Posts

Showing posts from October 14, 2013

ဘာရယ် မဟုတ်

Image
ဘာမှ မဟုတ်တာတွေ အပလာတွေရေးမှာ မို့လို့ ဘာရယ် မဟုတ်လို့ ခေါင်းစဉ်တတ်လိုက်တယ် အဟီး  ဖဘကို ပတ်ရှောင်ချင်သူဆိုတော့ ဘလော့ကို တချိန်လုံးရေးဖြစ်နေတယ် ။ သီးခြားလေး ခံစားရတဲ့အတွက် ပိုကြိုက်တယ် ။ ဖဘမှာ ကိုယ်သိတဲ့သူတွေ ၊ ခင်တဲ့သူတွေ ၊ တချို့ဆို ကြိုးစားအားထုပ်မှုလေးတွေနဲ့ လူတွေ ဗဟုသုတကို ဖရီးရအောင်ကြိုးစားပေးနေသူလေးတွေ အားရှိအောင် လိုက်ခ် လုပ်မိရင်ကအစ ကဲ့ရဲ့ချင်တဲ့ သူတွေ နဲ့ ဝေးတဲ့ အတွက် ဘလော့မှာ ပျော်တယ် ။ လူဆိုတာ သူများမျက်ချေးပဲမြင်ဘို့ သီးသန့်ကျင့်ကြံနေကြတဲ့သူတွေ ဆိုတော့ ဝလကလပေါ့နော် ။ ဖဘမှာ ဘာလုပ်လုပ်ပြတယ်ဆိုတဲ့ ရည်ရွယ်ချက်ကြီးထဲရောက်ရောက်သွားတာကို မကြိုက်တော့ဘူး ။ တခါတလေ ပြချင်တာ မဟုတ်ဘူး ။ ကိုယ့်ရဲ့ မှတ်တမ်းလေးလိုထားချင်တယ် ။ အကြောင်းတိုက်ဆိုင်သူတွေ ပဲသိစေချင်တယ် ။ ပြတဲ့ သဘောကြီးရောက်သွားရင် သူများအမြင်ကပ်မှာ ကြောက်နေတာနဲ့ပဲ စိတ်ပျက်လက်ပျက်ဖြစ်ရတယ် ။ ပြီးတော့ ရှိသေးတယ် ကိုယ်ပဲပြမယ် သူများပြတာ စောက်မြင်ကပ်ဘို့ကောင်းတယ် ဆိုတဲ့သူတွေကို စိတ်ထဲက ဆလံသလိုက်ပါတယ် ။ ဘလော့ရေးတယ် ။ သူငယ်ချင်းတွေကို လင့်မတတ်ခိုင်းဘူး ။ လွတ်လွတ်လပ်လပ် နေချင်တဲ့ စိတ်တခုထဲကြောင့်ပါ