ဖာဘယ်ဂျေးရဲ့ ရတနာစီခြယ် အီစတာဥများ - ၉

Alexander III Equestrian (Fabergé egg)

နီကိုလပ်စ်ရဲ့ ဖခင် ဒုတိယနောက်ဆုံးဇာဘုရင် အလက်ဇန်ဒရား နံပါတ်သုံး Alexander III ရဲ့ မြင်းစီးရုပ် ဥ ဖြစ်ပါတယ် ။ ၁၉၁၀ ခုနှစ် အီစတာမှာ မယ်တော် အတွက်လက်ဆောင်ပါ ။ ဥတလုံးလုံးကိုသလင်းကျောက်ကနေသွေးယူထားတာပါ ။ သလင်းကျောက် ဥခွံပေါ်မှာ လော်ရယ်လို့ အင်္ဂလိပ်လိုခေါ်တဲ့ လေးညှင်းရွက်လေးတွေကိုမှိန်မှိန်လေး ထွင်းထားတယ်  ။ အပေါ်ပိုင်းတဝက်လောက်ကို ပလက်တီနမ်နဲ့ ရာဇမတ်ကွက်ကာအုပ်ထားပြီး အနားသီလေးတွေက တွဲရရွဲကျနေပါတယ် ။ ဘေးတဖက်တချက်စီမှာတော့ ဦးခေါင်းနှစ်လုံး စိန်သရဖူးဆောင်းလင်းယုန်ငှက်နှစ်ကောင်က ဝန်းရံထားတယ် ။
1910 လို့အသားပေါ်မှာရေးထွင်းထားတဲ့ စိန်ကြီးတလုံးက ဥရဲ့ထိပ်မှာ တည်ရှိနေတယ် ။ စိန်လုံးကြီးရဲ့ ပတ်လည်မှာ နှင်းစီးသေးသေးလေးတွေရယ် ဂန္ဒမာပန်းအရွက်လေးတွေရယ် ပတ်ဝိုင်းစီထားတယ် ။ အထဲမှာတော့ ဆပရိုက်စ်တော့ မဟုတ်ဘူး နီကိုလပ်စ်ရဲ့ အဖေ ဇာဘုရင်အလက်ဇန်ဒရား နံပါတ်သုံးမြင်းစီးရွှေရုပ်တုကို နက်ရိုက်ကျောက်စိမ်းအပြာတောက်တောက်ခုံလေးပေါ်တင်ထားတယ် ။ အဲဒီခုံအပြာလေးကိုလဲ စိန်တန်းလေးနှစ်တန်းကွပ်ထားတယ် ။ ဖာဘယ်ဂျေးရဲ့ လက်မှတ်ကို ထွင်းထားတယ် ။  ဒေါက်အဖြစ်နဲ့ ပလက်တီနမ် နတ်သူငယ်ရုပ်လေးတွေကို တပ်ဆင်ထားတယ် ။

Fifteenth Anniversary (Fabergé egg)

1911 ခုနှစ်မှာ နှစ်တိုင်းနီကိုလပ်စ် မှာလေ့ရှိတဲ့ ဥနှစ်လုံးက မယ်တော်ကြီး အတွက်နဲ့ ဇနီးအတွက်မှာ ဒီတလုံးက ဇနီးအဲလက်စ်အတွက် ပါ ဒီဟာနဲ့ အတူမယ်တော်ကြီးအတွက်မှာတာက Bay Tree egg လိမ္မော်ပင် သို့မဟုတ်လေးညှင်းပင် ဥလေးပါ ။ မျက်နှာပြင်ကို ၁၈ပိုင်း ပိုင်းခြားထားပြီး ပန်းချီကား ၁၆ ခုရေးဆွဲထားတယ် ။ နီကိုလပ်စ်နန်းတတ်တဲ့ 26 May 1896 ကနေရေရင် ၁၅နှစ်ပြည့် အထိမ်းအမှတ်ပါ ။

Bay Tree (Fabergé egg)

