ဖာဘယ်ဂျေး ရဲ့ ကမ္ဘာကျော် ရတနာစီခြယ် အီစတာဥ များ -၁-2-3

ဖာဘယ်ဂျေး ရဲ့ ကမ္ဘာကျော် ရတနာစီခြယ် အီစတာဥ များ -၁
အဟောင်းတန်း တခုမှာ တွေ့တဲ့ ဖာဘယ်ဂျေးဥ Faberge egg တလုံး ဒေါ်လာ တသောင်းလေးထောင်နဲ့ ရောင်းနေတာ တွေ့ပေမယ့် တကယ့်ပေါက်ဈေးက ဒေါ်လာ ၃၃ သန်းတန် ဖြစ်နေနိုင်တယ် ။ ဘာလို့ဆို ရောင်းတဲ့ ဆိုင်ရှင်က ရာစုနှစ်နဲ့ ချီပြီး တန်ဘိုးရှိတာ မသိလို့ ဖြစ်နိုင်ပါတယ် လို့ ဗြိတိသျှ အနုပညာလက်ရာနဲ့ ရှေးဟောင်းပစ္စည်းရောင်းဝယ်သူကပြောပါတယ် ။
Faberge eggs ဆိုတာ ရှေးခေတ်ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့က House of Faberge' ရတနာဆိုင်ပိုင်ရှင် ပီတာ ကာလ် ဖာဘယ်ဂျေး Peter Carl Faberge ရဲ့ ရတနာဖန်တီးမှု လက်ရာများဖြစ်ပြီး ၁၈၈၅ မှ ၁၉၁၇ အတွင်းပြုလုပ်ခဲ့ပြီး ရုရှားဇာဘုရင် အလက်ဇန်ဒြား III နဲ့ နီကိုလပ်စ် II တို့က သူတို့ရဲ့ မိဘုရားနှင့် သမီးတော်တွေကို အီစတာပွဲတော်အမှတိတရ ပေးခဲ့ရာက စတင် ဖန်တီးခဲ့တာပါ ။
တော်ဝင်ဥ စုစုပေါင်း အလုံး ၅၀ မှာ ပြန်လည်ရှာဖွေတွေ့ရှိတာ ၄၃ လုံးကျနိရှိပါတယ်
ကျန်တဲ့ ဒိတ်ဒိတ်ကြဲသူဌေးကြီးတွေအတွက်ပြုလုပ်ခဲ့တာပါနဲ့ဆို ဖာဘယ်ဂျေးဥ အစစ် စုစုပေါင်း ၆၉ လုံးရှိနိုင်ပြီး ပြန်လည်ရှာဖွေတွေ့ရှိပြီး လူသိရှင်ကြား စာရင်းဝင် ၅၇ လုံးရှိပါတယ်
ဒီအပိုင်းကို ဆရာမ Spring Flower ဆီမှ ကူးသည်
ဇာဘုရင်မဟာ အဲဒီကြက်ဥကို မြင်တော့ အရမ်းကို ကြွေသွားတယ်။ ဒိန်းမတ်က သူ့အဒေါ်မှာလည်း အဲလို အိစ်တာကြက်ဥမျိုးရှိတယ်တဲ့။ သူငယ်ငယ်က သူ့အဒေါ်ရဲ့ ကြက်ဥကို အရမ်းလိုချင်ခဲ့တာဆိုဘဲ။ ဖာဘယ်ဂျေးရဲ့ ကြက်ဥဟာ သူ့ရဲ့ အိမ်လွမ်းစိတ်ကို သက်သာသွားစေတယ်တဲ့ ။ ဒါနဲ့ဘဲ နှစ်တိုင်းနှစ်တိုင်း အိစတာရောက်ရင် ဇာဘုရင်ဟာ မိန်းမကို ပေးဖို့တစ်မျိုး၊ အမေကို ပေးဖို့တစ်ဖုံ ဖာဘယ်ဂျေးဆီက ကြက်ဥတွေမှာတော့တာဘဲ။ ဒီထုံးစံဟာ အနှစ်သုံးဆယ်လောက်ကို ကြာရှည်ခဲ့တာ ဇာဘုရင်ရဲ့သက်ဦးဆုံပိုင်စနစ်ကို ဖြုတ်ချလိုက်တဲ့ ၁၉၁၇ အောက်တိုဘာတော်လှန်ရေးကြီး ဖြစ်တော့မှဘဲ ရပ်သွားတော့တယ်။
