Da Vinci code ( 1 )
![]() |
ပဲရစ်မြို့က လုဗရီ ပြတိုက် |
ပဲရစ်စ်မြို့က လုဗရီပြတိုက်ကြီးရဲ့ Grand Gallery ဂရန်းဂယ်လာရီ ဟောကြီးထဲမှာ ခပ်သုတ်သုတ် စိုးရိမ်တကြီး ပြေးလာတဲ့ သူတယောက်က ယဲက်ဆော်ညဲရီး ဆိုသော ပြတိုက်စောင့်သည့် အဘိုးကြီး ဖြစ်သည် ။ သူပြေးနေတဲ့ နေရာက မိုနာလီဇာ ပန်းချီကားကြီး ရှိတဲ့နေရာဆီသို့ ။ သူနောက်က ပြေးလိုက်လာတဲ့သူက ခရစ်ယာန်ဘုန်းကြီးတပါးဖြစ်သူ သမင်ဖြူရောဂါရှင် ဆီလာ့စ် ဖြစ်သည် ။
![]() |
Grand Gallery of Louvre Museum |
ပြတိုက်စောင့်ကြီးထံမှ သူအလိုရှိနေသော အရာက Keystone လို့ ခေါ်တဲ့ သော့တုန်း ။ အဘိုးကြီးက ဟောခန်းတခန်းထဲ အပြေးဝင်လိုက်ပြီး သံတိုင်တံခါးကို ချလိုက်နိုင်ပေမယ့် သူလဲကျသွားသည် ။ တံခါး အပြင်က ဆီလာ့စ်က သူ့ကို ထိုအရာကို ပေးရန် တောင်းဆိုရင်း သေနတ်နဲ့ ချိန်ထားသည် ။ အဘိုးကြီးက " နေဦး " .....
ဒီသော့ ငါ့ဆီမှာ မဟုတ်ဘူး Church of Saint-Sulpice ဆိုတဲ့ ပြင်သစ်က စိန့်ဆဲလ်ပိစ် ဘုရားကျောင်းကြီးရဲ့ Sacristy ခေါ်တဲ့ ကျောင်းထိုင်ဆရာတော်၏ ဘာသာရေးအဆောင် အယောင်များထားရှိရာ အခန်းထဲမှာ " နှင်းဆီ " နှင့် အတူ မြှုတ်နှံထားကြောင်း ပြောပြလိုက်တယ် ။ ဒါပေမယ့် ဆီလာ့စ်က သူ့ကို ပစ်သတ်ပြီး ပြန်လည်ထွက်သွားတော့တယ် ။
![]() |
Saint Sulpice de France ဘုရားကျောင်း |
_ ... _
တချိန်ထဲမှာ ပဲရစ်မြို့ရဲ့ အမေရိကန်ယူနီဗာစတီ လို့ခေါ်တဲ့ American University of Paris မှာ ဖိတ်ကြားခြင်းခံထားရတဲ့ ဟားရ်ဗတ် တက္ကသိုလ်က ကိုယ်းကွယ်ခြင်းဆိုင်ရာ သင်္ကေတပညာရှင် သင်္ကေတများနှင့်မြင့်မြတ်သော မဟာမိန်းမ sacred feminine ကိုလေ့လာနေတဲ့ ဆရာ ရောဘတ်လန်ဂ်ဒန် က ကျောင်းသားများကို သင်္ကေတများ အကြောင်း ပို့ချနေပါတယ် ။
သူက "သင်္ကေတတွေဟာ စကားတွေဖြစ်တယ် ။ သူတို့ဟာ အတိတ်က က ဖြစ်ရပ်တွေကို နားလည်အောင်ကြိုးစားတဲ့နေရာမှာ အကူညီရနိုင်တယ် ။ ထောင်ပေါင်းများစွာသော စကားလုံးတွေရဲ့ အဓိပ္ဗါယ်ကိုဆောင်တယ် ။ အရေးကြီးတာက ဘယ်စကားလုံးက အမှန်ဖြစ်တယ်ဆိုတာ စူးစမ်းဘို့လိုတယ် ။"
သူက ခေါင်းဆောင်းချွန်ကြီးတွေ ဆောင်းထားပြီး တကိုယ်လုံးလုံတဲ့ ဝတ်ရုံရှည်ကြီးတွေ ဝတ်ထားတဲ့ သူတွေရဲ့ပုံကို ပရိုဂျက်တာနဲ့ ပြလိုက်တယ် ။ ကျောင်းသူတယောက်က အော်ပြီးဖြေလိုက်တယ် အဲတာ Racist လူမျိုးရေး ခွဲခြားမှု နဲ့ Hatred မုန်းတီးမှုတဲ့ ။
နောက်ကျောင်းသား တယောက်က ပြောလိုက်တယ် အဲတာ Ku Klux Klan ကူကလပ်က်စ်ကလန် လို့ခေါ်တဲ့ အမေရိကန်အခြေစိုက် လူဖြူလူမျိုးကြီးဝါဒ ၊ ကတ်သလစ်ဘာသာဆန့်ကျင်ရေး ၊ ကွန်မြူနစ်ဝါဒ ဆန့်ကျင်ရေး ကလန်မျိုးနွယ်ဝင်များရဲ့ သင်္ကေတ လို့ပြောပါတယ် ။

လူဖြူလူမျိုးကြီးဝါဒ လူမျိုးစု ကလန်များ Ku Klux Klan |
![]() |
စပိန်ဘုန်းတော်ကြီးများ၏ဝတ်ရုံ |
ရောဘတ်က မင်းတို့ပြောတာ မှန်ပါတယ် ဒါပေမယ့် စပိန်မှာ ဆိုရင်တော့ ဒီအယူအဆကို လက်ခံမှာ မဟုတ်ဘူးလို့ပြောတယ် ။ စပိန်ဘုန်းတော်ကြီးတွေကလဲ အလားတူဝတ်စုံတွေ ကို ဝတ်ဆင်ကြလို့ပဲ ဖြစ်ပါတယ် ။
နောက်ထပ် သင်္ကေတတခုကို ထပ်မေးပါတယ် ။ ကျောင်းသားတွေက Devil ငရဲ ၊ ငရဲမင်းရဲ့ လှံတံ Devil's Pitch pole
လို့ဖြေပါတယ် ။ သူက မဟုတ်ကြောင်းနဲ့ ပါဝါရဲ့ အမှတ်အသား Pole - Po - Poseidon ရှေးခေတ်သန်းပေါင်းများစွာက ရေနတ်မင်းရဲ့ အမှတ်အသားလို့ဖြေပါတယ် ။
![]() |
Devil's pitch pole |
![]() |
power of poseidon |
