Posts

Showing posts from September 19, 2013

Titans တို့ရဲ့ ရွှေခေတ် သို့မဟုတ် ( Sky + Earth = Titans )

Image
ဂရိတွေရဲ့ အယူအဆအရ လောကကိုကြီးစိုးနေတဲ့ ( ဇုဇ် ၊ ပွေဆိုက်ဒွန် နဲ့ ဟေးဒီးစ် ) နတ်ဘုရားကြီးတွေ မတိုင်ခင်မှာ Titan ဆိုတဲ့ အသူရာနတ်မင်းကြီးတွေ ကြီးစိုးခဲ့တယ် ။ သူတို့ရဲ့ အဖေအမေ ခေတ်ပေါ့ ။ Big three လို့ခေါ်တဲ့ အိုလမ်ပီယာနတ်မင်းကြီးတွေကို မွေးဖွားပေးခဲ့တဲ့ ခရိုနပ်စ်ဆိုတဲ့ တစ်တန်ကြီးတွေရဲ့ အထက်က မိဘတွေကတော့ Uranus နဲ့  Gaia ဆိုတဲ့ ကောင်းကင်ဖခင်နဲ့ မိခင်မြေကြီးတို့ ဖြစ်ပါတယ် ။ Big Three  ရဲ့ ဘိုးဘွားတွေပေါ့ ။ ကမ္ဘာမြေကြီးကို မိခင်လို့ယူဆရင် ကောင်းကင်ကိုဖခင်လို့ယူဆခဲ့တဲ့ အယူအဆတွေဟာ ဂရိနတ်ဘုရားတွေရဲ့ ဒဏ္ဍာရီမှာ ကြီးမားစွာ လွှမ်းမိုးခဲ့ပါတယ် ။ မိခင်မြေကမ္ဘာ ဂါယီယာရဲ့ မျိုးဆက် Sky + Earth = Titans Uranus ယူရေးနပ်စ် ဆိုတာ ရှေးဂရိ ဒဏ္ဍာရီလာ စာအရ အဖကောင်းကင်ကြီးဖြစ်ပါတယ် ။ ကောင်းကင်ဘုံပေါ့နော် ။ Uranus အဖကောင်းကင်  သူရဲ့ မိခင်လည်း ဖြစ် ဇနီးလည်း ဖြစ်တဲ့သူကတော့ မိခင်ကမ္ဘာမြေကြီးလို့ လူသားတွေတင်စားခဲ့ကြတဲ့ Gaia ဂါယီယာ mother earth ဖြစ်ပါတယ် ။ မိခင်မြေကမ္ဘာ Gaia ခေါ် Gaea ဂါယီယာ မိခင်မြေကြီးရဲ့ သင်္ကေတ ဝမ်းကြာတိုက်နဲ့ လက်နှစ်ဘက်ကို ကိုယ်စားပြုတဲ့ မိခင်မြေကြီး မိခင်မြေကြီး သဏ္ဍာန် ရုပ်တု လ