အကို

" ရွက်ဝါကြွေ........... နွေဦး............ လေရူး.......ပွေ.....စ..... ညနေဆည်းဆာ......... " " ဟင်းးးး... " တင်းကျပ်တဲ့ ခံစားချက်နဲ့ မျက်နှာကိုအုပ်ပြီး နားပါရောပိတ်ထားလိုက်မိသည် ။ မျက်ရည်ပူလေးတွေ မျက်လုံးထောင့်စွန်းမှာ တွဲလဲ ခိုချင်လာသည် .....။ အားတင်းပြီး စာကို အာရုံစိုက်ပြီး ကျက်လိုက်မိသည် ။ ဒီဇင်ဘာဆောင်းက ခိုက်ခိုက်တုန်အောင် ချမ်းနေပေမယ့်.... ပတ်ဝန်းကျင်ကို မေ့နေလောက်တဲ့ အထိ စိတ်တွေက မွန်းကျပ်လာသည် ။ ဝရန်တာက သံစကာ ကွက်နဲ့ မို့ ကိုယ်က အပြင်လောက အမှောင်ထုထဲကို မမြင်ရပေမယ့် ။ စိတ်ထဲမှာ ပုဆိုးရှည်ရှည်သပ်သပ် ယပ်ယပ် ဝတ်ဆင်ပြီး ..... ရှပ်လက်ရှည်အဖြူကို လက်ခေါက်ဝတ်ထားတဲ့ သူ့ အသွင်နဲ့.... မြင့်မားတဲ့ အရပ်နဲ့......... စည်းချက်ကျကျ ခပ်နှေးနှေး ဘယ်တလှမ်း ညာတလှမ်း အေးဆေးညင်သာစွာ လှမ်းနေမည်ကို ကိုယ်သိသည် ။ ကိုယ့်ဘက်ကိုလဲ မျက်နှာ မူနေမှာ မဟုတ်ဘူးဆိုတာ လဲ သိနေသေးတာပဲ....... ။ " ဥသြ... ရှင်.... နွေတေးရှင် ..ငှက်......... ပင်တိုင်းထက်မှာ...... သံ...သာ....သာ...... " တောက်.... "....... ဖေဖေ ဆင်းချသွားပြီ ။ အိမ်ကနေ လမ်းမကို ကူးတဲ့...