အလက်ဇန်းဒါးနဲ့ မာရီယာတို့မှာ သားသမီး ၆ ယောက်ထွန်းကားတယ်။ အကြီးဆုံး ထီးမွေနန်းမွေဆက်ခံသူသားနာမည်က နစ်ကိုလပ်စ် Nicholas တဲ့။ သူ့ဘိုးဘေးတွေထဲမှာ နစ်ကိုးလပ်စ်နာမည်နဲ့ ရှိခဲ့ပြီးသားမို့ ကို သူ့ကို ဒုတိယမြောက် နစ်ကိုးလပ်စ် Nicholas the Second လို့ခေါ်ကြတယ်။
နစ်ကိုးလပ်စ် ငယ်ငယ်တုန်းက သူ့အဖိုး ဇာဘုရင်ကြီးကို မလိုသူတွေက လုပ်ကြံသွားတယ်။ လူရှေ့သူရှေ့မှာ သူ့အဖိုးအသတ်ခံရတာကို မျက်ဝါးထင်ထင်မြင်လိုက်ရပြီးတဲ့နောက် သူဟာ ဘုရင်လုပ်ဖို့ကို ကြောက်နေခဲ့တယ်။ အဖိုးရဲ့မသေခင် သွေးအလိမ်းလိမ်းဖြစ်နေပုံကို မျက်စိထဲက မထွက်ဘူး။ သူကိုယ်တိုင်ကလည်း တိုင်းပြည်အုပ်ချုပ်ရေးကို စိတ်မ၀င်စားဘူး။ သူ့အဖေအလက်ဇန်းဒါးက အကြီးလုပ်ပြီး တစ်ခြားသားသမီးတွေလောက်က မသွက်တဲ့ သူ့ကို '' မိန်းကလေးပုံစံနဲ့ကွာ။ ဒီပုံနဲ့ ဘယ်လိုလုပ် ဇာဘုရင်လုပ်မှာလဲ '' လို့ ခဏခဏမချင့်မရဲ ပြောလေ့ရှိသတဲ့။ သူ့အဖိုးသေပြီး သူ့အဖေဘုရင်ဖြစ်တော့ သူလည်း အော်တိုမက်တစ် အိမ်ရှေ့မင်းသားဖြစ်လာတာပေါ့။ ဒါနဲ့ အဲဒီခေတ်က မင်းညီမင်းသားတွေသွားတဲ့ Grand Tour ကို မသွားချင်သွားချင်နဲ့ သွားခဲ့ရတယ်။ Grand Tour ဆိုတာ မင်းညီမင်းသားတွေ၊ သူဌေးသားတွေ ဆိုင်ရာ ဆိုင်ရာ တာဝန်တွေကို မထမ်းဆောင်ခင် သွားတဲ့နိုင်ငံခြားလေ့လာရေးခရီးကို ခေါ်တာ။ ဒေသန္တရဗဟုသုတလည်း ရှာရင်း၊ တခြားနိုင်ငံတွေက အနုပညာလက်ရာတွေကိုလည်း ကြည့်ရင်း ပြင်ပလောကကို သိအောင်၊ လူရည်လည်အောင်သွားတဲ့ ခရီးမျိုးဆိုပါတော့။ ဖြစ်ချင်တော့နိကိုးလပ်စ်ဟာ လူပျိုပေါက်လေးဖြစ်နေတဲ့ မင်းသားပီပီ ကိုယ်လုပ်တော်ကလည်း ရှိနေပြီ။ နန်းတွင်းမှာ အတော်ဆုံး ကချေသည်မလေးနဲ့ခွာမရအောင်ဖြစ်နေတယ်။ အဲဒီကချေသည် မမလေးကိုဘဲ လက်ထပ်မယ်လို့ထိပါ ပြောနေတော့ သူ့မိဘတွေက တစ်ချက်ခုတ်နှစ်ချက်ပြတ်ဆိုပြီး အတင်း နိုင်ငံခြားခရီးကို လွှတ်လိုက်တယ်။ နစ်ကိုးလပ်စ်ရဲ့ လေ့လာရေးခရီးဟာ ဥရောပတင်မက အီဂျစ်၊ အိန္ဒိယ၊ ဂျပန်ဘက်ထိရောက်တယ်။ အဲဒီ ရေလမ်းခရီးရှည်ကြီးကို ဂုဏ်ပြုပြီး ဖာဘယ်ဂျေးဟာ ဟောဒီကြက်ဥပုံရတနာကို လုပ်ပေးခဲ့တယ်။
ကြက်ဥကို ဖွင့်လိုက်တော့ ဒီခရီးရှည်အတွက် နစ်ကိုးလပ်စ်သုံးခဲ့တဲ့ ရုရှားရေတပ်သင်္ဘောအသေးစားလေးထွက်လာတယ်။ တကယ့်သင်္ဘောနာမည် Azova ဆိုတာကို ယူပြီး Memory of Azov Egg လို့ အဲဒီကြက်ဥကို နာမည်ပေးခဲ့တယ်။ အရမ်းကို အသေးစိတ်တဲ့လက်ရာဖြစ်ပေမယ့် နစ်ကိုးလပ်စ်ရဲ့ အကြိုက်ဆုံးတွေထဲမှာတော့ မပါခဲ့ဘူး။အကြောင်းကတော့သူ့ကောင်မလေးကို ထားခဲ့ပြီး မသွားချင်ဘဲ သွားရပါတယ်ဆိုမှ ဂျပန်ပြည်ရောက်တော့ နစ်ကိုးလပ်စ်ဟာ လုပ်ကြံမှုတစ်ခုကနေသီသီလေး လွတ်ခဲ့တယ်။ ဒီတော့ ဒီကြက်ဥဟာ သူမသွားချင်တဲ့ခရီးလမ်းကိုသာမက လုပ်ကြံခံရတာကိုပါ သတိရစေတဲ့အတွက်ဖြစ်တယ်။
နစ်ကိုးလပ်စ်ဟာ ခရီးကပြန်လာတော့ ကချေသည်မလေးနဲ့ ဇာတ်လမ်းပြတ်ပြီး အဲလစ်စ် လို့ ခေါ်တဲ့ ဂျာမန်မင်းသမီးတစ်ပါးနဲ့ မိုးမမြင်လေမမြင်ကြိုက်သွားတယ်။ သူ့ကိုမှ မရရင် မဖြစ်ပါဘူးဆိုတဲ့ အခြေအနေရောက်သွားတယ်။ သူပဲ အညိုးညိုး ။ အဲလစ်စ်ကလည်း သူ့ကို ပြန်ကြိုက်ရှာပါတယ်။ ဒါပေမယ့် နစ်ကိုးလပ်စ်အဖေဇာဘုရင်ကြီးက ယူဖို့အထိကိုတော့ အားမပေးဘူး။ ရုရှားတွေဟာ ပြင်သစ်ကို ချစ်သလောက် ဂျာမန်ကိုတော့ အင်တင်တင်။ သိပ်မရောချင်ကြဘူး။ အကြောင်းကတော့ ၁၈၆၄ မှာ ဂျာမန်ကလောင်နာမည်နဲ့ စာရေးဆရာတစ်ယောက်က ရုရှားပိုင်တဲ့ ပိုလန်နိုင်ငံကို ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးသင့်တယ်၊ ပြီးတော့ ဘောတစ်ပင်လယ်နားတစ်ဝိုက်က