ဖာဘယ်ဂျေးရဲ့ ရတနာစီခြယ် အီစတာဥများ ၇

ကြားထဲမှာ မရေးပဲချန်ထားတဲ့ ဥတွေထဲက နာမည်ကြီး တဲ့ ဥတချို့ကိုပြန်ရေးပါ့မယ် ။

Third Imperial (Fabergé egg)

ဒီဥက ပါပါး အက်ဇန်းဒရားက မားမား မာရီယာကိုပေးတာပါ ။  ကိုယ်ထည်က ရွှေရောင်အတိကို လူဝီ ၁၄ စတိုင် အမြောင်းလေးတွေနဲ့ ခါးလည်မှာ စိန်ခလုတ်လေးပါတယ် ။ဖွင့်လိုက်ရင် မိန်းမနာရီလေးတခု ထောင်တတ်လာတယ် ။ သုံးချောင်းထောက် ခြင်္သေ့ခြေထောက်လေးတွေနဲ့ ပန်းဆိုင်းလေးတွေနဲ့ နီလာပြာကြီးတလုံးနဲ့ အလှဆင်ထားပါတယ် ။ ဖာဘယ်ဂျေးရဲ့ သုံးခုမြောက် ဥ လက်ရာဖြစ်ပြီး ကာလကြာရှည်စွာ ဘယ်သူ့လက်ရောက်မှန်းမသိ ပျောက်ဆုံးနေရာမှ အမေရိကမှာ သံတိုသံစ အဟောင်းရောင်းတဲ့ လူတယောက်ဆီမှာ ၂၀၁၄ ခုနှစ်ကမှ ပြန်တွေ့တယ် ။ ခုတော့ ဒေါ်လာ ၃၃ သန်းတန်သွားပါပီ ။

Nécessaire (Fabergé egg)

မြန်မာလိုဆို မရှိမဖြစ်လေးတွေပေါ့ :D ။ ဒါလဲ ပါးပါးက မားမားကို လက်ဆောင်ပေးတာပါပဲ ။ ထူးဆန်းတာက အမျိုးသမီး အိမ်သာထဲမှာ သုံးတဲ့ ပစ္စည်းလေးတွေပါ ။ဟေဟေ့ ။ ဒီဥလဲ ပျောက်နေတာ လန်ဒန်မှာ ၁၉၅၂ ကမှပြန်တွေ့တာ ။ ရွှေနဲ့လုပ်ထားတဲ့ ကပ်ကျေးသေးသေးလေးရယ် ဒါးသေးသေးလေးရယ် ဘာထည့်တာလဲ မသိတဲ့ပုလင်းပြားလေးရယ် ပါတယ် ။ တဘက်ထိပ်မှာ နာရီလေးလဲပါတယ် ။ ခေတ်မီသလား မမေးနဲ့ လန်ထွက် ။ ဘာတွေနဲ့ လုပ်ထားလဲတော့ မရေးတော့ပါဘူးနော် ။ အရမ်းများသွားမှာ စိုးလို့ ။

Danish Palaces (Fabergé egg)

ဒိန်းမတ်နန်းတော်များ ဥလေးကိုလဲ ပါးပါးက မားမားကိုပေးတာပါပဲ ။ ပန်းရောင်လေး စိန်တွေ တဖြတ်ဖြတ်နဲ့ပေါ့ နော် ။ သူ့ရဲ့ ဆပရိုက်စ်က ဥလေးကို အလယ်ကဖွင့်လိုက်ရင် မားမားရဲ့ ဒိန်းမတ်ကနန်းတော်တွေရဲ့ ပုံလေးတွေ ဆယ်ပုံကို ရေဆေးနဲ့ဆွဲထားတဲ့ ကနုကမာပန်းချီကားချပ်လေးတွေ ကိုရွှေဘောင်ကွပ်ထားတဲ့ အခေါက်လေးထွက်လာပါတယ် ။ ပိုလာတော်ဝင်ရွက်သင်္ဘောပုံ ၊ ဒိန်းမတ်နိုင်ငံကိုပင်ဟေဂင်က ဘန်းစေတာ့ဖ် နန်းတော် ၊ ဖရန်ဒန်စဘော့ခ်ျ ပန်းခြံ ထဲက မင်းကြီးရဲ့ ဗီလာစံအိမ် ၊ ဒိန်းမတ်နိုင်ငံကိုပင်ဟေဂင်က AmaLienborg နန်းတော် ၊ ခရုန်ဘော့ခ်ျ ရဲတိုက် ၊ Helsingør ; the Cottage Palace ၊ Petergof မြူနီစပယ်မြို့တော်ကနန်းတော် ၊ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့က ဂတ်ချီနာ နန်းတော် နဲ့ တော်ဝင်ရွက်သင်္ဘော Tserevna တို့ရဲ့ ရေဆေးပန်းချီပုံလေးတွေဖြစ်ပါတယ် ။

Diamond Trellis (Fabergé egg)