![]() |
18th century Burmese trident |
နောက်တခုကတော့ ကလေးငယ်ကို ချီပြီး နို့တိုက်နေတဲ့ မိခင်ရဲ့ ပုံပါ ။ ကျောင်းသူကျောင်းသားတွေက မယ်တော် မဒေါနား ၊ ( မဒေါနား ဆိုတာ ခရစ်တော်ရဲ့ မိခင်နာမည်ပါ ) ၊ တချို့ကတော့ ခရစ်ရှန်ဝါဒ လို့ဖြေပါတယ် ။ သူက မဟုတ်ဘူး ဒါဟာခရစ်တော် မပေါ်မီရှေးဟောင်း ရာစုနှစ်များစွာက အီဂျစ်နတ် Mother isis ဖြစ်ကြောင်းပြန်ဖြေပါတယ် ။
![]() |
mother isis |
![]() |
mother of Jesus |
![]() |
နာဇီဟစ်တလာအမှတ်အသားနဲ့ ဟိန္ဒူ ဗုဒ္ဓဘာသာ အမှတ်အသား |
![]() |
Symbol of peace or anti-nuclear |
ဟောပြောပြီးတော့ သူရဲ့စာအုပ်များကို ဝယ်ယူသူများအား လက်မှတ်ရေးထိုးပေးနေချိန်မှာ လုဗရီ ပြတိုက်မှာဖြစ်ပွားခဲ့သော လူသတ်မှုအား လာရောက်ကြည့်ရှုဘို့ ပြင်သစ်ရဲက သမ္မန်စာနဲ့ ဆင့်ခေါ်သွားတာကို ခံရပါတော့တယ် ။ ထိုလူသတ်မှုမှာ သေဆုံးသူဟာ သူ့ရဲ့သွေးတွေနဲ့ သင်္ကေတတွေ ပြတိုက်ထဲမှာ ရေးသားသွားတဲ့ အပြင် မီးစုံးဘောလ်ပင်နဲ့ ပြတိုက်ရဲ့ နေရာအချို့မှာရေးသွားတဲ့ စာအရ ပရော်ဖက်ဆာ ရောဘတ်လန်ဂ်ဒန် ကို လာရောက်ခေါ်ရခြင်းဖြစ်ကြောင်းရှင်းပြခဲ့ပါတယ် ။
ပရောဖက်ဆာက ပရိတ်သတ်ကို ခွင့်တောင်းပြီး ကုလားထိုင်က ထလိုက်စဉ်မှာ ရဲက ကုလားထိုင်နောက်မီမှာ တင်ထားတဲ့ ပရောဖက်ဆာရဲ့ ကုတ်အကျီင်္ကို ယူလာပေးလိုက်ပါတယ် ။
ပရော်ဖက်ဆာရောဘတ်က ကျနော် ညနေမှာ ချိန်းထားတာ ရှိတယ် လို့ပြောတော့ ရဲက ကျနောတို့သိပါတယ် အဲဒီလူက ပရောဖက်ဆာနဲ့ ချိန်းထားတဲ့ သူကိုယ်တိုင်သေဆုံးနေတာ ပါလို့ ပြောပြပါတယ် ။
ဖုန်းချပြီးတော့ ဘုရားသခင်၏ရုပ်ပုံတော်၏ရှေ့တော်မှာ ဒူးထောက်လိုက်သည် ။ သူ၏ပေါင်မှာ ဘလိပ်ဓားကွင်းများ တပ်ဆင်ထားသော သံကြိုးဖြင့် တင်းနေအောင်ချည်နှောင်ထားသည် ။ သူ၏ပေါင်တဝိုက် ဒါဏ်ရာတွေ မြင်မကောင်း ။
စာရွက်ထဲက နောက်ဆုံးစာကြောင်းက P.S find Robert Langdon ဆိုတာ ပါတယ် ။ ရောဘတ်က P.S ဆိုတာ Post Script စာကြွင်းကို ပြောတာဆိုတော့ ဆိုဖီက မဟုတ်ဘူး သူ့အဘိုးက သူ့ကို ခေါ်တာ P.S ဆိုတာ Princess Sophie သမီးတော်ဆိုဖီ လို့ခေါ်တာလို့ ပြောပြတယ် ။
ဇာတ်ကား က ၁၆၀ မိနစ်လောက် ရှည်လျားတဲ့ အပြင် sence တခုတိုင်းမှာ ဗဟုသုတတွေ အများကြီးပါတာမို့ အကြာကြီးသေချာ အချိန်ယူပြီး ဘာသာပြန်ချင်ပါတယ် ။လာဖတ်ကြသူတွေကို ကျေးဇူးပါနော် ။
ရေးသူ
ပရောဖက်ဆာက ပရိတ်သတ်ကို ခွင့်တောင်းပြီး ကုလားထိုင်က ထလိုက်စဉ်မှာ ရဲက ကုလားထိုင်နောက်မီမှာ တင်ထားတဲ့ ပရောဖက်ဆာရဲ့ ကုတ်အကျီင်္ကို ယူလာပေးလိုက်ပါတယ် ။
ပရော်ဖက်ဆာရောဘတ်က ကျနော် ညနေမှာ ချိန်းထားတာ ရှိတယ် လို့ပြောတော့ ရဲက ကျနောတို့သိပါတယ် အဲဒီလူက ပရောဖက်ဆာနဲ့ ချိန်းထားတဲ့ သူကိုယ်တိုင်သေဆုံးနေတာ ပါလို့ ပြောပြပါတယ် ။
_..._
စီးလာ့စ်သည် တစုံတယောက်ကို ဖုန်းပြောနေသည် ။ သူ့အခေါ်အရတော့ ဆရာ Teacher တဲ့ ။ သူက သော့တုန်းကို ထိန်းသိမ်းထားသူ လေးယောက်စလုံးကို သတ်ပစ်ပြီ ဆိုတဲ့ အကြောင်း ဆရာကို ပြောပြနေသည် ။ လေးယောက်စလုံးက သော့တွဲရှိသောနေရာ Church of Saint-Sulpice စိန့်ဆဲလ်ပစ်စ် ဘုရားကျောင်းမှာရှိတယ်လို့ သူ့ကို ပြောသွားသည်တဲ့ ။
ဖုန်းချပြီးတော့ ဘုရားသခင်၏ရုပ်ပုံတော်၏ရှေ့တော်မှာ ဒူးထောက်လိုက်သည် ။ သူ၏ပေါင်မှာ ဘလိပ်ဓားကွင်းများ တပ်ဆင်ထားသော သံကြိုးဖြင့် တင်းနေအောင်ချည်နှောင်ထားသည် ။ သူ၏ပေါင်တဝိုက် ဒါဏ်ရာတွေ မြင်မကောင်း ။
