်က သူတို့ကို ခရိုနပ်စ် ဆီိကိုရောက်ရင် သူတို့နဲ့ အပေါင်ထားပြီး ခရိုနပ်စ်ကို ဖားမယ်လို့ ဖမ်းခေါ်သွားမယ်လို့ ဆိုပါတယ် ။ သူတို့၃ယောက်ကို လှောင်အိမ်ထဲ ထည့်သော့ခတ် ထားပါတယ် ။
အန်နာဘသ်က သူ့အိပ်ထဲက မှော်ပလာစတာ ကို ရအောင်ယူပြီး လှောင်အိမ်တံခါးကို ပတ်လည်ကပ်လိုက်တဲ့ အခါမှာ လှောင်အိမ်တံခါးပျောက်သွားပြီး သူတို့ အားလုံး လွတ်မြောက်လာကြပါတယ် ။ လုခ်က သိသွားတာမို့ လွတ်မြောက်ဘို့ အသက်ကယ်လှေပေါ်ကို ခုန်ချလိုက်တဲ့ အခါမှာ ပါဆီက ရေရဲ့ တန်ခိုးကို ပိုင်နိုင်စွာ အသုံးချပြီး လုခ်ကို တိုက်ခိုက်ပြီး အားလုံးလှေပေါ်ရောက်လာကြပါတယ် ။
မောင်းတော့မယ် ဆိုတော့မှ အင်ဂျင်ကို အရေးပေါ်တပ်ဆင်ရတဲ့ အသက်ကယ် လှေကလေးမှာ ရှိတဲ့ အင်ဂျင်ကလဲ တိုင်ဆန်ရဲ့ ပရမ်းပတာ ရှိမှုကြောင့်ရေထဲ ပြုတ်ကျသွားပါတယ် ။ ပါဆီက ရေကို လက်နဲ့ ဝှေ့ယူလိုက်ပြီး အသက်ကယ်မော်တော်ဘုတ်နဲ့ ရွက်လှေကြီးကြားမှာ ရေတံတိုင်းကြီး ခြားအောင် လုပ်လိုက်ပြီး လုခ်တို့ အန္တရာယ် မပေးနိုင်အောင် ကာလိုက်ပါတယ် ။ နောက် အဲဒီရေတံတိုင်းကြီးနဲ့လုခ်ရဲ့ရွက်လှေပေါ်က လူ၃ယောက်ကို ရိုက်ထုတ်လိုက်ပါတယ် ။ လှေပေါ်က အန်နာဘသ်လဲ လှော်တတ်နဲ့ လှော်ရင် မဖြစ်နိုင်မှန်း သိတော့ ဟားမီးစ်ပေးလိုက်တဲ့ လေပန်းဘူးကို ဖွင့်လိုက်ပြီးတော့ အရှိန်အဟုန်ပြင်းထန်တဲ့ လေမှုတ်အားနဲ့ လှေကလေးဟာ အဝေးကို ရောက်ရှိသွားပါတော့တယ် ။
တတိယပိုင်း ဆက်ရန်
ရေးသူ
Comments
Post a Comment