စိန်အကွက်ဥလို့မြန်မာလိုခေါ်လို့ရမယ်ထင်တယ် ။ ပါးပါးကနေ မားမားကိုပေးတာပါ ။ ဥအခွံကို ဂျေဒိုက် ကျောက်စိမ်းအရောင်နုကို သွေးပြီးလုပ်ထားတယ် ( ဂျေဒိုက်ကျောက်စိမ်းက မြန်မာပြည်မှာ အဓိက ထွက်ရှိတယ် ။ တရုတ်နဲ့ ရုရှားတို့မှာ ထွက်တဲ့ ကျောက်စိမ်းတွေက နက်ဖရိုက်ကျောက်စိမ်းတွေ ၊ ဂျေဒိုက်ကမှ ရတနာ တန်းဝင်တယ်  တန်ဘိုးပိုကြီးမားတယ် )
တကိုယ်လုံးကိုစိန်အတန်းလိုက်နဲ့ ရာဇမတ်ကွက်ဖော်ထားတယ် ။ ဥရဲ့အောက်ခြေထိပ်မှာ စိန်အကြီးကြီးတလုံး ။
ဥရဲ့ဒေါက်တိုင်က အလက်ဇန်းဒရားရဲ့ သားသုံးယောက် နီကိုလပ်စ် ဂျော့ခ်ျနဲ့ မိုက်ကယ်တို့သုံးယောက် ပုစုခရု အရွယ်ပုံလေးတွေကို ငွေနဲ့လုပ်ထားပြီးေ၈ျဒိုက်ကျောက်စိမ်းခုံပေါ်မှာ ထိုင်နေတဲ့ ပုံထုထားတာ တာ ခုပျောက်နေတုံးပဲ ။
သူ့ရဲ့ ဆပရိုက်က ဆင်စွယ်နဲ့ လုပ်ထားတဲ့ ဆင်ဖြူတော်ရုပ်လေးပါ ။ လှုပ်ရှား သွားလာလို့ ရပြီး မျှော်စင်သေးသေးလေးတခုကို ကျောပေါ်တင်ထားတယ် ။ စိန်တွေနဲ့ တန်ဆာဆင်ထားပြီး ဖာဘယ်ဂျေးရဲ့ တံဆိပ်ခပ်နှိပ်ထားတယ် ။ ဆင်ဦးခေါင်းပေါ်မှာ လူမည်းဆင်ဦးစီး တယောက်ထိုင်နေတဲ့ ပုံလေးနဲ့ ။ သော့တံလေးနဲ့ လှည့်လိုက်တာနဲ့ နှစ်ပေါင်း ၈၀ကျော် ဘယ်သူမှ မထိခဲ့တဲ့ ဆင်လေးဟာ ချောမွေ့စွာ လှုပ်ရှားလို့ရနေဆဲပါပဲ ။ ဖာဘယ်ဂျေးရဲ့ ပထမဆုံးသော ယန္တယား စက္ကောမ အရုပ်လေးပဲဖြစ်ပါတယ် ။ အဲနောက်ကမှ ဆိုက်ဘေးရီးယားရထားလေး ကိုတီထွင်တာပါ ။ ဆင်လေးက ဒိန်းမတ်ဘုရင်မကြီးရဲ့ အကြီးမားဆုံးအမိန့်ကို သယ်ဆောင်လာတယ်လို့ အဓိပ္ဗါယ်ရပါတယ် ။ ရိုချက်က ပါးပါးရော နီကိုလပ်စ်ရော ။

Renaissance (Fabergé egg)

အသစ်တဖန်ပေါ်ထွန်းခြင်း ဥလေးကလဲ ပါးပါးကနေ မားမာကို ပေးတာပါ ။ ဒါပေမယ့် ဘာထူးလဲ ဆိုတော့ ပါးပါးက မာမားကိုပေးတာ ဒီတခါနောက်ဆုံးမို့လို့ပါ ( အိမ်နဲ့ မိသားစုကိုခင်တဲ့ မိန်းမကိုအရမ်းချစ်တဲ့ ရှေးရိုးစွဲတာကို နှစ်သက်မြတ်နို်းတဲ့ ပါပါးက ၄၉  နှစ် အရွယ်မှာ ဒီဥကိုပေးပြီး မကြာခင်မှာပဲ  ကျောက်ကပ်ရောဂါနဲ့ ချစ်ဇနီးရဲ့ လက်ပေါ်မှာ ဆရာဝန်ရဲ့ ရှေ့မှောက်မှာ ပဲ ဆုံးပါးသွားခဲ့ပါတယ် ) ။ အလွန်လှပ လက်ရာမြောက်တဲ့ ဥရဲ့ ဆပရိုက်စ်ကလဲ နောက်ထပ်ဥ တလုံးပါပဲ ။ Resurrection Egg ရှင်ပြန်ထမြောက်ခြင်းလို့ အဓိပ္ဗါယ်ရပါတယ် ။ အဲထဲမှာ ခရစ်တော်ဟာ အုပ်ဂူပေါ်မှာ ရပ်နေပြီး တမန်တော် နှစ်ပါးခြံရံထားတဲ့ ပုံဖြစ်ပါတယ် ။

