ဒွိဟ




ရာဇဝင်ဆိုတာ ကိုယ်တို့ရာဇဝင်ထဲမှာတင် မကပဲ သူတို့ ( နိုင်ငံခြားက ရာဇဝင်တွေ ) လဲ ကွဲလွဲမှုတွေ ရှိနေတယ် ဆိုတာ သေချာလိုက်ရှာလေသိလေပဲ ။ ကျမ အခုရေးခဲ့တဲ့ ဇာတ်လမ်းက 2011 က ထွက်ခဲ့တဲ့ ရုပ်ရှင်ကို ဘာသာပြန်ပြီး ဝီကီ အကိုးအကားနဲ့ ရေးတာပါ ။ ဒါပေမယ့် ဝီကီထဲမှာ ပါးဆီးယပ်စ်က ဇုဇ်ရဲ့သားဖြစ်နေတယ် ။

ဒီရုပ်ရှင်ထဲမှာကျတော့ ပွေဆိုက်ဒွန်ရဲ့သားတဲ့ ။ ရာဇဝင် တခုလုံးကျေညက်တဲ့ အထိတော့ လိုက်ဖတ်ဘို့ မလွယ်သေးတဲ့ အတွက် ခုလောလောဆယ်တော့ ရုပ်ရှင်က ပြသလောက်ပဲ အကြမ်းဖျဉ်း နားလည် ထားတာ ကောင်းပါတယ် ။

ဒါပေမယ့် ဒီ ဂရိဒဏ္ဍာရီတွေက ခေတ်အဆက်ဆက် ဒါရိုက်တာ ပေါင်းစုံနဲ့ ဇာတ်လမ်း ဆင်ပြီး ရိုက်ခဲ့ကြပါတယ် ။ ဒစ်စနေချန်နယ်က ကာတွန်း အနေနဲ့လဲ ရိုက်ခဲ့တယ် ။

မာဒူးဆာကို သတ်ခဲ့တဲ့သူက ပါးဆီယပ်စ်အပြင် ဟာကျူလိစ်ကပါသတ်တယ်လို့ ဖတ်လိုက်ရပြန်တော့ ဟာကျူလိစ်က ဘယ်သူလဲ လိုက်ရှာရပြန်တယ် ။

အမှန်က ပါးဆီးယပ်စ်ကို ရောမ ခေတ်ရောက်တော့ ဟာကျူလိစ်လို့ ခေါ်တာပါ ။ သူကလဲ တိုင်းပြည်ရဲ့ အန္တရာယ်ကို ကယ်တင်ခဲ့တဲ့အခါမှာ အကောင်ကြီးသုံးကောင်ကို သတ်ခဲ့ပါသေးတယ် ။ ဒါပေမယ့် မာဒူးဆာကိုလဲ ကူညီခဲ့ပြီး သူငယ်ချင်းဖြစ်ခဲ့ပြန်ရောတဲ့...

နောက်တပတ်မှာ သွားကြည့်မယ့် Percy Jackson and sea of monsters မှာကျတော့ ပါဆီက ဇုဇ်ရဲ့သားပါလို့ သွားကြည့်ခဲ့တဲ့ တူမလေးတယောက်က ပြောပြန်ရော.... သွားကြည့်မှပဲသိတော့မှာပဲနော်.... လေပါတယ် ဟာကျူလိစ်.... အဲလေ ပါးဆီးယပ်စ်ရယ်....




ပျော်ရွှင်ပါစေ



ရေးသူ

Comments

  1. ဟုတ်တယ် တို့လည်း နာမည်တွေကို ရောမလိုပဲ ကြားဖူးခဲ့တာ၊ မကြာသေးခင်ကမှ ဂရိလို စကြားဖူးတာပဲ :)

    ReplyDelete
    Replies
    1. ခိုင်ဆိုပိုဆိုး... ရုပ်ရှင်ကြည့်မိလို့ သိသွားတာ... :D

      Delete
  2. စာမဖတ်ရသေး..နာမည်နဲ့တင်ကြွေသွားပြီ ။
    The Fugitive Plan B ထဲက အရပ်အရှည်ကြီးနဲ့ ရုပ်တည်တည်ချောချော မင်းသားရဲ့ ဇာတ်လမ်းထဲက နာမည်... အဟိ

    ReplyDelete
  3. ခိုင် ဆိုတာလား... :D


    ReplyDelete
  4. ဟုတ်တယ်.. ဟုတ်တယ်.... သိပ်ချောတာပဲ ..

    ReplyDelete
  5. ဒွိဟမဖြစ်ပါဘူး... ငါ့အတွက်တော့ နင်ရေးတာအမှန် :D

    ReplyDelete
    Replies
    1. မြှောက် နဲ့နော် နေတတ်ဘူးအေ... အာာာဟီးးးးးး

      Delete

Post a Comment

Popular posts from this blog

သံဘယ်လိုချမလဲ

သံကောင် တုတ်ကောင် လျှော့မတွက်စေလို

စကော့ဈေးမှာ ချာလည်လည်