Posts

Showing posts with the label apps

The apps in my devices ( iOS )

Image
ဟမ်းဖုန်းလေးတွေကိုင်ကာစကတော့ ဖုန်းထဲမှာ အရင်ဆုံးထည့်တဲ့ app ကတော့ မြန်မာဖောင့် နဲ့ facebook ပါ ။  နောက်ထပ် အငမ်းမရ ထည့်ခဲ့တဲ့ apps လေးတွေကတော့ ဂိမ်းမျိုးစုံပါပဲ ။ နောက်ပြီး သီချင်းတွေ ရယ် MTV တွေရယ် ။ ဘယ်သွားသွား ဘာလုပ်လုပ် ဖုန်းနဲ့ မျက်နှာ အပ်နေတာ ။   အလကားရတာတွေလဲ ရှိသလို ပိုက်ဆံနဲ့ ဝယ်တာတွေလဲ ဒေါ်လာ ၂၀၀ ဘိုးလောက်မကတော့ဘူး ။  နောက်တော့ အဲတာတွေ ရှိနေတာ ကို မျက်စေ့က နောက်လာတယ် ။ ဘာဆို ဘာမှ ဖုန်းထဲ ကိုမသွင်းခြင်တော့ လောက်အောင် ငြီးငွေ့သွားတယ် ။  ရှိသမျှ ဂိမ်းတွေ အရုပ်လှလှလေးတွေ wallpapers တွေ အကုန်ဒလိပစ်လိုက်တယ် ။ နောက်တော့ တကယ် အသုံးကျမယ့် apps လေးတွေ ကိုယ်တကယ် စိတ်ဝင်စားမယ့် apps လေးတွေပဲ ပြန်ရှာပြီး သွင်းထားလိုက်တယ် ။   ဒါတွေကတော့ ကျမ အတွက် စိတ်ဝင်စားဘို့ ကောင်းတဲ့ apps တချို့ ဖြစ်ပါတယ် ။ အမှန်က အများကြီးပေါ့ ။ ဒါပေမယ့် မြန်မာ ဒဘလော့ပါ တယောက် ကိုတွေ့လိုက်ပြီး သူ့ apps လေးတွေ မဆိုးလို့ အစဉ်အတိုင်း တင်ပြလိုက်တာပါ ။ မြန်မာ ဓာတ်ပုံဆရာတွေ အတွက် လက်တည့်စမ်းချင်သူတွေ အတွက် ပေါ့ ။ Myanmar Street Photographe...

ကျမအကြိုက် appsများ

Image
မြန်မာပြည်ကို တလလောက်သွားလိုက်တာ ရေးချင်နေတာတွေ အများကြီးရလာခဲ့တယ် ။ ဒါပေမယ့် ရှုပ်လွန်းတဲ့ အလုပ်တွေများလွန်းတဲ့ ကိစ္စတွေကြောင့် မေ့ချင်ချင်ဖြစ်ကုန်ပြီ ။ နောက်မှပဲ မမ်မိုရီကို ဘက်ကက်လုပ်ပြီး ပြန်ရေးရမယ် ။ :D ကီးဘုတ်နဲ့ရော စကရင်နဲ့ပါ ဝေးနေတဲ့ အချိန်ရယ် တခုခုကိုစောင့်နေရတဲ့ အချိန်တွေမှာ အကျိုးရှိတာ တခုခု လုပ်မယ်ကြံလိုက်တော့ မလုပ်ဖြစ်တာ ကြာပြီ ဖြစ်တဲ့ ကိုယ့်စိတ်ကို ပြန်ဖမ်းတဲ့ အလုပ်လေးလုပ်ဘို့ ကြိုးစားကြည့်မိတယ် ။ ငယ်ငယ်တုန်းက လိပ်ပြာပိုလှလို့လား မသိဘူး ကိုယ့်စိတ်ကို ပြန်ဖမ်းတာ အဲလောက် မခက်ခဲ့ဘူးနော် ။ ခုတော့ကိုယ့်စိတ်ကိုယ်ပြန်ဖမ်းတဲ့ အလုပ်လုပ်တာ အတော် ချာလည်လည်နေတာ တွေ့ရတယ် ။ ဒီအတိုင်းဆိုရင်တော့ ငါရုတ်တရက် တခုခု ဖြစ်သွားရင် ကောင်းမှာ မဟုတ်ဘူးလို့ သက်ပြင်းချမိတယ် ။ စိတ်ငြိမ်အောင်ကြိုးစားရင်း အာရုံကိုဖမ်းဆုတ်မိပြန်တော့ ပေါ်လာတာတွေက မကောင်းတဲ့ အာရုံတွေ မကြည်လင်တဲ့ ဖြစ်ရပ်တွေ မလှပတဲ့ ပုံရိပ်တွေကိုကြောက်မက်ဖွယ် စွဲနေတာကို ကိုယ့်ကိုယ်ကို သိလိုက်ရတယ် ။ နေ့စဉ် တွေ့နေကြားနေရတာတွေက မကောင်းတဲ့ သတင်းတွေ မလှပတဲ့ အနိဌာရုံတွေ များလွန်းတာကိုး ။ သွေးတွေနဲ့ ...