Rock Crystal (Fabergé egg)

ဒီဥလေးက နီကိုလပ်စ်က အဲလက်စ်ကို ပိုးနေတဲ့ အချိန်မှာ သူတို့လက်မထပ်မီ နှစ်နှစ်လောက်လိုတဲ့ အချိန်မှာ ပေးခဲ့တာပါ ။ ဒီဥမှာ ထိပ်ဆုံးမှာ တင်ထားတဲ့ ဆိုက်ဘေးရီးယမ်း မြကြီးဟာ လုံးချောသွေးထားတာဖြစ်ပြီး ဖာဘယ်ဂျေး သုံးသမျှရတနာတွေထဲမှာ အကြီးဆုံးပါပဲ ။  အဲဒီမြကြီးကို နှိပ်လိုက်ရင် ဥအထဲက ရွှေတိုင်လေးမှာ ချိတ်ထားတဲ့ ရွှေစာအုပ်လေးက စာမျက်နှာ လှန်ပေးမှာပါ တခါကိုနှစ်မျက်နှာ ကြည့်လို့ရြ့ပီး တမျက်နှာကို ပုံတပုံပါပါတယ် ။ သူတို့နှစ်ယောက်ချစ်ခင်စအချိန်မှာ အမှတ်တရများဖြစ်ခဲ့တဲ့ နေရာ အသီးသီးကို ပုံဖော်ထားတာဖြစ်ပါတယ် ။ နန်းတော်ကြီးတွေပေါ့နော်  စုစုပေါင်း ၁၂ ပုံပါပါတယ် ။

1896 Twelve Monogram Egg

နီကိုလပ်စ်က မာမားကို ပါးပါးဆုံပြီး နှစ်နှစ်အကြာမှာ အမှတ်တရပေးခဲ့တဲ့ ဥပါ ။ မားမား မာရိယာရဲ့ ပန်းစာလုံးအမှတ်အသား MF ကို ဥရဲ့အပေါ်ခြမ်းမှာခြောက်ကြိမ်ဖော်ပြထားပြီး ဥရဲ့အောက်ဘက်ခြမ်းမှာ ပါးပါးရဲ့ AIII အမှတ်အသားကို ခြောက်ကြိမ်ဖော်ပြထားပါတယ် ။

"I can't find words to express to you, my dear Nicky, how touched and moved I was on receiving your ideal egg with the charming portraits of your dear, adored Papa. It is all such a beautiful idea, with our monograms above it all." (von Habsburg, Fabergé: Treasures of Imperial Russia, 2004, 66)

မိုင်ဒီးယာနစ်ကီ (နီကိုလပ်စ် ) မေမေ ဘာပြောရမှန်းမသိလောက်အောင် ဆွံ့အသွားတယ် မင်းသိပ်ချစ်တဲ့ ချောမောတဲ့ ပါးပါးပုံနဲ့ ဒီလက်ရာကိုလက်ခံရတော့ စိတ်ထိခိုက် ဝမ်းနည်းဝမ်းသာဖြစ်မိတယ်  တို့နှစ်ယောက်ရဲ့ စာလုံးအမှတ်အသားတွေနဲ့ သိပ်ကိုလှတဲ့ အိုင်ဒီယာလေးတစ်ခုပါပဲ လို့မားမား ကပြောခဲ့ပါတယ်တဲ့ ။

Pelican (Fabergé egg)
နောက်၃ နှစ်အကြာမှာ နီကိုလပ်စ်က မားမားကို ပေးခဲ့တဲ့ ငှက်ကြီးဝန်ပိုဥပါ ။ ကြွေဆေးမသုတ်ပဲ သတ္တု ပေါ်မှာ ထွင်းထားတဲ့ ဥ အနည်းငယ်ထဲက တစ်ခုပါ ။ ငှက်ကြီးဝန်ပိုမကြီးက အသိုက်ထဲက သားငယ်ကို အစာကြွေးနေတဲ့ ပုံလေးက ဥရဲ့ ထိပ်မှာ ခလုတ်တခုလို အဖွင့် အပိတ်သုံးရတာပါ ။ မိခင်မေတ္တာကို ဖောကျူးထားပြီး ခလုပ်ကို မလိုက်လို့ ရှိရင် ဥဟာ ကိုးလွှာပွင့်သွားပြီး မားမားလုပ်ဆောင်နေတဲ့ ပရဟိတ ဖောင်ဒေးရှင်းတွေရဲ့ အဆောက်အဦးတွေရဲ့ ပုံတွေကို ဆွဲထားတာဖြစ်ပါတယ် ။ ပုံတွေရဲ့ နောက်ကျောဘက်မှာ အဲဒီအဆောက်အဦးတွေရဲ့ နာမည်တွေကို ရေးထိုးထားပါတယ် ။




























































Comments

Popular posts from this blog

သံဘယ်လိုချမလဲ

သံကောင် တုတ်ကောင် လျှော့မတွက်စေလို

စကော့ဈေးမှာ ချာလည်လည်