ဘာရယ် မဟုတ်





ဘာမှ မဟုတ်တာတွေ အပလာတွေရေးမှာ မို့လို့ ဘာရယ် မဟုတ်လို့ ခေါင်းစဉ်တတ်လိုက်တယ် အဟီး 
ဖဘကို ပတ်ရှောင်ချင်သူဆိုတော့ ဘလော့ကို တချိန်လုံးရေးဖြစ်နေတယ် ။ သီးခြားလေး ခံစားရတဲ့အတွက် ပိုကြိုက်တယ် ။ ဖဘမှာ ကိုယ်သိတဲ့သူတွေ ၊ ခင်တဲ့သူတွေ ၊ တချို့ဆို ကြိုးစားအားထုပ်မှုလေးတွေနဲ့ လူတွေ ဗဟုသုတကို ဖရီးရအောင်ကြိုးစားပေးနေသူလေးတွေ အားရှိအောင် လိုက်ခ် လုပ်မိရင်ကအစ ကဲ့ရဲ့ချင်တဲ့ သူတွေ နဲ့ ဝေးတဲ့ အတွက် ဘလော့မှာ ပျော်တယ် ။ လူဆိုတာ သူများမျက်ချေးပဲမြင်ဘို့ သီးသန့်ကျင့်ကြံနေကြတဲ့သူတွေ ဆိုတော့ ဝလကလပေါ့နော် ။ ဖဘမှာ ဘာလုပ်လုပ်ပြတယ်ဆိုတဲ့ ရည်ရွယ်ချက်ကြီးထဲရောက်ရောက်သွားတာကို မကြိုက်တော့ဘူး ။ တခါတလေ ပြချင်တာ မဟုတ်ဘူး ။ ကိုယ့်ရဲ့ မှတ်တမ်းလေးလိုထားချင်တယ် ။ အကြောင်းတိုက်ဆိုင်သူတွေ ပဲသိစေချင်တယ် ။ ပြတဲ့ သဘောကြီးရောက်သွားရင် သူများအမြင်ကပ်မှာ ကြောက်နေတာနဲ့ပဲ စိတ်ပျက်လက်ပျက်ဖြစ်ရတယ် ။

ပြီးတော့ ရှိသေးတယ် ကိုယ်ပဲပြမယ် သူများပြတာ စောက်မြင်ကပ်ဘို့ကောင်းတယ် ဆိုတဲ့သူတွေကို စိတ်ထဲက ဆလံသလိုက်ပါတယ် ။

ဘလော့ရေးတယ် ။ သူငယ်ချင်းတွေကို လင့်မတတ်ခိုင်းဘူး ။ လွတ်လွတ်လပ်လပ် နေချင်တဲ့ စိတ်တခုထဲကြောင့်ပါ ။ ကိုယ်ကြိုက်တာ ကိုယ်ရေးချင်တယ် ။ စာရေးဆရာလဲ မဟုတ်တဲ့ အတွက် အကဲဖြတ်တတ်သူတွေနဲ့ မဆုံချင်ဘူး ။ လာကြည့်ပြီး အကုသိုလ်များနေမှာ စိုးတယ် ။ ကိုယ်ဘလောရေးရတဲ့ ရည်ရွယ်ချက်ကိုက သူများနဲ့ မတူဘူး ။ ကိုယ်ပိုင်ဆိုင်တဲ့ နေရာလေးတခုကို သတ်သတ်မှတ်မှတ် ထားချင်လို့ပါ ။ အပေါင်းသင်းလဲ မဆန့်ချင်ဘူး ။ မောလွန်းလို့ပါ ။ လူတွေရဲ့ အလျင်နောက်ကောက်ကောက်ပါအောင် မလိုက်ချင်ဘူး ။ ထောင့်မှာ တယောက်တည်းကျန်ခဲ့ချင်တယ် ။ လိုက်ရတာ မတန်ဘူးလို့ ယူဆသွားမိလို့ပါ ။

ကိုယ်က သိပ်ခင်တတ်တယ် ။ ကိုယ်နဲ့ ပေါင်းသူတွေကို စိတ်ချမ်းသာအောင် လုပ်ပေးတတ်တယ် ။ ဒါပေမယ့် ပြန်ရတာတွေက ကိုယ့်အတွက် မတရားဘူးထင်လို့ လူပေါင်းမဆံ့ချင်တော့ပါဘူး ။ မသိချင်ယောင်ဆောင်နေပေးတတ်သူကိုတောင် အားမနာလျှာမကျိုးတွေ လုပ်တတ်ကြတော့ တော်တော်လဲ တရားကျပါတယ် ။ :D

ဘလော့မှာ ရေးထားတဲ့ အချို့ပို့စ်တွေက အရမ်းကြိုးစားရတယ် ။ ဒါပေမယ့် ဘယ်သူ့ကိုပြချင်လို့မှ မဟုတ်ဘူး ။ တခုခု သိချင်ပြီဆိုရင် အသေလိုက်တတ်တဲ့ အကျင့်ရယ် ။ မှတ်တမ်းနဲ့ထားချင်တဲ့ အကျင့်ရယ်က နှိပ်စက်လို့ ရေးမိတာ ။ နောက်ဆို မရေးမိအောင်ကြိုးစားရမယ် ။ ဟိဟိ ။ မောတယ်ကွယ် မောတယ် ။