ထိုသံကွင်းကိုကို ဆီလိုက်စ် Cilice လို့ခေါ်သည် ။ အစွန်းရောက် ခရစ်ယာန်ဂိုဏ်းဝင်များသည် ဘုရားသခင်က လူသားများ၏ အပြစ်ဒါဏ်ကို ကိုယ်စားခံယူသည် ။ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်သူဖြစ်သောကြောင့် မိမိ ကိုယ်ကို မသက်မသာဖြစ်အောင် ညှင်းဆဲထားခြင်းဖြစ်သည် ။
သူ၏ ဝတ်ရုံကို ချွတ်လိုက်သောအခါ ကျောပြင်တခုလုံး ပြတ်ရှဒါဏ်ရာများဖြင့် အတိဖြစ်နေသည် ။ သူသည် ကြာပွတ်ကို ကောက်ယူ၍ ကိုယ့်ကိုယ်ကို အချက်ပေါင်းများစွာ ရိုက်နှက်ညှင်းဆဲလေသည် ။ သူ လူသတ်ခဲ့သော အပြစ်ကြွေးအား မိမိဘာသာပေးဆပ်နေခြင်းဖြစ်သည် ။
လူသတ်အစွန်းရောက် ဘုန်းတော်ကြီး စီလာ့စ်ဟာ ဘိရှော့ အာရင်ဂါရိုစာ ရဲ့ အထောက်အပံ့ ညွှန်ကြားချက်နဲ့ စိန့်ဆဲလ်ပစ်စ် ဘုရားကျောင်းမှာ တပါးတည်း သီတင်းသုံးနေသော သီလရှင်ကြီးရှိရာဆီသို့ ထွက်သွားလေတော့သည် ။
_..._
ရောဘတ်လန်ဒန်ကို ခေါ်ဆောင်လာသောကားသည် လုဗရီပြတိုက်ရှေ့မှာ ရပ်သွားသည် ။ သူ့အားစောင့်ကြိုနေသူက ဗိုလ်ကြီး ဘီဇူးဖဲ့ခ်ျ ။
ကျနော်တို့ရဲ့ ပိရမစ်ပြတိုက်ကြီးကိုခင်ဗျား ကြိုက်လား လို့ ဗိုလ်ကြီးကမေးလိုက်သည် ။ ပဲရစ်မြို့ရဲ့ လှပတဲ့ မျက်နှာ တခုပဲဟု သူက တင်စားလိုက်သည် ။
ဗိုလ်ကြီးက ပဲရစ်မြို့ရဲ့ မျက်နှာမှာ အကျည်းတန်တဲ့ အရာ တခု ဖြစ်ပေါ်နေတယ် လို့ ပြောလိုက်သည် ။ ပြတိုက်ထဲကို ဝင်ဝင်ခြင်း သူမြင်လိုက်တာက ........
ဗိုလ်ကြီးက ပဲရစ်မြို့ရဲ့ မျက်နှာမှာ အကျည်းတန်တဲ့ အရာ တခု ဖြစ်ပေါ်နေတယ် လို့ ပြောလိုက်သည် ။ ပြတိုက်ထဲကို ဝင်ဝင်ခြင်း သူမြင်လိုက်တာက ........
![]() |
ပိရမစ် နှစ်ခု ထိပ်ခြင်းဆိုင်နေတဲ့ သင်္ကေတဖြင့် ဖန်တီးထားသော ဗိသုကာလက်ရာ |
သူက ဒီလို ပိရမစ်နှစ်ခုကို ထားထားတဲ့ ပုံစံဟာ အလွန် unique ဖြစ်ပြီး Geomactically Gecko အလွန်ထူးတဲ့ ဂျီသြမေတြီနဲ့ ဆိုင်တဲ့ လက်ရာပဲလို့ မှတ်ချက်ချလိုက်သည် ။ ဗိုလ်ကြီးက စွဲမက်စရာပဲ ဟု ပြန်ပြောသည် ။
ဒါပေမယ့် ဒီနေ့ဖြစ်ခဲ့တဲ့ မှုခင်း အတွက် ကျနော်အဲလောက် အကူညီပေးနိုင်ပါ့မလားလို့ ထင်မိတယ် ။ ဟု သူကပြောသည် ။ ဗိုလ်ကြီးက ခင်ဗျားတို့ သိတာကြာပြီလားတဲ့ ။ သူက တခါပဲတွေ့ဘူးတာပါ ။ မရင်းနှီးပါဘူး တဲ့ ။
ရုတ်တရက် သူသေဆုံးသွားတာ ကျနော် အံ့သြနေတာ လို့ ပြောလိုက်တယ် ။
ဗိုလ်ကြီးက ဓာတ်လှေခါးထဲ ဝင်သွားချိန်မှာ သူက တန့်သွားပြီး မျက်မှောင်ကျုံ့လျက် ကျနော်တို့ ရိုးရိုးလှေခါးက သွားလို့ရမလား လို့ မေးလိုက်တယ် ။ ဗိုလ်ကြီးက မကြားချင်ယောင်ဆောင်ပြီး ဆက်ဝင်သွားသောကြောင့် သူလဲ လိုက်ဝင်လိုက်ရတော့တယ် ။
ဓာတ်လှေခါးထဲမှာ ရောဘတ်လန်ဒန်ရဲ့ မျက်နှာကို ကြည့်ရတာ တခုခု ကို ဂဏာမငြိမ်ဖြစ်နေတာကို ဗိုလ်ကြီးက အကဲခတ်နေတာ သူမသိဘူး ။
ဗိုလ်ကြီးက " ဒါဆိုသေဆုံးသူဆော်ညဲရီး နဲ့ ဒီညတွေ့ဘို့ ချိန်းထားတာပေါ့ " သူက " ဟုတ်တယ် "
" သူဘယ်လို ခင်ဗျားကို ချိန်းတာလဲ " " email " နဲ့ ပါလို့ဖြေလိုက်တယ် ။
သူကဆက်ပြီး ကျနော်ပဲရစ်ရောက်မှပါ ..... သူက ဆွေးနွေးစရာ ရှိလို့လို့ ပြောလိုက်တယ် ။ ဒါကို ဗိုလ်ကြီးက ဘာကိုလဲ လို့ စကားထောက်လိုက်တယ် ။ ခင်ဗျား ကြည့်ရတာ အဆင်မပြေဘူးလားလို့ ရဲက အကဲခတ်ပြီးမေးလိုက်တယ် ။ ရောဘတ်လန်ဒန် ကြည့်ရတာ အကြီးအကျယ် စိတ်မသက်မသာ စိတ်အနှောင့်အယှက် တော်တော်ဖြစ်နေပုံပဲ ။
ဓာတ်လှေကား ပွင့်သွားတော့မှ သူသက်ပြင်းကို ခပ်ပြင်းပြင်းမှုတ်ထုပ်လိုက်တယ် ။ ဟူး...........
