Posts

Showing posts from November 21, 2018

ဖာဘယ်ဂျေးရဲ့ ရတနာစီခြယ် အီစတာဥများ ၇

Image
ကြားထဲမှာ မရေးပဲချန်ထားတဲ့ ဥတွေထဲက နာမည်ကြီး တဲ့ ဥတချို့ကိုပြန်ရေးပါ့မယ် ။ Third Imperial (Fabergé egg) ဒီဥက ပါပါး အက်ဇန်းဒရားက မားမား မာရီယာကိုပေးတာပါ ။  ကိုယ်ထည်က ရွှေရောင်အတိကို လူဝီ ၁၄ စတိုင် အမြောင်းလေးတွေနဲ့ ခါးလည်မှာ စိန်ခလုတ်လေးပါတယ် ။ဖွင့်လိုက်ရင် မိန်းမနာရီလေးတခု ထောင်တတ်လာတယ် ။ သုံးချောင်းထောက် ခြင်္သေ့ခြေထောက်လေးတွေနဲ့ ပန်းဆိုင်းလေးတွေနဲ့ နီလာပြာကြီးတလုံးနဲ့ အလှဆင်ထားပါတယ် ။ ဖာဘယ်ဂျေးရဲ့ သုံးခုမြောက် ဥ လက်ရာဖြစ်ပြီး ကာလကြာရှည်စွာ ဘယ်သူ့လက်ရောက်မှန်းမသိ ပျောက်ဆုံးနေရာမှ အမေရိကမှာ သံတိုသံစ အဟောင်းရောင်းတဲ့ လူတယောက်ဆီမှာ ၂၀၁၄ ခုနှစ်ကမှ ပြန်တွေ့တယ် ။ ခုတော့ ဒေါ်လာ ၃၃ သန်းတန်သွားပါပီ ။ Nécessaire (Fabergé egg) မြန်မာလိုဆို မရှိမဖြစ်လေးတွေပေါ့ :D ။ ဒါလဲ ပါးပါးက မားမားကို လက်ဆောင်ပေးတာပါပဲ ။ ထူးဆန်းတာက အမျိုးသမီး အိမ်သာထဲမှာ သုံးတဲ့ ပစ္စည်းလေးတွေပါ ။ဟေဟေ့ ။ ဒီဥလဲ ပျောက်နေတာ လန်ဒန်မှာ ၁၉၅၂ ကမှပြန်တွေ့တာ ။ ရွှေနဲ့လုပ်ထားတဲ့ ကပ်ကျေးသေးသေးလေးရယ် ဒါးသေးသေးလေးရယ် ဘာထည့်တာလဲ မသိတဲ့ပုလင်းပြားလေးရယ် ပါတယ် ။ တဘက်ထိပ်မှာ နာရီလေးလဲပါတယ် ။ ခေတ်မီသလား မမေးနဲ့ လန်ထွက် ။ ဘ