Posts

Showing posts from April 4, 2014

Burma Chronicles Review

Image
Burma Chronicles ဆိုတဲ့ စာအုပ်ကို တလောတုန်းက ခဏခဏ ကြားဘူးလိုက်သေးတယ် ။ ထင်မိတာ နိုင်ငံရေးနဲ့ပတ်သတ်တဲ့ မြန်မာနိုင်ငံသား မဟုတ်တဲ့သူတယောက်က ရေးထားတဲ့ ဆောင်းပါး တပုဒ်ပဲလို့ ထင်မိတာ ။ တနေ့က စာကြည့်တိုက်သွားရင်း ကျမမွှေနေတဲ့ ရှေ့တည့်တည့်မှာ ဒီစာအုပ်လေးရှိနေတယ် ။ တအံ့တသြနဲ့ လှန်လျော ကြည့်လိုက်မိမှ ကာတွန်းလိုရေးထားတဲ့ graphic novel တအုပ်မှန်းသိလိုက်ရတယ် ။ ငှားသာငှားလာခဲ့တယ် ကျမကြားဘူးထားတဲ့ Burma Chronicles စာအုပ်လို့ မထင်ဘူး ။ ကာတွန်းဆိုတော့ အမြန်လဲဖတ်လို့ရမယ် ဆိုပြီး စာမဖတ်တာကြာတဲ့ကျမ ငှားလာခဲ့တယ် ။  အိမ်ရောက်တော့ ဂူးဂဲလ်ကြည့်လိုက်တော့ ဒီတအုပ်ပဲ မှန်တယ် ။ ကျမကြားဘူးတာလဲ ဒီစာအုပ်ပဲ ။ ဖတ်ကြည့်လိုက်တဲ့ ပထမစာမျက်နှာတွေမှာပဲ အရမ်းကို သဘောကျသွားတယ် ။  မြန်မာပြည်မှာ ကာတွန်းကောင်းကောင်းမဖတ်ရတာ ကြာနေပြီ ။ ကျမက ကာတွန်းပရိတ်သတ် စစ်စစ် တယောက်ပါ ။ ကျမငယ်ငယ်က ဖေဖေတို့က အိမ်မှာ စာပေဖြန့်ချိရေးလုပ်ဘူးတော့ ငယ်ကတည်းက စာတွေ အများကြီးဖတ်ခဲ့ရတယ် ။ သူငယ်ချင်းတွေ စာမဖတ်ခင်ထဲကပေါ့ ။  ကျောင်းတတ်တော့ ဥပဒေ ဘာသာရပ်ယူမိထဲက စာကို အများကြီး မဖတ်ချင်တော့ပဲ ရွေးပဲဖတ်ခဲ့တယ် ။ လိုတိုရှင်းတွေ ထိမိ