ရဲက ခင်ဗျား ဒီပြတိုက်ရဲ့ လုံခြုံရေးစနစ်တွေ ကို သိနားလည်မှာပါလို့ ပြောလိုက်တယ် ။ သူက ဟုတ်ကဲ့ စီစီတီဗီကင်မရာတွေ တတ်ထားတာပဲ တခုခုဆို မြင်နေရမှာပါ လို့ ပြန်ပြောလိုက်တယ် ။ ရဲက ဟုတ်တယ် လူသတ်မှုကို ဘေးဖယ်ထားလိုက်ပါ ခုကျနော်တို့ လေ့လာရမှာ တွေရှိနေတယ် တဲ့ ။
လျှောက်လာရင်းနဲ့ ဂရန်းဂယ်လာရီ ဟောကြီးထဲ ရောက်လာတော့ သူက ဟားးးးး ဒီနေရာမှာ အလောင်းကိုတွေ့ခဲ့တာ မဟုတ်လားလို့ပြောလိုက်တယ် ။ ရဲက ခင်ဗျားဘယ်လိုသိတာလဲတဲ့ ။ ကျနော့်ကို လာခေါ်တဲ့ ရဲက ပေးတဲ့ ဓာတ်ပုံထဲမှာ ပါတဲ့ ကြမ်းခင်းပါကေးကွက်တွေကို မှတ်မိလိုက်တာပါလို့ ဖြေလိုက်တယ် ။ ကွေ့ထဲလဲ ဝင်လိုက်ရော သွေးအလူးလူးနဲ့ ကိုယ်တုံးလုံးသေဆုံးနေသော အဘိုးကြီး ဆောညဲရီးကိုတွေ့လိုက်ရပါတယ် ။
ရောဘတ်လန်ဒန်က
" ဘုရားးးးးး "
" ဘုရားးးးးး "
_..._
သာသနာဆိုင်ရာဘိရှော့ ဘုန်းကြီး အာရင် ဂါရိုစာက အင်တာဗျူးနေသူကို ကို ကျနော်တို့ဟာ ရိုးစင်းတဲ့ ကတ်သလစ်ဘာသာဝင်တွေပါလို့ ပြောလိုက်တယ် ။ သတင်းထောက်က ခရစ်ရှန်လျှို့ဝှက် အဖွဲ့အစည်းတွေ ရှိနေတာ ဘရိန်းဝှက်ရှ် လုပ်ခံထားတာတွေ ကြားဘူးတဲ့ အကြောင်း သူ့ကိုပြောတယ် ။
သတင်းထောက်တွေဟာ ဘုန်းကြီးတွေသုံးစွဲထားတဲ့ ငွေကြေးပမာဏအတွက် ဆက်လက်အနံ့ခံတာကို ခင်ဗျားတို့ ခံနေရမှာပဲလို့ သူ့ကို ထေ့လိုက်တယ် ။ ကျုပ်တို့ဟာ ကော်ဖီဆိုင်ဖွင့်စားတဲ့ ကက်သလစ်တွေ မဟုတ်ဘူး ။ ကျုပ်တို့ကဘယ်စည်းမျဉ်းတွေကို လိုက်နာရမလဲ ရွေးနေတဲ့သူတွေ မဟုတ်ဘူး ။ ကျူပ်တို့ဟာ အယူအဆတွေကိုပဲ လိုက်နာတာလို့ ပြောလိုက်တယ် ။
သတင်းထောက်က အယူအဆတွေဆိုတာ မိမိကိုယ်ကို သံချွန်တွေနဲ့ လက်မှာ ဖောက်တာတွေ ၊ ကြိုးနဲ့တုတ်တာတွေ မိမိကိုယ်ကိုညှင်းဆဲတာတွေပါပါဝင်သလားတဲ့ သတင်းထောက်က မေးလိုက်တယ် ။ သူက တချို့ လို်က်နာသူတွေဟာ ယေရှုပြခဲ့တဲ့ ကုသိုလ်တရား ၊ တချို့လိုက်နာသူတွေကတော့ မယ်တော်ကိုပိုကိုယ်းကွယ်သူ၊ လို်က်နာသူအနည်းအကျဉ်းကသာ မိမိကိုယ်ကို အစေတော်ခံပြီး စွန့်လွတ်ကိုးကွယ်ကြတယ် ။ ဒါပေမယ့် ကျုပ်တို့အားလုံး ဘရစ်သရင် ခရစ်ယာန်ဂိုဏ်းပေါင်းစုံအဖွဲ့အစည်းရဲ့ လက်အောက်မှာ ညီညွတ်ကြတယ်လို့ ပိတ်ပြောလိုက်တယ် ။ ဒီအချိန်မှာ ဖုန်းလာတဲ့ အတွက် အင်တာဗျူးဖြေတာကို ရပ်လိုက်ပါတယ် ။

ရဲကရောဘတ်လန်ဒန်ကို မေးလိုက်တယ် အလောင်းရဲ့ရင်ဘတ်ပေါ်မှာ ဆွဲထားတဲ့ ကြယ်အမှတ်အသားက ဘာလဲတဲ့ ။ သူက ပင်တတ်ကယ်လ် Pentacle လို့ဖြေလိုက်တယ် ။ပင်တတ်ကယ်လ်က ရှေးဟောင်း အယူအဆတခုဖြစ်တယ် ။ အယူအဆအမျိုးမျိုး ရှိတယ်တဲ့ ။
ရဲက အဓိပ္ဗါယ်က ဘာလဲတဲ့ ။ စေတန်ငရဲမင်းကစောင့်ကြည့်နေတယ်လို့ပြောတာ မဟုတ်လားတဲ့ ။ မဟုတ်ဘူးလို့ သူကပြန်ပြောတယ် ပင်တတ်ကယ်လ်က ဟိုးအရင်က ရှိခဲ့တဲ့ ဗီးနပ်စ်ရဲ့ သင်္ကေတ ဖြစ်တယ်တဲ့ ။ မ, ကို ကိုယ်စားပြုတယ် ။ ဘာသာရေးဆိုင်ရာ ဇာတ်လမ်းတွေမှာ မယ်တော်သခင်မဘုရားကို ဆိုလိုတယ်လို့ ပြောတယ် ။ ရဲက ဒါဆို ဆော်ညဲရီးက ဘာလို့ ဒီဗီးနပ်စ် အမှတ်အသားကို ရင်ဘတ်ပေါ်မှာ မသေခင် ဆွဲခဲ့တာလဲတဲ့ ။ ကျနော် ဒါနဲ့ ပတ်သတ်လို့ ဘာမှ မရှင်းပြနိုင်ပါဘူး... ကျနော် ဘာမှ မသိပါဘူးတဲ့ ။ ရဲက ဓာတ်မီးကို ယူလိုက်ပြီး မီးစုံးမှင်နဲ့ ရေးထားတဲ့ အလောင်းဘေးက စာကို ထိုးပြပါတယ် ။
![]() |
Pentacle ပင်တတ်ကယ်လ် |

13 3 2-21-1-1-8-5
O, Draconian devil
Oh, lame saint
အဲဒီအချိန်မှာပဲ အခြားရဲတယောက်နဲ့ ဝင်လာတဲ့ ဆိုဖီနာဗျှူ ဆိုတဲ့ လျှို့ဝှက်စာတွေ ကုဒ်တွေ ကို ဖော်တဲ့ ပညာရှင် သေဆုံးသူရဲ့ တဦးတည်းသော မြေးဖြစ်သူ ဝင်လာပါတယ် ။ သူက ရဲနဲ့ ပြင်သစ်လိုတွေ ပြောနေရင်းနဲ့ သူ့ကိုတောင်းပန်ပါတယ် ။
ပရော်ဖက်ဆာမှာ အချိန်တွေ ကျပ်နေပေမယ့် သေရေးရှင်ရေးမို့လို့ အနှောင့် အယှက်ပေးရတာပါ ဆိုပြီး အဘိုးရဲ့ခန္ဓာကိုယ်ကို တချက်ကြည့်ပါတယ် ။ ပြီးတော့ သူ့ကို စာရွက်တရွက်ပေးပြီး အဲဒီစာရွက်ထဲက ဖုံးနံပါတ်ဟာ နိုင်ငံခြားရေးဝန်ကြီးဌာနက နံပါတ်ပါလို့ပြောတယ် ။ ပြီးတော့ သူက ရဲနဲ့ စကားဆက်ပြောနေတယ် ။
ပရော်ဖက်ဆာရောဘတ်လန်ဒန်က ဖုံးနံပါတ်ကို နှိပ်ကြည့်လိုက်တဲ့ အခါမှာ ဖုံးမှားတယ် ထင်ပြီး ဖြေနေတာကို ဆိုဖီက အဲတာ မမှားဘူး နံပါတ် အမှန်ပဲ ဆိုတာ လှမ်းပြောလိုက်တဲ့ အတွက် ဆက်ပြီးနားထောင်လိုက်တဲ့ အခါမှာ ဆိုဖီကိုယ်တိုင် auto answer အဖြေကို သွင်းထားပြီး ရောဘတ်လန်ဒန်ကို ဟိုဘက်နားက အိမ်သာထဲမှာ စောင့်နေဘို့ ညွှန်ကြားတာ ဖြစ်နေပါတယ် ။

" ကျမတို့ နှစ်ယောက်လုံးရဲတွေရဲ့ နောက်ယောင်ခံလိုက်တာ ခံနေရပြီ ကျမညွှန်ကြားတဲ့ အတိုင်း ဒီဖုံးမက်ဆေ့ကို မပေါက်ကြားပါစေနဲ့ ကျမပြောတဲ့ အတိုင်းလုပ်ပါ ။ ရှင်ဟာ လူသတ်မှုနဲ့ မသင်္ကာရဆုံးလူတယောက်ဖြစ်နေပြီ လို့ပြောတယ် "
_..._
နောက်တော့ ဆိုဖီက အရင် ထွက်ခွာသွားတဲ့ အခါမှာ ရောဘတ်လန်ဒန်ကလည်း ဗိုလ်ကြီးကို သူလည်းဘာမှ နားမလည်တဲ့ အကြောင်းမနက်ဖန်မနက်လေယာဉ်နဲ့ သူအိမ်ကို ပြန်တော့မှာ ဆိုတဲ့ အကြောင်းပြောပါတယ် ။
ရဲက ဆိုဖီကလဲပြောတယ် ဒီလိုလျှောက်ရေးထားတာတွေဟာသချာင်္ရပ်တွေနဲ့ ပတ်သတ်နေတဲ့ အရေးမကြီးတဲ့ ဟာသတပုဒ်လို့ပဲ ပြောသွားတယ် ။ ပရော်ဖက်ဆာနဲ့ မဆိုင်ပါဘူးလို့လဲ ပြောသွားတယ်တဲ့ ။ ဒါပေမယ့် ဒီစာထဲမှာ ပါတဲ့ ပရောဖက်ဆာရဲ့ နာမည်က တကယ်ပဲ အဓိပ္ဗါယ် မရှိဘူးလားတဲ့ ။

ရောဘတ်က နောက်တခါ အကူညီလိုရင် ပြောပါ ခုတော့ ကျနော်သွားစရာရှိလို့ပါဆိုပြီး ထွက်လာတဲ့ အခါ ရဲလဲ ဘာမှ မတတ်နိုင်ပဲကျန်ခဲ့ပါတယ် ။
ရောဘတ်က အနီးဆုံးအိမ်သာထဲကို ဝင်လိုက်တဲ့ အခါမှာ အသင့်စောင့်နေတဲ့ ဆိုဖီကိုတွေ့ရတယ် ။
ရှင့်ကို ဆော်ညဲရီး ဆီက အကြောင်းကြားသေးလားတဲ့ ။ ရောဘတ်လန်ဒန်က ငါနဲ့ မဆိုင်ဘူး မင်းတို့ လူမှားနေကြပြီလို့ ပြောလိုက်တော့ သူ့ကို ကုတ်အကျီင်္ အတွင်းအိပ်ကို ရှာကြည့်လိုက်ပါတဲ့ ။ သူက မယုံတဝက်နဲ့ ရှာကြည့်လိုက်တော့ GPS Tracking dot ရောဘတ်ရောက်နေမယ့် နေရာ ကိုအမြဲ သိနေအောင် ထည့်ပေးလိုက်တဲ့ ကြယ်သီးလောက်ရှိတဲ့ ကိရိယာလေးတခု တွေ့လိုက်ရတယ် ။
အဲဒီတော့မှ ရောဘတ်ကို ရဲတွေ ဘယ်လောက် သံသယရှိနေတယ် ဆိုတာ သဘောပေါက်သွားတယ် ။ သူထွက်ပြေးတာနဲ့ ပြဿနာပေါ်ပြီပဲ ။ သူ့ကို လာခေါ်တဲ့ရဲက ကုလားထိုင်ပေါ်က ကုတ်အကျီကို ယူပေးလိုက်တဲ့ အချိန်မှာ အဲတာလေးကို ထည့်ထားလိုက်တာ ။

ဆိုဖီက ဆောညဲရီးရုံးခန်းထဲက ပရင့်ထုတ်ထားတဲ့ စာရွက်တရွက်ကို ပြတယ် အဲဒီမှာ ဆော်ညဲရီးက ရောဘတ်လန်ဒန်ကို ရှာဘို့ပြောထားတာပဲ ။ အခြေအနေက ထင်တာထက်ရှုပ်နေပြီ ။ သူနဲ့ ဆော်ညဲရီးနဲ့ ဒီနေ့ညနေ ၃နာရီမှာ ချိန်းထားခဲ့တယ် ။ အဘိုးကြီး မလာနိုင်ခဲ့ဘူး ။ ရောဘတ်ရဲ့ ဟောပြောပွဲက ၈နာရီခွဲမှာ ။ ဒီတော့ ကြားထဲက ရောဘတ်ဟိုတယ်မှာ ရှိတဲ့ အချိန်မှာ အဘိုးကြီး သေသွားတာ ။ အားလုံးက တိုက်ဆိုင်နေတယ် ။ ဆိုဖီကိုယ်တိုင်က ရှင်ကိုယ်တိုင်သူ့ကို သတ်တာ ဖြစ်နိုင်တယ်လို့ ပြောလိုက်တော့ ရောဘတ်လဲ ဘာပြောရမှန်း မသိတော့ဘူး ။
ကျမတို့ ဒီနေရာက မလွတ်မြောက်ခင် တခုခု တော့ လုပ်ရမှာပဲ လို့ ပြောတယ် ။ ရောဘတ်လန်ဒန်က ဘယ်လို စိတ်ကူးထားလို့လဲ လို့ ပြောတယ် ။
