ရှင့်ကျန်း ကာတွန်းရီဗျူး
ခုတလော စာကြည့်တိုက်လဲ ခဏခဏ ရောက်တယ် စာအုပ်တွေလဲ ငှားပြီး ဖတ်မိတယ် ။ အင်တာနက်ကို scrolling လောက်ပဲ လုပ်တော့တယ် ။ ဖတ်မိတဲ့ စာအုပ်တွေက သိပ်အကြီးကျယ်ကြီး မဟုတ်ပါဘူး ။ ကော်မစ်ရုပ်ပြတွေပါ ။ ရုပ်ပြ ခရီးသွား နဲ့ ရုပ်ပြဗုဒ္ဒဝင် လေးပေါ့ ။ ဘားမားခရိုနီကယ်ရေးတဲ့ ကာတွန်းဆရာကို သဘောကျသွားတာကြောင့် သူဆွဲခဲ့တဲ့ ရုပ်ပြတွေ စာကြည့်တိုက်မှာသွားထပ်ရှာတော့ တရုပ်ပြည် ရှင့်ကျန်း မှာ နေခဲ့တဲ့ စာအုပ်လေး ထပ်ရလာခဲ့တယ် ။ ဂျေရုဆလင် ဆိုတဲ့ စာအုပ်ရှာပေမယ့် မရခဲ့ဘူး ။ ကံအကြောင်းတိုက်ဆိုင်စွာ ဖဘမှာ ရှယ်ထားတဲ့ လင့်ကနေ စာရေးဆရာ Ksaungchaung ရေးတဲ့ ဘလော့မှာ သူကိုယ်တိုင် အစဆုံးဘာသာပြန်ထားတာလေး ဖတ်လိုက်ရလို့ အရမ်းကျေးဇူးတင်မိတယ် ။ စိတ်ထဲမှာ စာရေးဆရာကို ဘာမားခရိုနီကယ်လေး နဲ့ ရှင့်ကျန်းလေးပါ ဘာသာပြန်ပေးရင် အရမ်းကောင်းမှာပဲ လို့ ဆုတောင်းမိတယ် ။ စာဖတ်သူတွေကြားကို ကျယ်ပြန့်စွာ ရောက်သွားရင် သိပ်ကောင်းမှာပဲနော်.... သူ့ရဲ့လင့်က ဒီမှာပါ ။ ဒီစာအုပ်လေးကိုတော့ ဦးဏှောက်ထဲက မပျောက်ပျက်သွားအောင်တော့ ဒီဘလော့လေးမှာ တင်ထားချင်တယ်။ ဒီစာအုပ်ရဲ့ထူးခြားချက်နဲ့ ဘာမားခရိုနီကယ်စာအုပ်နဲ့ ကွာခြားချက်ကတော့ ဒီစာ...