Posts

Showing posts from April 1, 2014

ပိုလာဘာလီ - Mont Batur + Lake Batur + Besakish temple + Nusa Dua

Image
 ဟော်တယ် ဘူဖေး မနက်စာ တိုးရ်ဂိုက် ချီလီ မနက် ၈နာရီလာမယ် ဆိုတော့ မနက်စောစောထ ဟော်တယ်က ကျွေးတဲ့ နိုင်ငံတကာ ဘူဖေးကိုဆင်းစားကြတယ် .. ။ ထုံးစံ အတိုင်းပေါ့ ဒေသစာတွေဖြစ်တဲ့ အင်ဒိုနီးရှားစာ စင်ကာပူစာ မလေးစာ တို့အပြင် တရုတ်စာ အနေနဲ့ ကြာဆံကြော်ခေါက်ဆွဲကြော် ဆန်ပြုတ် ဘိုစာ အနေနဲ့ ham မျိုးစုံ cheese မျိုးစုံ cereal မျိုးစုံ နဲ့ ကော်ဖီ လဘက်ရည် မုန့် အမျိုးမျိုး အအေး သစ်သီး ကြက်ဥ အမျိုးစုံ တို့ရတာ ပေါ့ ။ ကိုယ်ကတော့ ဒေသစာကို ပဲရွေးပြီးစားတယ် ပသျှူးထမင်းကြော်လိုမျိုး ဟာနဲ့ ဟင်းတွေပေါ့ ။ ဟင်းတွေကတော့ မကြိုက်ဘူး အပေါ့တွေပဲ ချက်ထားတာ ဆိုတော့ ထမင်းကြော်နဲ့ ငြုပ်သီးထောင်း မျိုးစုံကိုပဲ ယူစားတယ် ။ စပလင်နဲ့ နှမ်းဆီနဲ့ ငြုပ်သီးနဲ့ ထောင်းထားတဲ့ အထောင်းလေးကြိုက်တယ် ။ ပြီးတော့ ဟိုဟာ နည်းနည်း ဒီဟာ နည်းနည်း မြည်းတာပေါ့ ။ အင်ဒိုနီးရှား ကော်ဖီကို အထင်ကြီး ပြီး သောက်တာ မကောင်းဘူး ကျဲတောက်ကြီး ။ နောက်နေ့ကျတော့ ကာပူချီနိုနဲ့ လက်တေး ပဲ သောက်တော့တယ် ။ မုန့်တွေ အကုန် ကြိုက်တယ်  ။ အသီးဖျော်ရည် အစစ်တွေတော့ ရတယ် ။ အဲတာ ကြိုက်တယ် ။ Kintamani and Mont Batur ဒီနေ့ ဘာလီကျွန်း မြောက်ပိုင်းမှာ ရှိတဲ