သူမကအိမ်သာ ပြူတင်းပေါက်ကို ဖွင့်ပြီး အောက်ဘက်ကို ငုံ့ကြည့်လိုက်တယ် ။
ပြတိုက်ကြီးရဲ့ ရုံးခန်းရှိတဲ့နေရာ သေသွားသူရဲ့ ရုံးခန်းထဲမှာ ရဲတွေရှိနေကြတယ် ။ ရဲတွေက သူတို့ထည့်ပေးထားတဲ့ GPS tracking dot လေးရဲ့ လှုပ်ရှားမှုကို ကြည့်နေကြတယ် ။ ရုတ်တရက် အနီစက်လေးက ပြူတင်းပေါက်ကနေအောက်ကိုခုန်ချသွားတဲ့ ပုံပေါ်သွားတော့ ရဲတွေအားလုံး အလုပ်ရှုပ်ကုန်ကြတယ် ။ ဗိုလ်ကြီးဘီဇူးကပြေးထွက်သွားပြီး အိမ်သာရှိတဲ့နေရာကို သွားကြည့်တော့ ပြူတင်းပေါက်ပွင့်နေပြီး လမ်းပေါ်က မီးသတ်ကားကြီး တစီးထွက်သွားတာကို တွေ့လိုက်ရတယ် ။ သူထင်တာ ပရော်ဖက်ဆာ လွတ်မြောက်သွားပြီ ။
ရှိသမျှရဲတွေ အကုန်လုံးနီးပါး ကားတွေနဲ့ ထွက်သွားတာကိုတွေ့လိုက်ရတော့ ဆိုဖီနဲ့ရောဘတ်နဲ့ ပုန်းနေရာက ထွက်လာ ကြတယ် ။ သူတို့ အစောင့်ရဲရဲ့ အလစ်မှာ အလောင်းနားမှာ တခါပြန်သွားပြီးလေ့လာကြတယ် ။ ဆိုဖီက ပြောတယ် သူ့အဘိုးကို သူမတွေ့တာ စကားမပြောရတာ အတော်ကြာပြီတဲ့ ။
သေဆုံးသူ၏ သဲလွန်စများသည် နာမည်ကျော်ပန်းချီဆရာကြီး လီယိုနာဒို ဒါဗင်ချီ ၏ ပန်းချီကားများနှင့် အတော်ဆက်စပ်လျက်ရှိသည်ကိုတွေ့ရသည် ။
မိုနာလီဇာ ပန်းချီကားတွင် သူမ၏အပြုံးသည် ညာဘက်နှုတ်ခမ်းသည် ဘယ်ဘက်နှုတ်ခမ်းလောက် မကျယ်ပြန့်ချေ ။ ဒါဟာ မိုးကုတ်စက်ဝိုင်းကြီးရဲ့ တိမ်းစောင်းမှု အတိုင်းပဲဟု ရောဘတ်လန်ဒန်က ရှင်းပြသည် ။ သူမ၏ခန္ဓာကိုယ်သည် ညာဘက်က ဘယ်ဘက်ထက် ပိုကျယ်ပြန့်သယောင် အမြင်ရှိသည် ။ ထိုအဓိပ္ဗါယ်က ညာဘက်သည် ယောက်ကျား ဘယ်ဘက်သည် မိန်းမဟုယူဆသော်ရ၏ ။ ဆိုဖီက The secred Feminine ဟုရေရွတ်လိုက်သည် ။
ဒီနေ့ အဘိုးသူ့ရုံးကို ဖုန်းဆက်တာ အကြိမ်ရေအများကြီးပဲတဲ့ ။ ကျမထင်တာ ကျမကို ပြန်ဆက်သွယ်ချင်လို့လို့ပဲ ရိုးရိုးပဲထင်နေတာတဲ့ ။ ကြည့်ရတာ ကျမကို မပြောလိုက်ရတဲ့ စကားတွေ ရှင့်ကို ပြောပြချင်တဲ့ပုံပဲတဲ့ ။
ရောဘတ်လန်ဒန်က ကြမ်းပြင်တွင်ရေးထားသော O, Draconian devil .. Oh, lame saint ဤစာလုံးအား အစီအစဉ် အမျိုးမျိုးပြောင်း၍စာရွက်ပေါ်တွင်ချရေးကြည့်ရာ Leonado Da Vinci, Monilisa ဆိုသော စာလုံးဟု အဓိပ္ဗါယ်ကောက်မိသည် ။
လီယိုနာဒိုဒါဗင်ချီရေးဆွဲခဲ့သော ကမ္ဘာကျော် မိုနာလီဇာ ပန်းချီကားသည် သူတို့နှင့် မလှမ်းမကမ်းတွင်ရှိနေသည် ။
_..._
ထိုအချိန်တွင် GPS tracking dot ပါသွားသော မီးသတ်ကားကြီးကို ရဲများသည် ပိုက်စိတ်တိုက်ရှာဖွေနေကြသည် ။ သူတို့သည် အိမ်သာသုံးဆပ်ပြာတုန်းတွင် ဖိကပ်ထားသော အဆိုပါ အရာလေးမှလွဲ၍ ကားပေါ်တွင် မည်သူကိုမျှ မတွေ့ပါ ။
_..._
သေဆုံးသူ၏ သဲလွန်စများသည် နာမည်ကျော်ပန်းချီဆရာကြီး လီယိုနာဒို ဒါဗင်ချီ ၏ ပန်းချီကားများနှင့် အတော်ဆက်စပ်လျက်ရှိသည်ကိုတွေ့ရသည် ။
မိုနာလီဇာ ပန်းချီကားတွင် သူမ၏အပြုံးသည် ညာဘက်နှုတ်ခမ်းသည် ဘယ်ဘက်နှုတ်ခမ်းလောက် မကျယ်ပြန့်ချေ ။ ဒါဟာ မိုးကုတ်စက်ဝိုင်းကြီးရဲ့ တိမ်းစောင်းမှု အတိုင်းပဲဟု ရောဘတ်လန်ဒန်က ရှင်းပြသည် ။ သူမ၏ခန္ဓာကိုယ်သည် ညာဘက်က ဘယ်ဘက်ထက် ပိုကျယ်ပြန့်သယောင် အမြင်ရှိသည် ။ ထိုအဓိပ္ဗါယ်က ညာဘက်သည် ယောက်ကျား ဘယ်ဘက်သည် မိန်းမဟုယူဆသော်ရ၏ ။ ဆိုဖီက The secred Feminine ဟုရေရွတ်လိုက်သည် ။
ရောဘတ်လန်ဒန်က" ဘာ" လို့ပြန်မေးလိုက်တဲ့ အခါမှာ ဆိုဖီက ဆော်ညဲရီးက သူမ ပထမဆုံး ဒီပြတိုက်ကို လာလည်တုန်းက တခါရှင်းပြဘူးကြောင်း ပြောပြ၍ အမှတ်ရသွားသည့်နေရာတခုကို လက်နှိပ်ဓာတ်မီးနှင့် ထိုးလိုက်ရာ မိုနာလီဇာပန်းချီကား၏ အောက်ဘက်တွင် သွေးစများကိုတွေ့ရလေသည် ။ ထိုနေရာမှာ So dark the con of man ဟု မီးစုံးမှင်ဖြင့်ရေးထားသည်ကိုတွေ့ရသည် ။
