Posts

Showing posts from September 6, 2013

ဒွိဟ

Image
ရာဇဝင်ဆိုတာ ကိုယ်တို့ရာဇဝင်ထဲမှာတင် မကပဲ သူတို့ ( နိုင်ငံခြားက ရာဇဝင်တွေ ) လဲ ကွဲလွဲမှုတွေ ရှိနေတယ် ဆိုတာ သေချာလိုက်ရှာလေသိလေပဲ ။ ကျမ အခုရေးခဲ့တဲ့ ဇာတ်လမ်းက 2011 က ထွက်ခဲ့တဲ့ ရုပ်ရှင်ကို ဘာသာပြန်ပြီး ဝီကီ အကိုးအကားနဲ့ ရေးတာပါ ။ ဒါပေမယ့် ဝီကီထဲမှာ ပါးဆီးယပ်စ်က ဇုဇ်ရဲ့သားဖြစ်နေတယ် ။ ဒီရုပ်ရှင်ထဲမှာကျတော့ ပွေဆိုက်ဒွန်ရဲ့သားတဲ့ ။ ရာဇဝင် တခုလုံးကျေညက်တဲ့ အထိတော့ လိုက်ဖတ်ဘို့ မလွယ်သေးတဲ့ အတွက် ခုလောလောဆယ်တော့ ရုပ်ရှင်က ပြသလောက်ပဲ အကြမ်းဖျဉ်း နားလည် ထားတာ ကောင်းပါတယ် ။ ဒါပေမယ့် ဒီ ဂရိဒဏ္ဍာရီတွေက ခေတ်အဆက်ဆက် ဒါရိုက်တာ ပေါင်းစုံနဲ့ ဇာတ်လမ်း ဆင်ပြီး ရိုက်ခဲ့ကြပါတယ် ။ ဒစ်စနေချန်နယ်က ကာတွန်း အနေနဲ့လဲ ရိုက်ခဲ့တယ် ။ မာဒူးဆာကို သတ်ခဲ့တဲ့သူက ပါးဆီယပ်စ်အပြင် ဟာကျူလိစ်ကပါသတ်တယ်လို့ ဖတ်လိုက်ရပြန်တော့ ဟာကျူလိစ်က ဘယ်သူလဲ လိုက်ရှာရပြန်တယ် ။ အမှန်က ပါးဆီးယပ်စ်ကို ရောမ ခေတ်ရောက်တော့ ဟာကျူလိစ်လို့ ခေါ်တာပါ ။ သူကလဲ တိုင်းပြည်ရဲ့ အန္တရာယ်ကို ကယ်တင်ခဲ့တဲ့အခါမှာ အကောင်ကြီးသုံးကောင်ကို သတ်ခဲ့ပါသေးတယ် ။ ဒါပေမယ့် မာဒူးဆာကိုလဲ ကူညီခဲ့ပြီး သူငယ်ချင်းဖြစ်ခဲ့ပြန်ရောတဲ့... နောက်တပတ်မှာ သွာြး