အထက်ကဆိုတဲ့ခဲ့အတိုင်း ဒီတလုံးက မယ်တော်ကြီးအတွက် ၁၅နှစ်ပြည့်ဥနဲ့ အတူမှာခဲ့တာပါ ။ လေးညှင်းပင် သို့မဟုတ် လိမ္မော်ပင်လို့ နာမည်ပေးထားတဲ့ အတိုင်း လိမ္မော်သီးလို လုံးဝန်းတဲ့ ပုံဖော်ထားတယ် ။ အသီးသေးသေးလေးကို လှည့်လိုက်ရင် အဖုံးလေးပွင့်လာပြီး ငှက်ကလေးတကောင် တောင်ပံတွေကိုဖွင့်လို့ ခေါင်းလေးကိုစောင်း နှုတ်သီးလေးကိုဟပြီး သီချင်းဆိုပါတယ် ။

Tsarevich (Fabergé egg)

ဇာရက်ဗစ်ခ်ျ ဆိုတာ ဇာဘုရင့်သားတော်လို့ အဓိပ္ဗါယ်ရတယ် ။ ဖာဘယ်ဂျေးက မိဘုရားအဲလက်စ်ကို သားတော်လေးအကြောင်းပြုလို့ လက်ဆောင်ဆက်သတဲ့ဥပါ ။ ဥခွံက ဒုထ္တာနဲ့ ပြုလုပ်ထားပြီး လူဝီ ၁၄ စတိုင်ရွှေရွှက်ရွှေခက်တွေနဲ့ ကွပ်ထားတယ် ။ ရွှေခက်တွေက ဒုထ္တာဥခွံကို တခုထဲလို့ထင်ရအောင် ဖြတ်ဆက်မမြင်ရအောင် ပုံသွင်းထားတယ် ။ တော်ဝင်ဦးခေါင်းနှစ်လုံးသိန်းငှက်, မြားနတ်မောင်, ကဲလားအမိုး , ပန်းလိပ် ပန်းရွက် , ပန်းခြင်းတွေနဲ့ ပန်းကုံးတွေပါတယ် ။ စိန်အကြီးနှစ်လုံးကို အပေါ်တလုံးအောက်တလုံး ဒုထ္တာအသားထဲကို မြုတ်ထားတယ် ။ အဲလက်စ်နာမည် အစ ပန်းစားလုံးရယ် 1912 ရယ် သရဖူရယ်ကို ထွင်းထားတယ် ။ သူ့ရဲ့ဆပရိုက်စ်ကတော့ ဇာဘုရင်ရဲ့ အငယ်ဆုံး တဦးထဲသောသား အဲလက်ဆီ ရဲ့ပုံကို စိန်ခြယ်ထားတဲ့ သိန်းငှက်ရုပ်ကွပ်ထားတဲ့ ဘောင်လေးပါ ။ သိန်းငှက်တွေရဲ့ခြေထောက်က ရိုမန်နော့ဗ်ရုရှားဘုရင်စနစ်ရဲ့ နန်းတတ်ရတနာတွေဖြစ်တဲ့ ကျိုင်းတံနဲ့ ဂြိုလ်လုံးကို ကုတ်ထားတယ် ။ အဲလက်ဆီက ရေတပ်ဝတ်စုံလေးနဲ့ သူ့အကြိုက်ဆုံးပုံပေါ့ ။ ဘောင်လေးတင်ဘို့ ဒုထ္တာဥထဲက အောက်ခြေကို ရွှေနှင်းဆီ ပြားလေး ခင်းပေးထားတယ် ။
အဲလက်ဆီလေးဟာ မွေးရာပါကုသမရသော သွေးမတိတ်တဲ့ရောဂါရှိပြီး တခါကဆိုရင် အသက်ဆုံးကာနီးအထိဖြစ်ခဲ့ရလို့ ရုရှားတော်ဝင်ရုံးတော်က သေစာရင်းထုပ်ရကာနီးဆဲဆဲ ဖြစ်ခဲ့ရတယ် ။ဒါကြောင့် ဖာဘယ်ဂျေးက မိဘုရားအဲလက်စ်အတွက် ကံကြမ္မာ အလှည့်မျှော်လင့်ဘို့လက်ဆောင် အဖြစ်ပေးခဲ့တာ ပါ ။