နေရင်းထိုင်ရင်း ဝတ်ထားတဲ့ နားကပ်နောက်ပိတ်က အသားထဲ နစ်သွားတယ် ။ အသဲတယားယားနဲ့ ဆွဲထုတ် ဖြုတ်လိုက်ရတယ် ။ တော်သေးတယ် အနာလဲ မယင်းဘူး ။ နာလဲ သိပ်မနာဘူး ။ ခါတိုင်းလိုပဲ နားကပ်ကျပ်နေပြီထင်တာ ။ မှန်ကြည့်မိပြီးလန့်သွားတယ် ။ မာကျောတဲ့ အရာတွေကို မခံစားနိုင်ဘူး ။ စိတ်လဲပျော့တယ် လူလဲပျော့တယ် ။ သူများတွေ နားကပ်အကြီးကြီးတွေ ဝတ်တာတွေ့လို့ ဝတ်ချင်လို့ဝယ်မိတယ် ။ ချောင်ထဲပဲ ရောက်သွားတယ် ။ သူများတွေ ဘယ်လိုများဝတ်ကြပါလိမ့်နော် ။ ကိုယ့်မှာတော့ အဲတာကြီးဝတ်တဲ့နေ့ဆို ခြေလှမ်း ၃လှမ်းလောက်လှမ်းမိရင် နားက ယမ်းနေပြီ ။ အသားပဲ့သွားမှာ စိုးလို့ ဖြုတ်သိမ်းရတယ် ။ တကယ်ကို ဝတ်ကြည့်ပြန်ချွတ်ပဲ ။ 




ကျမလို နွားနို့ကြိုက်သူ လဘက်ခြောက် ရေနွေးကြမ်းကြိုက်တတ်သူ အတွက် လေပိတ်နေရင် ဒီအသီးက အသက်ကယ်ဆေးပဲ ။ ၂လုံးလောက်ညှစ်သောက်လိုက်ရင် အိုကေသွားတယ် ။ ဝယ်ရလွယ်တယ် နေရာတိုင်းမှာ ရှိတယ် ။ ဈေးလဲ ပေါတယ် ။



လူကို ၃ကိုယ်လောက် ခွဲထားလိုက်ချင်တယ် ။ တကယ်ပြောတာ ။ ပြီးခဲ့တဲ့ တပတ် ဆယ်ရက်လုံးလုံး သမီးပတ်စပို့ ကျမ ပတ်စပို့ သက်တမ်းတိုး ဗီဇာလျှောက်ကိစ္စွတွေနဲ့ သမီးရော ကျမရော သံရုံးသွားရတာတွေ ICA သွားရတာတွေနဲ့ အတော်ကို ပင်ပန်းသွားတာ ခုထိ အိပ်ရေးမဝသေးဘူး ။ 

ခုတလော သမီးရဲ့ သူငယ်ချင်းတွေရဲ့ မွေးနေ့ပွဲတွေလိုက် လက်ဆောင်တွေဝယ်နဲ့ အိမ်လဲ မကပ်ဖြစ်ဘူး ။ ပြီးတော့ သမီးရဲ့ သူငယ်ချင်းလေးက သမီးအတွက်ချုပ်ပေးတဲ့ ဝတ်စုံလေးကြည့်ပြီး သမီး လိုချင်လို့ သူ့မေမေ ကိုယ့်ဘော်ဒါကို ပူဆာတော့ ။ ကျမက ကလေးတွေရဲ့ ဆန္ဓကို အလေးထားတတ်သူဆိုတော့ မငြင်းချင်ဘူး ။ အမှန်က အရမ်းပင်ပန်းနေတာ ။ အိပ်ရေးတွေ ပျက်ထားတယ် ဆက်တိုက်ပဲ ။ ခန်းဆီးတွေလဲ ပြီးကာနီးလေးမှ တစ်နေတယ် မနက်ဖန်တော့ ပြီးမယ်ထင်တာပဲ ။




 စနိုးဝှိုက်ဝတ်စုံလေး သမီးလေးရဲ့ သူငယ်ချင်းလေးအတွက် ။ မယ်လစ်ဆာလေး အန်တီ့ကို အမြဲသတိရနေရင်ကျေနပ်ပါပြီ ။ Happy Birthday Marisa.



ဟိုတနေ့က အာရတ် စထရိ ရောက်လို့ ။ အမှန်က ရောက်အောင်သွားတာပါ ။ လက်ယားနေတာလေးပျောက်သွားတော့ ၁၀၀ကျော်ထွက်သွားတယ် ။



မြန်မာလိုဝတ်ချင်တယ် အရမ်းလှတယ် ။ ကိုယ်နဲ့လိုက်မလိုက်တော့ မသိဘူး ။ ပြီးရင်ချုပ်ဝတ်မယ် မလှရင် သူများပေးပစ်ရမယ် ။ အဟီး



Comments

Popular posts from this blog

သံဘယ်လိုချမလဲ

သံကောင် တုတ်ကောင် လျှော့မတွက်စေလို

စကော့ဈေးမှာ ချာလည်လည်