Posts

Showing posts from November 22, 2018

ဖာဘယ်ဂျေးရဲ့ ရတနာစီခြယ် အီစတာဥများ - ၈

Image
Bouquet of Lilies Clock (Fabergé egg) လီလီပန်းစည်းနာရီ ဥကလဲ နီကိုလပ်စ်က အဲလက်စ်ကို ၁၈၉၉  အီစတာလက်ဆောင်အနေနဲ့ပေးတာပါ ။ ဥရဲ့ကိုယ်ထည်တစ်ခုလုံးကိုစိန်အတန်းတွေနဲ့ ၁၂ပိုင်းခြားထားပြီး ခါးနေရာကနေ စိန်စီထားတဲ့ရိုမန်ဂဏန်းများနဲ့ နာရီက အဝိုင်းပတ်လည်ပြီးအချိန်ကိုပြပါတယ် ။ စိန်စီထားတဲ့လေးတင်ထားတဲ့မြားလေးရဲ့ ထိပ်က ဘယ်နှစ်နာရီရှိလဲ ဆိုတာကို ညွှန်ပြပါတယ် ။ ရွှေအိုရောင်အောက်ခြေခုံမြင့်လေးကို ရွှေနှင်းဆီပန်းဆိုင်းများနဲ့ အလှဆင်ထားပြီး ပြုလုပ်သည့် ခုနှစ် ၁၈၉၉  ကိုတပ်ဆင်ထားတယ် ။ အဖြူရောင် မဟူရာနဲ့လုပ်ထားတဲ့လီလီပန်းကလေးများက နီကိုလပ်စ်ရဲ့ အဲလက်စ်ပေါ်ချစ်တဲ့ ချစ်ခြင်းနဲ့ ရိုးစားဖြူစင်မှုကို ညွှန်းဆိုပါတယ် ။ ရွှေသော့လေးက နာရီသံပတ်ပေးဘို့ဖြစ်ပြီး ဒီဥလေးရဲ့ ဆပရိုက်စ်ကတော့ ပျောက်ဆုံးနေဆဲပါ ။ Pansy (Fabergé egg) တောပန်းလေးဆိုတဲ့ ဥက နီကိုလပ်စ်က မားမားကြီးကိုပေးတာပါ နက်ဖရိုက်ကျောက်စိမ်းနဲ့ ဥခွံကိုပြုလုပ်ထားပြီး ငွေပင်စည်လေးကလိမ်တက်သွားတဲ့ပုံနဲ့ပတ်ထားပါတယ် ။ တောရိုင်းပင်စီပန်းကလေး ငါးပွင့်နဲ့ အဖူးလေးတွေလဲပါပါတယ် ။ diamond-set Star of Bethle