Napoleonic (Fabergé egg)

1812 ခုနှစ် ပြင်သစ်က နပိုလီယံစစ်သူကြီးရဲ့တပ်တွေ ရုရှားကိုနယ်ချဲ့စဉ်တုန်းက ဘော်ရိုဒီနိုဒေသမှာ ဖြစ်ပွားခဲ့တဲ့ လူပေါင်း ၂သိန်းခွဲလောက်ပါဝင်ပြီး ၇သောင်းလောက်ဖိတ်စင်ခဲ့တဲ့ အကြမ်းတမ်းဆုံးခံစစ်ပွဲကြီး ရဲ့ နှစ်၁၀၀ပြည့် အထိမ်းအမှတ် မိဘုရားအဲလက်စ်ကိုပေးခဲ့တာပါ ။ ဒီစစ်ပွဲမှာ ရုရှားတပ်တွေဆုတ်ခဲ့ရပေမယ့် အထိနာခဲ့တဲ့ နပိုလီယံရဲ့တပ်တွေဟာ မော်စကိုကို မသိမ်းခဲ့ပဲ ပြန်သွားရလို့ ဂုဏ်ယူရတဲ့ စစ်ပွဲတစ်ခုပေါ့ ။ ရွှေ မြ ပတ္တမြားတို့နဲ့ ပြုလုပ်ခဲ့ပြီး သူ့ရဲ့ ဆပရိုက်စ်ကတော့ မိဘုရားခေါင်မယ်တော်ကြီး ရဲ့ စစ်အယောင်ဆောင်ဝတ်စုံပြည့် ပန်းချီကားငယ်များပါတဲ့ မှန်ဘောင်ခြောက်ခုတွဲလေးဖြစ်ပါတယ် ။ ဘောင်တစ်ခုကို အရှေ့အနောက်ပုံနှစ်ခုပါတယ် ။

Romanov Tercentenary (Fabergé egg)

Tercentenary တာစင်တီးနယ်ရီ ဆိုတာ နှစ် ၃၀၀ ပြည့် Romanov ဆိုတာ ရုရှားအင်ပါယာ ။ 1613 ကနေ 1913 အထိ နှစ်ပေါင်း ၃၀၀ ပြည့်ခဲ့တဲ့ ရုရှားသက်ဦးဆံပိုင် ဒုတိယ ဇာဘုရင်အင်ပါယာ အထိမ်းအမှတ်ဥကို ဇာဘုရင် တွေရဲ့ ပုံတူ ဆင်စွယ်ပေါ်ကရေဆေး ၁၈ပုံနဲ့ လက်ရှိ နီကိုလပ်စ်ဝတ်ဆင်နေတဲ့ သရဖူပုံတွေ နဲ့ အလှဆင်ထားတယ် ။ ပုံတွေထဲမှာ ဇာဘုရင် စနစ်ကို စတင်သူ ဘုရင်မိုက်ကယ် စစ်ဘုရင်ကြီးပီတာ နဲ့ လက်ရှိ နီကိုလပ်စ်တို့လဲ ပါတယ် ။
 ဒေါက်တိုင်က  တော်ဝင် ဦးခေါင်း နှစ်လုံး သိန်းငှက်သုံးကောင်ကလဲ ကျိုင်းတံ ဘုရင့်သံလျက်နဲ့ ဂြိုလ်လုံးတွေကို ကုတ်ထားတယ် ။ အောက်ခြေ သွေးနီရောင်အပြားက ဒိုင်းကို ကိုယ်စားပြုတယ် ။
သူရဲ့ ဆပရိုက်စ်ကတော့ ကြွေဆေးသုတ် ကမ္ဘာလုံးဖြစ်ပြီး ကမ္ဘာမြေပုံပေါ်က ရုရှားအင်ယာပါကို ရွှေနဲ့ သံမဏိ အရောင်ခွဲထားတယ် ။ ရွှေရောင်က ဇာဘုရင် မိုက်ကယ်လက်ထက် 1613 ရုရှားအင်ပါယာနဲ့ တခြားတဘက်က နီကိုလပ်စ် လက်ထက် နှစ်၃၀၀ အကြာ 1913 ခုနှစ် အင်ပါယာကို ကိုယ်စားပြုတယ် ။