ရောဘတ်လန်ဒန်က ထိုစကားစုကို စာလုံးအစီစဉ်များပြောင်း၍ ဖတ်ကြည့်သည် ။ Madona of the rocks ဟုအဓိပ္ဗါယ်ထွက်လေသည် ။ ထိုအရာသည် လီယိုနာဒို ရေးဆွဲခဲ့သော နာမည်ကျော်ပန်းချီလက်ရာ နောက်တခုဖြစ်သည် ။
လီယိုနာဒိုဒါဗင်ချီ၏ လက်ရာ Madona of the rocks ပန်းချီကား
|
သူတို့သည် အဆိုပါ ပန်းချီကားဆီရောက်သော်နောက်ထပ်သွေးစများကို တွေ့ရပြန်သည် ။ ပန်းချီကားကို ဆိုဖီက လှန်လိုက်သောအခါ ပန်းချီကားနောက်တွင်ဝှက်ထားသောအရာတခု ပြုတ်ကျလာသည် ။ ထိုအရာကာ သာမာန်သော့ တချောင်းဖြစ်သည် ။ သိုသော် ထိုသော့၏လက်ကိုင်ကို Fleur-de-lis လီလီပန်းပုံသဏ္ဍန်ဖြင့် အလှဆင်ထားသည် ။
ထိုအချိန်တွင် အသံတချို့ကြားလိုက်ရပြီး အစောင့်ရဲပြေးဝင်လာကာ သူတို့အား သေနတ်ဖြင့် ချိန်ထားသည် ။
ထိုအချိန်တွင် အသံတချို့ကြားလိုက်ရပြီး အစောင့်ရဲပြေးဝင်လာကာ သူတို့အား သေနတ်ဖြင့် ချိန်ထားသည် ။
သူတို့နှစ်ယောက်သည် ပန်းချီကားကြီးကို ကြမ်းပြင်တွင် ထောင်ထားပြီး အစောင့်ရဲကို သေနတ်ချပေး မပေးပါက လက်ထဲကသော့ဖြင့် ရှေးဟောင်းပန်းချီကားကြီးအား ခြစ်ပစ်မည်ဟု ခြိမ်းခြောက်လိုက်သည် ။
ရဲလဲ ဘာမှမတတ်နိုင်ပဲ လက်နက်ကို ချလိုက်ရာ သူတို့နှစ်ယောက်က ပန်းချီကားကြီးကို ကိုင်ထားသော လက်များကို လွှတ်ချလိုက်ရာ ရဲက အလျင်အမြန်ပြေးဖမ်းလိုက်ရသည် ။ သူတို့နှစ်ယောက် သေနတ်ကို ကောက်ယူပြီး ထွက်ပြေးရာ ဗိုလ်ကြီး ဘီဇူးတို့ ကားများ ပြန်လာကြသည်ကို တွေ့လိုက်ရသည် ။ သူတို့က ကားတစီးပေါ်တွင် ရောက်ရှိနေကြပြီး လွတ်မြောက်လာကြသည် ။
ကားမောင်းနေသော ဆိုဖီက အဘိုးက တခါတုန်းက အလွန်လျှို့ဝှက်သော အရာတခု သူမကို ပေးမည်ဟာပြောခဲ့ဘူးသည်ကို သတိရသည် ။ ရောဘတ်လန်ဒန်က " မင်း ငယ်ငယ်တုန်းက အဘိုးဆီက ဒီလို ထူးဆန်းတဲ့ စကားတွေ မကြားဘူးဘူးလား ။ so dark of the con man လိုမျိုး" လို့မေးတော့ ဆိုဖီက မကြားဘူးဘူးလို့ဖြေသည် ။
ဒါမှ မဟုတ် အဘိုးဟာ ငယ်စဉ်တုန်းက ထူးဆန်းတဲ့ ဝတ်ရုံလိုမျိုးဝတ်ဘူးတာ မြင်ဘူးလား ဒါမှ မဟုတ် ထူးဆန်းတဲ့လျှို့ဝှက် အဖွဲ့တွေဆီသွားတာတွေ့ဘူးလားလို့ မေးသည် ။ သူမ မျက်လုံးထဲမှာ အဘိုးသွားခဲ့သော နေရာတခုက လူများကိုမြင်ယောင်လာသည် . သူတို့သည် ထိပ်ချွန်ဝတ်ရုံရှည်ကြီးများ နှင့် သတ္တုမျက်နှာဖုံးများ ဝတ်ဆင်ထားကြသည်ကို မှတ်မိလာသည် ။
ရောဘတ်လန်ဒန်က ဒါမှ မဟုတ် မင်းအဘိုးနဲ့ အပေါင်းအပါတွေ Priory of Sion လိုထူးဆန်းတဲ့ စကားတွေ ပြောတာ ကြားဘူးလားဟု မေးလိုက်သည် ။

Priory of Sion ဆိုတာ ၁၀၉ ၉ ခုနှစ်က ဂျေရုစလင်အင်ပါယာလက်ထက်ဇိုင်ယွန်တောင်မှာ စတင်ဖွဲ့စည်းခဲ့သော အဖွဲ့အစည်း တရပ်ဖြစ်သည် ။ သူတို့ကိုယ်သူတို့ secret society လို့လဲ ခေါ်ကြသည် ။ Abbey of Our Lady of Mount Zion မောင့်ဇိုင်ယွန်တောင်တော် ဘုရားကျောင်းတော်မြတ်၏ မိခင်၏ နှုတ်ခပတ်တော်စစ်အားဖြင့် ဖွဲစည်းထားသော အဖွဲ့အစည်းဖြစ်သည် ။
ခရစ်တော်၏ လျှို့ဝှက်ချက်တခုအား သိမ်းဆည်းထားသော အဖွဲ့အစည်းဖြစ်သည် ။
ခရစ်တော်၏ လျှို့ဝှက်ချက်တခုအား သိမ်းဆည်းထားသော အဖွဲ့အစည်းဖြစ်သည် ။
ပန်းချီဆရာကြီးလီယိုနာဒို ဒါဗင်ချီကိုယ်တိုင် secret society အဖွဲ့ဝင်တယောက်ဖြစ်သည် ။ သူတို့ကိုယ်သူတို့ လျှို့ဝှက်ချက်ကို စောင့်ထိန်းသော အစောင့်အကြပ်ဂါးဒီယန်းများအဖြစ် dark con man ဟုခေါ်ဝေါ်ကြသည် ဟု ရောဘတ်လန်ဒန်က ရှင်းပြသည် ။
