Posts

Showing posts from October 10, 2013

Da Vinci Code ( 3 )

Image
တိဘင်းဟာ ပိုလီယိုရောဂါ ရှင် အောက်ပိုင်း မသန်သူဖြစ်ပါတယ် ။ သူက ပြင်သစ်ကဆရာဝန်တွေကို မယုံကြည်ပဲ ဂရိတ်ဗြိတိန် မှာ ခဏခဏ ဆေးကုသဘို့ သွားရောက်လေ့ရှိသူဖြစ်ပါတယ် ။ သူဟာ စတီးတပ်ဆင်ထားတဲ့ ခြေထောက် အစွပ်ကိုဝတ်ဆင်ထားပြီး တုတ်ကောက်အကူနဲ့ လှုပ်ရှားပါတယ် ။ ဒီအချိန်မှာ ရဲတွေရော စီးလာ့စ်ရော ဘဏ်ကကားဟာ ရှပ်တိုဗီလပ် စံအိမ်ကြီးမှာ ရောဘတ်လန်ဒန်တို့နဲ့ အတူရောက်ရှိနေပြီဆိုတာ သိသွားကြပါပြီ ။ ဆိုဖီက သူ့လက်ထဲက သော့တုန်းက ရောဘတ်လန်ဒန်ကို ပေးလိုက်ပြီး ကျမတော့ ခုထိဘာမှ နားမလည်သေးဘူး တခုတော့ရှိတယ် ရှင်ခုထိ ထွက်မသွားသေးတာကို ကျေးဇူးတင်ပါတယ်လို့ပြောလိုက်တယ် ။ သူတို့နှစ်ယောက် စံအိမ်ကြီးပေါ်တတ်သွားတဲ့အချိန်မှာ တံခါးလာဖွင့်ပေးသူက လေးတိဘင်းရဲ့ သစ္စာရှိလူယုံဖြစ်တဲ့ ရင်မီ ဖြစ်ပါတယ် ။ အိမ်ထဲရောက်တော့ တိဘင်းက " ရောဘတ် .... မင်းက မိန်းကလေးတယောက်နဲ့လာတာပဲ" လို့ ရင်းနှီးစွာ ပြောလိုက်တယ် ။ ရောဘတ်က " ဆာ တိဘင်း ကျနော်နဲ့ အတူပါလာတဲ့ မိန်းကလေးနှင့် မိတ်ဆက်ပေးပါရစေ သူကဆိုဖီနာဗှူလို့ ခေါ်ပါတယ်လို့ ပြောလိုက်တယ် ။ ဆိုဖီက ကျမတို့ အချိန်မတော်မှာ ရောက်လာမိတယ် မိုးချုပ်နေပြီ ကျေးဇူးတင်ပါတယ်လို့ ေ