Winter (Fabergé egg)
ရက်ရက်စက်စက်လှတဲ့ ဒီ ဆောင်းရာသီ ဆိုတဲ့ ဥလေးကို လက်ရှိလက်ဝက်ပိုင်ဆိုင်သွားသူကတော့ ကာတာနိုင်ငံဘုရင်တပါးဖြစ်ပါတယ် ။ 1913 နီကိုလပ်စ်က အဲလက်စ်အတွက် စလုပ်ခဲ့တဲ့ အချိန်မှာကို ဈေးအကြီးဆုံးပေးရတာ ။ ရူဘယ်လ်ငွေ 24700 တောင်ပေးခဲ့ရတယ် ။ 2002 ခုနှစ်ကမှ နယူးယော့ခ်မှာ လုပ်တဲ့လေလံပွဲမှာ ဒေါ်လာ 9.6 သန်းနဲ့ နိုင်သွားတာ ။ Sheikh Hamad bin Khalifa bin Hamad bin Abdullah bin Jassim bin Mohammed Al Thani အဲတာ သူ့နာမည် ။ ခါလီဖာလဲပါတယ် သန်းနီလဲပါတယ် ။ နာမည်က တိုပါတယ် ။
သလင်းကျောက် ပလက်တီနမ်တွေနဲ့ စိန်ပွင့်ပေါင်း 1660 ပါတယ် ။ ဆောင်းရာသီဆိုတဲ့ အတိုင်း ရေခဲ နှင်း ငွေမှုံလေးတွေ တလက်လက် တဖိတ်ဖိတ်ပေါ့ ။ ဆပရိုက်စ်ကလဲ ရိုးရိုးပန်းခြင်းလေးပါပဲ ။ ဒါပေမယ့် စိန်ပွင့်ပေါင်း 1378 ပွင့်ပါတာလေးပဲ ။

Mosaic (Fabergé egg0
1914 မှာ အဲလက်စ်ကိုပေးခဲ့တဲ့ mosiac egg လေး မြန်မာလို ဘယ်လို ခေါ်မှန်း မသိဘူး ။ ရွှေ ပလက်တီနမ် စိန် အရွယ်အစား ပုံအမျိုးမျိုး ပတ္တမြား မြ ဥဿဖယား နီလာ ဥဒေါင် ပုလဲခြမ်းများနဲ့ မြော တို့နဲ့ ပန်းထိုးကွက်ကလေးများ သဏ္ဏာန် ရွှေမိုပေါ်မှာ အကွက်ချတပ်ဆင်ခဲ့တယ် ။ ကိုယ်ထည်ပေါ်မှာ အဝိုင်းကွက် ငါးကွက်ကို ပုလဲခြမ်းများစီပြီး ဝိုင်းပတ်ထားတယ် ။ ထိပ်ဆုံးက မြောကျောက်ကြီးရဲ့ အခြေကို ထွင်းဖောက်မြင်ရပြီး အဲလက်စ်ရဲ့ နာမည်အစကို ရုရှားအက္ခရာနဲ့မြင်ရပါတယ် ။
သူ့ထဲက ဆပရိုက်စ်ကတော့ သူတို့ကလေးငါးယောက်ရဲ့ အရိပ်ပုံ ရင်ထိုးလေးပုံစံ ပုံတူကားချပ်လေးကို ပုလဲ စိန် ရွှေတို့နဲ့ လုပ်ထားတဲ့ ဒေါက်ကလေးနဲ့ တပ်ဆင်ထားတယ် ။ နောက်ဘက်မှာတော့ ကလေးငါးယောက်ရဲ့ နာမည်တွေ ရေးထိုးထားတယ် ။






























Comments

Popular posts from this blog

သံဘယ်လိုချမလဲ

သံကောင် တုတ်ကောင် လျှော့မတွက်စေလို

စကော့ဈေးမှာ ချာလည်လည်