ဘာလျှို့ဝှက်ချက်လဲ ဟုဆိုဖီကမေးလိုက်ရာ priory of Sion , protecting , the source of gaurd , Power and Honors ဟုဖြေသည် ။
ရောဘတ်လန်ဒန်က ဆိုဖီ၏အဘိုးသည် Priory of Sion အဖွဲ့ဝင်တယောက်မှန်းရိပ်မိလိုက်သည် ။ ထို့ပြင်ထိုအရာများ အားလုံးသည် Holy Grail ဟုခေါ်ဆိုသည့် ခရစ်တော်၏နောက်ဆုံးညစာစားပွဲ ပန်းချီကားတွင်ပါဝင်သော ခရစ်တော်သုံးခဲ့သည့် ဝိုင်ခွက် အမှတ်အသားနှင့် ပတ်သတ်မှုတွေ ရှိနေမှန်း ရိပ်မိခဲ့သည် ။

ဆိုဖီက ကားကိုမောင်းရင်းနှင့် အမေရိကန်သံရုံးနားရောက်လာရာ ရဲတွေအများကြီးရောက်နေသည်ကိုတွေ့သောကြောင့် ဆိုဖီက အဖမ်းမခံပဲ ကားကို မောင်းပြေးလေတော့သည် ။ အခြေနေတွေ အရမ်းရှူပ်ထွေးနေသောကြောင့် ကျမတို့ ကိုယ်ယောက်ဖျောက်နေတာ အသင့်တော်ဆုံးပဲလို့ ဆိုဖီက ပြောသည် ။
_..._
ထိုအချိန်မှာ စီးလာ့စ်တယောက် နာကျင်မှုများဖြင့် အမှုတော်ထမ်းရန် ကားမောင်းလာရင်း ငယ်စဉ်ဘဝ ကို ပြန်လည်အမှတ်ရလာသည် ။မိခင်အား နှိပ်စက်သော ပထွေးအား သတ်မှုဖြင့် ဆယ်ကျော်သက်အရွယ်မှာပင်ထောင်ကျခဲ့သည် ။ ထောင်ထဲမှာ ဖတ်ရသော ဘာသာရေးစာအုပ်များကြောင့် သူသည် ခရစ်တော်အား ယုံကြည်မှုကို ရခဲ့သည် ။
တနေ့ထောင်အနီးမှာ ပြင်းထန်သော ငလျင်လှုပ်ခတ်မှုကြောင့်ထောင်ပြိုသော် အသက်သေသူ အများကြီးထဲမှာ ရှင်ခဲ့ရသောကြောင့် ခရစ်တော်အားပို၍ပင် အားကိုယ်းယုံကြည်လာခဲ့သည် ။ တမြို့လုံးအပျက်အစီးများကြားတွင် မေ့လဲနေတုန်း ဘိရှော့သာသနာပိုင် အာရင်ဂါ ရိုစာက ကယ်တင်ကောက်ယူကာ သာသနာဘောင်သို့ သွတ်သွင်းပေးခဲ့သည် ။ အကြွေးများဖြင့် ဝိုင်းနေသာ ဘိရှော့အားလာရောက် နှိပ်စက်သူများကို သူလက်ဖြင့် သတ်ခဲ့သည်အထိ ဘိရှော့ပေါ်မှာ ကျေးဇူးဆပ်ခဲ့သည် ။
ထိုကျေးဇူးတရားကြောင့်ဘိရှော့ကပေးသော teacher ဆိုသူဆရာ၏အမိန့်ကို တာဝန်ကျေရန် စိန့်ဆာလ်ပေ့စ်ဘုရားကျောင်းရှိ တပါးတည်းသီတင်းသုံးနေသော သီလရှင်ကြီး ဆီကို လာရောက်ခဲ့ပြီဖြစ်သည် ။
ရေးသူ
အပိုင်း (၁) (၂) (၃) (၄) အားလုံးပြီးပါပြီ ။
တီတီ မကြည့်ဖူးသေးဘူး စိတ်ဝင်စားစရာပဲ :)
ReplyDeleteကောင်းတယ် ချင်းရေ တီတီတော့ အရမ်းကြီးတဲ့ ဇာတ်အိမ်ကို ရေးမိပြန်ပြီ ပင်ပန်းလိုက်တာ :(
ReplyDeleteကြည့်ဦးမယ် အမရေ .... စိတ်ဝင်စားသွားပြီ။ Angels and Demons တော့ ကြိုက်တယ်။ ဒန်ဘရောင်း ရဲ့ ရောဘတ်လန်ဒန် တွေလည်း ဖတ်ချင်တယ်။
ReplyDeleteညီမလေးရေ တကယ်လွမ်းတယ် ဒီမှာ စာကြည့်တိုက်မှာ အဲတာတွေ တွေ့တယ် နင်သာပါလို့ကတော့ တို့တွေ အဲဒီမှာ မထတန်း ထိုင်ဖတ်ကြမယ်
ReplyDeleteဗွီဒိုကြည့်ဖို့ လင့်ခ်ပေးတာ ကျေးဂျူးကမ္ဘာဆိုင်ရော ...... ။
Deleteကြည့်လို့ရတယ်လား...^o^
Deleteကောင်းတယ်.. ဘာသာပြန်ထားတာ သိပ်ကောင်းတယ်... ဖြည်းဖြည်းချင်းသာ ရေးပါခင်ဗျာ။ စောင့်စောင့်ပြီး လာဖတ်ပါ့မယ်
ReplyDeleteကျေးဇူးတင်ပါတယ် :)
Deleteဘာသာပြန်ပြီးသားလေးအဆင်သင့်ဖတ်ရတာအရသာရှိလိုက်တာ.... ကျေးဇူးသူငယ်ချင်း <3
ReplyDeleteအားပေးတဲ့သူ ရှိလို့ကြိုးစားမယ်နော်... ကျေးဇူး ဖော
Deleteတီတီ ရုပ်ရှင်မကြည့်ဖူးသေးပေမဲ့ ဖတ်ရတာ မြင်ယောင်လာတယ် :)
ReplyDeleteချင်းရေ အားပေးတာ ကျေးဇူးနော်
Deleteအကုန် ဖတ်ပြီးသွားပြီး သိပ်ကောင်းတယ်။ ဒန်ဘရောင်းကို ကိုယ်တိုင် မဖတ်နိုင်လို့ ဘာသာပြန်ပေးတာ ကျေးဇူးသိပ်တင်တာပဲ။
ReplyDeleteကြိုးစားရကျိုးနပ်သွားပြီ ခုလိုအားပေးတာလဲ ကျေးဇူးအများကြီးတင်ပါတယ်
Delete