ရုရှားပိုင်နယ်တွေမှာ ခန့်ထားတဲ့ ဂျာမန်မင်းမျိုးမင်းနွယ်တွေရဲ့ အခွင့်အရေးတွေကို ဆက်ပေးသင့်တယ်လို့ ရုရှားသတင်းစာတစ်စောင်မှာ ရေးလိုက်ရာက စတာဘဲ။ အဲဒီဆောင်းပါးကို မကျေနပ်တဲ့ ရုရှားနာမည်ကြီး ဂျာနယ်လစ်စ် တစ်ယောက်က ပြန်ပြီး ချေပရေးသားရာကနေ တခြားရုရှားစာရေးဆရာတွေလည်း ပါလာတယ်။ အဲဒီကစလို့ ဂျာမန်တွေအပေါ်မကျေနပ်တာတွေကို မီခိုးကြွက်လျှောက်ရေးကြရာက ဂျာမန်ဆန့်ကျင်ရေးစိတ်ဓါတ်တွေ ပြင်းထန်လာကြတယ်။ ဒီတော့ နစ်ကိုးလပ်စ်ရဲ့ အဖေက သူ့သားနဲ့ ဂျာမန်မင်းသမီးယူမှာကို လုံးဝဘ၀င်မကျဘူး။ သူက ပိုပြီးတန်ခိုးထွားတဲ့ ပြင်သစ်ပြည်က အိမ်ရှေ့စံမင်းသမီးတစ်ယောက်ကို ချွေးမတော်ချင်တယ် ။ ပြင်သစ်မင်းသမီးက အဘိုးကြီး သူ့ကို ချိန်နေတာသိပေမယ့် သူက ကက်သလစ် ခရစ်ယာန်မို့ ဂိုဏ်းမပြောင်းချင်ဘူး။ ဇာဘုရင်မဆိုတာကလည်း Orthodox ခရစ်ယာန်ဖြစ်ကို ဖြစ်ရမယ်လေ။ ဒါနဲ့ပြင်သစ်မင်းသမီးက သိပ်လိုလားဟန်မပြတော့ နစ်ကိုးလပ်စ်ရဲ့ အဖေကြီးဟာ ပရပ်ရှားပြည်က မင်းသမီးတစ်ယောက်ကို နားဖောက်ပြန်တယ်။ ဟိုကလည်း ကျမရဲ့ ပရိုတက်စတန့် ခရစ်ယာန်ဂိုဏ်းကနေ ဘယ်ဂိုဏ်းကိုမှ မပြောင်းနိုင်ပါဘူး လို့ အပြတ်ငြင်းလွှတ်လိုက်တာနဲ့ နောက်ဆုံးတော့ ဇာဘုရင်ကြီးဟာ ချွေးမလောင်းကို လူကြီးသမီးတွေထဲက ရှာတာကို လက်လျှော့သွားတယ်။ ဒါနဲ့ နစ်ကိုးလပ်စ်နဲ့ သူ့ရည်းစားဂျာမန်မင်းသမီး အဲလစ်စ်တို့ဟာ ၁၈၉၄ မှာ စေ့စပ်ကြောင်းလမ်းတယ်။
ဒါပေမယ့် အဆင်ပြေပြေ ပျော်ရမယ်မကြံသေးဘူး။ နစ်ကိုးလပ်စ်ရဲ့ အဖေ ဇာဘုရင်ကြီးဟာ အသည်းအသန်နေမကောင်းဖြစ်ပြီး လျောသွားပါလေရောတဲ့။ အသက် ၄၉ နှစ်သာရှိသေးတဲ့အဖေ ဒီလို သူတို့ကို စောစောစီးစီးထားသွားလိမ့်မယ့်လို့ မထင်တဲ့ နစ်ကိုးလပ်စ်အတွက်ကတော့ ရွှေတောင်ကြီးပြိုတာဘဲ။ သူက ဘုရင်လုပ်ဖို့ ကြောက်နေသူ။ ဘာမှလည်း ပြင်ပြင်ဆင်ဆင် မလုပ်လိုက်ရဘဲ အသက် ၂၆ နှစ်နဲ့ဘုရင်လုပ်ရတော့မယ်ဆိုတော့ အတော်လေး စိတ်ညစ်သွားခဲ့တယ်။ '' ငါဘာမှလည်း မသိသေးဘူး။ ခုနေဘုမသိဘမသိနဲ့ အုပ်ချုပ်မင်းလုပ်ရရင် ရုရှားပြည်တော့ ငါးပါးမှောက်တော့မှာဘဲ။ ဒါဆို ငါလည်း မလွယ်ကြောဘဲ '' လို့ တွေးပြီး ချွေးပြန်နေချိန်မှာ မင်းသမီး အဲလစ်စ်ဟာ သူ့အနားကနေ အမြဲအားပေးခဲ့တယ်။ သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် အတော် ချစ်ကြတာဆိုဘဲ။ အဲလစ်စ်သာ အနားမှာ မရှိရင် နစ်ကိုးလပ်စ်ဟာ အသက် ၂၆ နှစ်နဲ့ ဘုရင်တက်လုပ်ရမှာကို ဘယ်လိုမှ ဟန်ကိုယ့်ဖို့ လုပ်နိုင်ခဲ့မှာ မဟုတ်ဘူး လို့ ဆိုတယ်။ သူတို့နှစ်ယောက်အကြောင်းကို ဖတ်ရင်းနဲ့ မြန်မာပြည်က သီပေါမင်းနဲ့ စုဖုရားလတ်တို့ ဇာတ်လမ်းကို သတိရမိတယ်။ အကုန်လုံးတော့ ဘယ်တူနိုင်ပါ့မလဲလေ။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်တာရယ်၊ စိတ်ဓါတ်ပျော့ပျောင်းတဲ့ ရှင်ဘုရင်နဲ့ ဘေးကနေအားပေးခဲ့တဲ့ မိဖုရားရယ် အဖြစ်ချင်း ဆင်တယ်။ မိဖုရားက ဘုရင်ကို အားပေးပေမယ့် ပေးလိုက်တဲ့အကြံဥာဏ်တွေက သိပ်အသုံးမတည့်တာရယ်၊ နောက်ဆုံးမှာ သူတို့လင်မယား ထီးနန်းကို စွန့်ရပြီး ကလေးတွေနဲ့အတူ နယ်နှင်ဒဏ်ပေးခံရတာ အကျယ်ချုပ်ကျတာ အဲဒါတွေလည်း ဆင်တာဘဲ။ အဲ..သီပေါမင်းတို့မိသားစုကမှ ဇာဘုရင်မိသားစုထက်ကံကောင်းသေးတယ်။ ပြည်နှင်ဒဏ်ခံရပေမယ့် သူများသတ်လို့ မသေလိုက်ရဘူး။ ဇာဘုရင်မိသားစုကတော့ အတော်ကို ကံဆိုးတာပါ ။ တစ်မိသားလုံး အကျယ်ချုပ်မှာ ကိုယ့်လူမျိုး ကွန်မြူနစ်တွေကဘဲ သတ်လို့သေတယ်။ မသေခင်လည်း အမျိုးမျိုးစော်ကား မော်ကားလုပ်ခံရတယ်။ ဒီလို သမိုင်းတွေကို ပြောပြလို့လည်း ဖာဘယ်ဂျေးရဲ့ ကြက်ဥတွေဟာ လေလံပစ်တိုင်း မဝ














Comments

Popular posts from this blog

သံဘယ်လိုချမလဲ

သံကောင် တုတ်ကောင် လျှော့မတွက်စေလို

စကော့ဈေးမှာ ချာလည်လည်